အစားမှားတာ၊ အစာအဆိပ်သင့် တာတွေကြောင့် ဝမ်းလျှောတာကို လူ တိုင်းကြုံတွေ့ဖူးမှာပါ။ ဝမ်းလျှောနေတဲ့ အခါ စားလိုက်တဲ့ အစားအစာတွေက ဝမ်းလျှောတာကို သက်သာစေတာ ရှိ သလို ပိုဆိုးသွားစေတာလည်း ရှိပါ တယ်။ ဒါကြောင့် ဝမ်းလျှောနေတာ မြန်မြန်သက်သာပြီး ပိုမဆိုးသွားစေဖို့ အစားအစာ အရွေးမမှားရအောင် ရေး ပေးလိုက်ပါတယ်။
ဘာတွေရှောင်ရမလဲ…
ဝမ်းလျှောနေစဉ်ရှောင်ရမယ့် အ စားအစာတွေကတော့ –
_ အဆီပါဝင်မှုများတဲ့ ဆီကြော်စာ တွေ
_ နို့နဲ့နို့ထွက်ပစ္စည်း (နွားနို့၊ ထော ပတ်၊ ချိစ်၊ ရေခဲမုန့်)
_ အရက်သေစာ
_ ဆိုဒါပါတဲ့အချိုရည်တွေ
_ အချိုလွန်ကဲတဲ့ စားစရာတွေ
_ အူလမ်းကြောင်းအတွင်း ဂက်စ်အ ထွက်များစေမယ့် အသီးအနှံနဲ့ဟင်း သီးဟင်းရွက်တွေ
_ အသားစိမ်း၊ ငါးစိမ်းတွေ
_ ရေခဲသေတ္တာထဲမှာ သိမ်းထားတာ ကြာတဲ့စားစရာတွေ
_ သန့်ရှင်းမှု ရှိ၊ မရှိ မသေချာတဲ့ စား စရာတွေကို ရှောင်ပါ။
ဘာတွေစားရမလဲ…
ဝမ်းလျှောနေစဉ်စားပေးသင့်တဲ့ အ စားအစာတွေကတော့ –
_ အာလူးပြုတ်
_ ပေါင်မုန့်မီးကင်
_ အချိုမပါတဲ့ခရက်ခ်ကာမုန့်
_ အဆီနဲ့အရေခွံမပါတဲ့ ကြက်သား ပေါင်း
နောက်ပြီး ဝမ်းလျှောနေစဉ် ပရို ဘိုင်အိုတစ်ပါဝင်တဲ့ စားစရာတွေ စား ပေးတာကလည်း ဝမ်းလျှောတဲ့ ဝေဒနာ သက်သာ အောင် ကူညီပေးနိုင်တယ်လို့ သုတေသီတွေက လေ့လာတွေ့ရှိထားပါ တယ်။ ဒီအတွက် ပရိုဘိုင်အိုတစ်ပါဝင်တဲ့ စားစရာတွေဖြစ်တဲ့ သန့်ရှင်းလတ်ဆတ် တဲ့ ဒိန်ချဉ်နဲ့ ကင်မ်ချီတွေကိုလည်း စား ပေးနိုင်ပါတယ်။ ဓာတ်ဆားရည်ကိုလည်း ဝမ်းသွားတာများတိုင်း ကုန်ဆုံးသွားတဲ့ ရေဓာတ်ကို ပြန်ဖြည့်ပေးဖို့ သောက်ပေး ပါ။
ထူးဒါလီကိုကို (MPharm)