ဝိတ်တက်စေနိုင်သောနံနက်စာ စားနည်း အမှားများ

မနက်စာဟာ တစ်နေ့တာလုံးအ တွက် အရေးကြီးဆုံးအစားအစာဖြစ်တယ် လို့ လူအများသိကြပါတယ်။ မနက်စာကို ရှင်ဘုရင်လိုစား၊ နေ့လယ်စာကို မင်းသား လို စား၊ ညစာကို သူတောင်းစားလို စား ဆိုတဲ့ ဆိုရိုးစကားတောင် ရှိပါသေးတယ်။ ဒါပေမဲ့လည်း လူအများစုက တစ်နေ့တာ လုံးအတွက် အရေးကြီးဆုံးအစားအစာ ကို ဖြစ်သလို စားလေ့ရှိကြပါတယ်။ များ သောအားဖြင့် ကော်ဖီတစ်ခွက်၊ ပေါင်မုန့် တစ်ချပ်လောက်နဲ့တင် ပြီးသွားတတ်ကြ ပါတယ်။ မနက်စာ စားနည်းအမှားကြောင့် သင့်ကို ဝိတ်တက်စေနိုင်တယ်ဆိုတာ ကော သင်သိပါရဲ့လား။ အောက်ပါတို့လို မနက်စာစားနည်းအမှားတွေကြောင့် ဝိတ်တက်လာနိုင်ပါတယ်။

၁။ ဖျော်ရည်တစ်မျိုးတည်းသောက် သုံးခြင်း
သင့်အနေနဲ့ မနက်စာကို ဖျော်ရည် တစ်မျိုးတည်းသာ သောက်သုံးမယ်ဆိုရင် သင့်မနက်ခင်းအတွက် အလွန်အရေးကြီး တဲ့အမျှင်ဓာတ်တွေကို ရရှိမှာ မဟုတ် တော့ပါဘူး။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် တွေကို ဖျော်ရည်အဖြစ် ပြုလုပ်လိုက်တဲ့ အခါမှာ သူတို့မှာ ပါဝင်တဲ့ အမျှင်ဓာတ် တွေက ဆုံးရှုံးသွားတတ်ပါတယ်။ အမျှင် ဓာတ်ဟာ ဗိုက်ပြည့်တင်းမှုကို အချိန်အ ကြာကြီးရရှိစေနိုင်တဲ့အတွက် သူ့ကို စား သုံးခဲ့ရင် သရေစာစားချင်စိတ်တွေ လျော့ နည်းသွားနိုင်ပါတယ်။ ဒါကြောင့် သစ်သီး ဖျော်ရည်သောက်မယ့်အစား သစ်သီးကို သာ စားပေးပါ။

၂။ ပရိုတင်းမစားဘဲ ကာဗိုဟိုက်ဒ ရိတ်ကိုသာ စားသုံးခြင်း
မနက်စာကိုပရိုတင်းပါဝင်တဲ့ ကြက် ဥမစားဘဲ ထမင်းကြော်၊ ပေါင်မုန့်လိုမျိုး ကာဗိုဟိုက်ဒရိတ်တွေသာ စားသုံးမယ် ဆိုရင် ဝိတ်တက်လာမှာ မလွဲပါဘူး။ ပရို တင်းပေါကြွယ်ဝတဲ့ မနက်စာကို စားသုံး ပါမှအချိန်အကြာကြီး ဗိုက်ပြည့်တင်းမှု ရရှိပြီး အစာလွန်ကြူးမှုမဖြစ်အောင် ကာ ကွယ်နိုင်ပါတယ်။

၃။ ကာဗိုဟိုက်ဒရိတ်ရွေးချယ်မှု မှား ယွင်းခြင်း
သင့်အနေနဲ့ ကိတ်မုန့်အမျိုးအစား ကို ကြိုက်နှစ်သက်သူဖြစ်ရင် ဝိတ်တက် လာမှာ မလွဲပါဘူး။ ဒီအစားအစာတွေမှာ အမျှင်ဓာတ်ပါဝင်မှုနည်းပါးပြီး ကာဗို ဟိုက်ဒရိတ်တွေ များစွာ ပါဝင်ပါတယ်။

၎။ နံနက်စာကိုနောက်ကျမှစားခြင်း
သင်စားတဲ့အစားအစာအပြင် အဲဒီ အစားအစာကို စားသုံးတဲ့အချိန်က လည်း အရေးကြီးပါတယ်။ သင် အိပ်ရာ က နိုးနိုးချင်း နှစ်နာရီအတွင်းမှာ မနက် စာကို စားသုံးသင့်ပါတယ်။ ဒါမှ သင်ရဲ့ ဇီဝရုပ်ဖြစ်စဉ်တွေ ကောင်းမွန်လာနိုင်မှာ ပါ။ မနက်စာ စားချိန်ကို နောက်ကျမှ စား သုံးတာက အစာလွန်ကြူးမှုကို ဖြစ်စေနိုင် ပါတယ်။

၅။ သကြားပါဝင်မှုများသော အစား အစာ စားသုံးခြင်း
ကွေကာတစ်ခွက်သောက်တာက အာဟာရပြည့်ပြည့်၀၀ ရရှိနိုင်တယ်လို့ ထင်ရပါတယ်။ ဒါပေမဲ့ အဲဒီကွေကာမှာ သကြားပါဝင်မှုများတဲ့အတွက် ဝိတ်တက် လာနိုင်ပါတယ်။ ကော်ဖီကိုလည်း မလိုင် အပြည့်နဲ့ သောက်ခဲ့မယ်ဆိုရင် သင်ဝိတ် တက်မှာ မလွဲပါဘူး။

၆။ နံနက်စာမစားဘဲနေခြင်း
တစ်ခါတလေမှာ ခရီးထွက်တဲ့အခါ ပိုက်ဆံချွေတာတဲ့အနေနဲ့ မနက်စာနဲ့ နေ့လယ်စာပေါင်းစားပြီး ဟိုတယ်မှာ brunch အဖြစ် အဝအပြဲစားသုံးတတ် ကြပါတယ်။ ဒါက အလွန်မှားယွင်းပါ တယ်။ သင်ရဲ့ ဇီဝရုပ်ဖြစ်စဉ်တွေ က မောက်ကမဖြစ်ကုန်ပြီး အလွန်အမင်း ဝိတ်တက်လာနိုင်ပါတယ်။

၇။ နံနက်စာကို ကော်ဖီတစ်ခွက်ဖြင့် သာပြီးဆုံးခြင်း
မနက်စာကို ဘာမှ မစားဘဲ ကော် ဖီတစ်ခွက်တည်း သောက်တာကလည်း မှားယွင်းတဲ့အပြုအမူပါ။ မိနစ်အနည်း ငယ်လောက် ဗိုက်ပြည့်သွားပေမယ့် မကြာခင်မှာပဲ ဗိုက်ပြန်ဆာလာပြီး အစာ လွန်ကြူးမှုဖြစ်လာနိုင်ပါတယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *