ဝိတ်လျှော့ပြီး လျော့ရဲကျန်ခဲ့သော အရေပြားကို ဘယ်လိုပြုပြင်မလဲ

ဝိတ်ချတဲ့အခါ လိုချင်တဲ့ပန်းတိုင်ကို ရောက်သွားပေမယ့် လျော့ရဲပြီး ကျန်ခဲ့တဲ့ အရေပြားကြောင့် ကြည့်ရဆိုးနေတတ်ပါ တယ်။ ရုတ်တရက် ကိုယ်အလေးချိန် သိသိသာသာကျသွားတဲ့အခါမျိုးတွေမှာ အရေပြားလျော့ရဲပြီး ကျန်ခဲ့တာက ပြဿ နာတစ်ရပ်ပါ။ အစာကို အရမ်းလျှော့ချပြီး ဝိတ်ချတာမျိုး၊ တချို့လည်း ဘာကြောင့် မှန်းမသိဘဲ ကိုယ်အလေးချိန် ရုတ်တရက် ကျသွားတဲ့အခါတွေမှာ အရေပြားတွဲကျ နေတာမျိုး ဖြစ်တတ်ပါတယ်။ အရေပြား တွဲကျနေတာမျိုးကို ဘယ်လိုမှ မနှစ်သက် ကြပါဘူး။

ပရိုတင်းများများစားပါ
ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရို တင်းဓာတ်ကို လုံလောက်စွာ စားသုံးတာ ကြောင့် အရေပြားကျန်းမာပြီး တောက်ပ နေစေပါတယ်။ ဒါ့အပြင် အရေပြားရဲ့ ကျုံ့နိုင်စွမ်းအားကိုလည်း ကောင်းမွန်စေ လို့ အရေပြားတွဲကျတာ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ငါးအမျိုးမျိုး၊ အစေ့အဆန်၊ တိုဟူးနဲ့ ချိစ်တွေကနေ ပရိုတင်းဓာတ်ကို ရယူနိုင်ပါတယ်။

အရေပြားကို ဂရုစိုက်ပါ
အရေပြားကို ဂရုတစိုက်ထိန်းသိမ်း တာကြောင့် ကျုံ့နိုင်ဆန့်နိုင်အားကောင်း မွန်ပြီး အရေပြားတွဲကျတာမဖြစ်အောင် ကာကွယ်ပြီးသားဖြစ်စေပါတယ်။ ဗီတာ မင် စီ၊ ဗီတာမင် အီးနဲ့ hyaluronic acid ပါဝင်တဲ့ အရေပြားထိန်းသိမ်းတဲ့ ခရင်မ် တွေကို နေ့၊ ည လိမ်းပေးပါ။

ရေလုံလောက်စွာ သောက်ပါ
ရေဓာတ်လုံလောက်ပါက အရေ ပြားကျန်းမာမှာ ဖြစ်ပါတယ်။ တစ်နေ့ကို ရေ နှစ်လီတာသောက်ပြီး ခန္ဓာကိုယ်မှာ ရောတ်မခန်းခြောက်အောင် ထိန်းသိမ်း ပါ။ ရေဓာတ်ပြည့်ဝနေမှသာ အရေပြားရဲ့ ကျုံ့နိုင်စွမ်းအား ကောင်းမွန်တာကြောင့် အရေပြားလျော့တွဲကျတာ မဖြစ်မှာပါ။

အစားအသောက်ကို ဂရုစိုက်ပါ
ပါးစပ်က စားလိုက်တဲ့ အစားအ သောက်က ခန္ဓာကိုယ်တစ်ခုလုံးနဲ့ သက် ဆိုင်ပြီး အရေပြားကျန်းမာရေးအတွက် လည်း အကျုံးဝင်ပါတယ်။ လတ်ဆတ်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ စားသုံး တာကြောင့် အရေပြားကြည်လင်တောက် ပစေပြီး လျော့ရဲတွဲကျတာ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

လူနေမှုပုံစံ ပြောင်းလဲပါ
အထိုင်များတဲ့ လူနေမှုပုံစံကို ပြောင်းလဲလိုက်ပါ။ တစ်နေ့တစ်နေ့ စား လိုက်၊ ထိုင်လိုက်၊ အိပ်လိုက်လုပ်နေရင် သင့်အသားအရေတွေ လျော့ရိလျော့ရဲ ဖြစ်လာဖို့ ရာခိုင်နှုန်း အတော်များနေပါပြီ။ သွက်လက်တဲ့ လှုပ်ရှားမှုရှိနေမယ်ဆိုရင် တစ်ကိုယ်လုံး ကျန်းမာတဲ့အပြင် တင်း ရင်းလှပတဲ့အသားအရေကိုလည်း ထိန်း ထားနိုင်မှာ ဖြစ်ပါတယ်။

မမှန်ကန်တဲ့နည်းလမ်းတွေကို ရှောင်ပါ
ကိုယ်အလေးချိန် ကျလိုတယ်ဆိုရင် အလွယ်နည်းလမ်းတွေ မလိုက်ပါနဲ့။ အ စာကို တရားလွန် လျှော့ချလိုက်တာ၊ ဝိတ်ကျစေတဲ့ဆိုတဲ့ ဘာဆေး၊ ညာဆေး သောက်တာ၊ ဘာလက်ဖက်ခြောက်၊ ဘာ ကော်ဖီ စတဲ့ ကြော်ငြာကောင်းကောင်းနဲ့ ကြော်ငြာတာတွေကိုလည်း နားမယောင် ပါနဲ့။ ဝိတ်ကျစေတယ်ဆိုပြီး နောက်မှ ဘေးထွက်ဆိုးကျိုးတွေကို တန်းစီခံစား နေရတာမျိုး မဖြစ်အောင် မမှန်ကန်တဲ့ ဝိတ်ချနည်းတွေကို ရှောင်ပါ။

စနစ်တကျ လေ့ကျင့်ပါ
ဝိတ်ချဖို့ Gym မှာ တတ်ကျွမ်းသူနဲ့ သေချာစွာ စနစ်တကျ လေ့ကျင့်သင့်ပါ တယ်။ မှန်ကန်တဲ့နည်းလမ်းနဲ့ ပုံမှန်လေ့ ကျင့်မှုတွေ ပြုလုပ်ပါက လိုချင်တဲ့ ရည် မှန်းချက်တဲ့ပန်းတိုင်ကို မလွဲမသွေ ရောက်ရှိမှာ ဖြစ်ပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *