သက်ရှည်ကျန်းမာစေဖို့ ဟင်းချက်ရာမှာ ဘာတွေထည့်ချက်သင့်သလဲ

နေ့စဉ် ဟင်းလျာချက်ပြုတ်ရာမှာ အောက်ပါ မီးဖိုချောင်သုံးဟင်း ခတ်တွေကို ပါဝင်အောင် ချက်ပြုတ်စားသောက်ပါက အသက်ရှည် ကျန်းမာစေတယ်လို့ သုတေသနတွေအရ သိရပါတယ်။

Jar of honey with wooden drizzler

ပျားရည်

ပျားရည်က အချိုများတာကြောင့် ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ ထင်မြင် နေပါသလား။ ပျားရည်မှာ ဗီတာမင်၊ သတ္တုဓာတ်၊ အင်တီအောက်ဆီးဒင့်တွေ များစွာပါဝင်တာကြောင့် ဓာတ်တိုး ပစ္စည်းတွေ ခန္ဓာကိုယ်တွင်း ဆဲလ်တွေ ကို မဖျက်ဆီးအောင် တားဆီးပေးလို့ ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေကို လျော့ နည်းစေပါတယ်။ ဒါဟာ သင့်ကိုသက် ရှည်ကျန်းမာစေဖို့ အထောက်အကူ ပြုပါတယ်။

သစ်ကြံပိုးခေါက်

ဟင်းခတ်အမွှေးအကြိုင်အဖြစ် ဟင်းလျာတွေထဲ မှာ ထည့်ချက်စားတာက သက်ရှည်ကျန်းမာစေပါတယ်။ အဝလွန်တာ၊ အဆစ်အမျက်တွေ ရောင်ရမ်းနာ ကျင်တာ၊ ဆီးချိုသွေးချိုရောဂါ၊ ကင်ဆာ၊ နှလုံးရောဂါ စတာတွေနဲ့ ဆက်နွှယ်တဲ့ ရောင်ရမ်းမှုတွေကို သစ်ကြံ ပိုးခေါက်မှုန့် စားသုံးတာက လျော့နည်းစေပါတယ်။ ဒါ့ အပြင် သွေးတွင်းသကြားဓာတ် မတက်အောင် ကာကွယ် ပေးပြီး ပုံမှန်ဖြစ်အောင်လည်း ထိန်းပေးနိုင်ပါတယ်။

ကြက်သွန်ဖြူ

အိမ်တိုင်းရဲ့ မီးဖိုချောင်မှာရှိပြီး ဟင်း လျာတွေ ချက်ပြုတ်ရာမှာ မရှိမဖြစ် အသုံးပြု တတ်ကြပါတယ်။ သွေးဖိအားကို လျော့နည်း စေပြီး သွေးကြောအတွင်း သွေးခဲဖတ်မဖြစ် အောင် ကာကွယ်နိုင်ပါတယ်။ ပိုးသတ်အာနိသင် ရှိပြီး ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှိုပိုးနဲ့ ကင်ဆာဆဲလ်တွေကို သေစေနိုင်ပါတယ်။

အညိုရောင် ချောကလက်

အညိုရောင် ချောကလက်မှာ အင်တီအောက်ဆီးဒင့်တွေ များ စွာပါဝင်လို့ နှလုံးရောဂါဖြစ်ပွား နိုင်ခြေကို လျော့နည်း စေပါတယ်။ စိတ်ဖိစီးမှုကို လျော့နည်းစေပြီး စိတ်ခံစားမှုကောင်းတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါပေမဲ့ သင်စားသုံးတဲ့ ချောက လက်ကနို့၊ မလိုင်တွေများတဲ့ ချောကလက်မျိုး မဟုတ်ဘဲ ကိုကိုး အနည်းဆုံး ၇၀ ရာခိုင်နှုန်းပါဝင်တဲ့ ချောကလက်မျိုး ဖြစ်ဖို့တော့ လိုပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal