သက်ကြီးဘိုးဘွားများ ကျန်းမာသန်စွမ်းစေရန်

သက်ကြီးဘိုးဘွားတွေကို ပြုစုစောင့် ရှောက်ရာမှာ ပိုမိုအလေးထားရမယ့် အချက်တွေ ရှိပါတယ်။ သက်ကြီးဘိုးဘွား တွေအတွက် အာဟာရပြည့်ဝစွာ ရရှိစေ ဖို့၊ ရောဂါတွေ ကာကွယ်ဖို့၊ ထိခိုက်ဒဏ်ရာ အနာတရတွေ မဖြစ်ပွားနိုင်စေဖို့ ဘာတွေ လုပ်ဆောင်ပေးသင့်တယ်၊ ဘယ်လိုကာ ကွယ်စောင့်ရှောက်မှုတွေ လုပ်ပေးနိုင်မလဲ ဆိုတာတွေ အရေးကြီးပါတယ်။

သက်ကြီးဘိုးဘွားနှင့် အာဟာရ
သက်ကြီးဘိုးဘွားတွေအနေနဲ့ သစ် သီး၊ သစ်ဥ၊ ပဲအမျိုးမျိုး နို့နဲ့ နို့ထွက်ပစ္စည်း နဲ့ လတ်လတ်ဆတ်ဆတ် အသားငါးတွေ ကို စားသုံးသင့်ပါတယ်။ ဝမ်းမချုပ်စေဖို့ အတွက်လည်း ဟင်းသီးဟင်းရွက်တွေ များများ စားသင့်သလို တစ်နေ့ကို အနည်း ဆုံး ရေ ခြောက်ခွက်ကနေ ရှစ်ခွက် (၁၀၀၀ စီစီကနေ ၂၀၀၀ စီစီ) ၂ လီတာ လောက် သောက်သုံးသင့်ပါတယ်။ သက် ကြီးဘိုးဘွားတွေမှာ သွားမကောင်းတဲ့ ပြဿနာရှိတာကြောင့် အစားအသောက် ပြင်ဆင်ချက်ပြုတ်တဲ့အခါ ဝါးရလွယ်ကူ စေဖို့ သေးနိုင်သမျှ အသေးဆုံးလှီးဖြတ် ပြီး နူးညံ့ပျော့ပျောင်းအောင် ပြင်ဆင်ပေး ဖို့ လိုအပ်ပါတယ်။ အစာ စားရင် မိသားစု ဝင်တစ်ယောက်နဲ့အတူ အဖော်ပြုစား သင့်ပါတယ်။

ကိုယ်ကာယလှုပ်ရှားမှုနှင့် သက်ကြီးဘိုး ဘွားများ ကျန်းမာရေး
သက်ကြီးဘိုးဘွားတွေအနေနဲ့ တစ် ပတ်ကို သုံးရက်ကနေ ငါးရက်အထိ တစ် ကြိမ်ကို မိနစ် ၃၀ ကနေ မိနစ် ၆၀ ကြာ အောင် သင့်တော်တဲ့ ကိုယ်ကာယလှုပ် ရှားမှု ပြုလုပ်သင့်ပါတယ်။ အားကစားနဲ့ ကာယပညာဦးစီးဌာနက ရေဒီယို၊ ရုပ်မြင် သံကြားတို့ကနေ ထုတ်လွှင့်နေတဲ့ လေ့ ကျင့်ခန်းတွေ လုပ်ပေးတာ၊ လမ်းမှန်မှန် လျှောက်တာ၊ အသက်ရှူလေ့ကျင့်ခန်းပြု လုပ်ပေးတာ၊ ကြွက်သားတွေ၊ အရိုးအ ဆစ်တွေကို နှိပ်နယ်ပေးတာ စတာတွေကို ပြုလုပ်သင့်ပါတယ်။

ဆေးလိပ်နှင့် သက်ကြီးဘိုးဘွားများ ကျန်းမာရေး
ဆေးလိပ်သောက်တာကြောင့် နာ တာရှည် ချောင်းဆိုးရောဂါတွေအပြင် ကင်ဆာရောဂါတွေ၊ နှလုံးသွေးကြော ကျဉ်းရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ် တာနဲ့ အရိုးပွရောဂါတွေ ပိုမိုဖြစ်ပွားနိုင်ပါ တယ်။
ဆေးလိပ်ဖြတ်သည့် နည်းလမ်းများ
– မီးခြစ်၊ ဆေးလိပ်ခွက်၊ ဆေးလိပ် စတာတွေကို မြင်သာတဲ့နေရာမှာ မထားရပါ။
– အဘိုးအဘွားတွေရှေ့မှာ ဆေးလိပ် သောက်တာကို ရှောင်ကြဉ်ပါ။
– အဘိုးအဘွားတွေ ဆေးလိပ်ဖြတ်တာ ကို မိသားစုကနေ ဝိုင်းဝန်းအားပေးဖို့ လိုပါတယ်။
– ဆေးလိပ်သောက်ချင်စိတ်ပေါ်လာ ပါက စိတ်ပြေလက်ပျောက်တစ်ခုခု ထလုပ်ပါ။ အာရုံပြောင်းပစ်လိုက်ပါ။
– ကိုယ်လက်လေ့ကျင့်ခန်း ပိုမိုလုပ် ဆောင်ဖို့ လိုပါတယ်။

အရက်နှင့် သက်ကြီးရွယ်အို ကျန်းမာရေး
သက်ကြီးဘိုးဘွားတွေ အရက် သောက်ပါက နှလုံးရောဂါ၊ အသည်း ခြောက်ရောဂါ၊ အစာအိမ် အနာရောဂါ တွေဖြစ်တာ၊ ခြေလက်တွေ ထုံကျဉ်ကိုက် ခဲတာ၊ ပိုမိုပြီး သတိမေ့လျော့လာတာ၊ မ ကြာခဏ လိမ့်ကျတာ၊ ချော်လဲတာ၊ မ တော်တဆ ထိခိုက်ဒဏ်ရာရတာတို့ ပိုမို ဖြစ်ပွားတတ်ပြီး အရက်သမား သက်ကြီး ဘိုးဘွားတို့ကို ပတ်ဝန်းကျင်ကနေ ရှောင် ကြဉ်လာပါလိမ့်မယ်။
အရက်ဖြတ်ရန် လိုအပ်ချက်များ
– မိသားစု၊ ဆွေမျိုးမိတ်ဆွေတွေက နေ ထောက်ခံအားပေးရပါမယ်။
– အရက်ရဲ့ဆိုးကျိုးတွေ ဆွေးနွေးပညာ ပေးပြီး အကျိုးအပြစ်တွေ ဆန်းစစ်ရ ပါမယ်။
– တတ်ကျွမ်းသူနဲ့ တိုင်ပင်ဆွေးနွေး ပြီး ဆေးရုံတက် အရက်ဖြတ်ပါက ပိုမို ကောင်းမွန်ပါတယ်။

သက်ကြီးဘိုးဘွားနှင့် ထိခိုက်ဒဏ်ရာ
သက်ကြီးဘိုးဘွားတွေအနေနဲ့ မျက် စိမှုန်တာ၊ နားလေးတာတွေကြောင့် ကြွက် သားအားလျော့နည်းတာနဲ့ အရိုးအဆစ် တွေ ခိုင်မာမှုကျဆင်းလာတာကြောင့် ခန္ဓာကိုယ်ဟန်ချက် မထိန်းနိုင်တာ၊ အပူ အအေးသိမှု ကျဆင်းလာတာတွေကြောင့် ထိခိုက်ဒဏ်ရာတွေ ပိုမိုရရှိနိုင်ပါတယ်။
ထိခိုက်ဒဏ်ရာရရှိမှုမှ ကာကွယ်နိုင်မည့် နည်း လမ်းများ
– ပတ်ဝန်းကျင်ကို သက်ကြီးဘိုးဘွား တွေမြင်သာတဲ့အရောင်တွေကိုသာ သုံးရပါမယ်။
– ထိခိုက်ဒဏ်ရာရရှိနိုင်တဲ့ အတား အဆီးပစ္စည်းတွေကို ဖယ်ရှားထားရ ပါမယ်။
– အလင်းရောင် ကောင်းစွာ ရရှိအောင် စီစဉ်ဆောင်ရွက်ပေးရပါမယ်။
– ဖမ်းကိုင်၊ ဆုပ်ကိုင်နိုင်တဲ့ပစ္စည်းတွေ၊ တန်းတွေ ထားပေးရပါမယ်။
– ချော်လဲနိုင်တဲ့ ဖိနပ်တွေကို မစီးခိုင်း သင့်ပါ။
– နားကောင်းစွာ ကြားအောင် နားဖာ ချေးပိတ်ဆို့မှု မရှိစေဖို့ နားဖာချေး မှန်မှန် ကလော်ပေးရပါမယ်။
– မျက်မှန်ပါဝါကိုက်အောင် နှစ်စဉ်စမ်း သပ်ပေးရပါမယ်။
– တုတ်ကောက်၊ တောင်ဝှေးသုံးပြီး သွားလာဖို့ အားပေးရပါမယ်။ လဲ လျောင်းနေရာ၊ ထိုင်နေရာကနေ ချက်ချင်း လျင်လျင်မြန်မြန် မထိစေ ဖို့ သတိပေးရပါမယ်။ ရုတ်တရက် သွေးပေါင်ချိန်ကျပြီး လဲကျနိုင်တာ ကြောင့်ပါ။

ကင်ဆာရောဂါနှင့် သက်ကြီးဘိုးဘွား
အသက်ကြီးလာတဲ့အခါ ကင်ဆာ ဖြစ်စေနိုင်တဲ့ မျိုးရိုးဗီဇတွေ ထကြွလာတာ ကြောင့်ဖြစ်စေ၊ ကင်ဆာမဖြစ်စေတဲ့ မျိုး ရိုးဗီဇတွေ အားနည်းလာတာကြောင့် ဖြစ် စေ၊ မိမိသက်တမ်းတစ်လျှောက် ကြုံတွေ့၊ သုံးစွဲ၊ စားသုံးလာတဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ အကြောင်းအရာတွေကြောင့် ဖြစ်စေ ကင် ဆာရောဂါတွေ ပိုမိုဖြစ်လာနိုင်ပါတယ်။ အသက် ၇၅ နှစ်အရွယ်မှာ ကင်ဆာရော ဂါဖြစ်ပွားနိုင်မှုက အသက် ၂၅ နှစ်အရွယ် ထက်စာရင် အဆ ၁၀၀ ဖြစ်ပွားနိုင်နှုန်း ရှိပါတယ်။
ကင်ဆာရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ် နိုင်သော နည်းလမ်းများ
– အရက်ဖြတ်တာ၊ ဆေးလိပ်ဖြတ် တာနဲ့ ကွမ်းဖြတ်တာ
– ကွမ်းမစားတာ
– အသီးအရွက်တွေ များများစားတာ
– လေ့ကျင့်ခန်း မှန်မှန် လုပ်တာ
– သင့်တင့်လျောက်ပတ်ပြီး ဘေးမဖြစ် စေတဲ့ အစားအစာတွေ စားသုံးတာ စတာတွေ ပြုလုပ်ရပါမယ်။

နှလုံးရောဂါနှင့် သက်ကြီးဘိုးဘွား
ရင်ဘတ်အောင့်တာ၊ ရင်တွင်းလေး လံလာတာ၊ အသက်ရှူမ၀တာ၊ ဘယ် ဘက်လက်မောင်း အောင့်လာတာ၊ ကျဉ် လာတာ၊ လည်ပင်းနဲ့ မေးစေ့တစ်ဝိုက်မှာ ကျဉ်လာတာတွေက နှလုံးသွေးကြောကျဉ်း ရောဂါရဲ့ လက္ခဏာတွေဖြစ်ပါတယ်။
နှလုံးသွေးကြောကျဉ်းရောဂါ ကာကွယ်နိုင်မည့် နည်းလမ်းများ
– ဆေးလိပ်၊ ဆေးရွက်ကြီးကို မသောက်ပါနဲ့၊ မသုံးစွဲပါနဲ့။
– ဆီးချိုသွေးချိုရောဂါ၊ သွေးတိုးရောဂါ တွေခံစားနေရပါက စနစ်တကျ ဆေးဝါးကုသမှု ခံယူပါ။
– အဆီများလွန်းတဲ့အစာ၊ အငန်များ လွန်းတဲ့အစာတွေနဲ့ အချိုတွေများ စွာစားသုံးတာကို ရှောင်ကြဉ်ပါ။
– လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ
– ကိုးကွယ်ရာ ဘာသာတရားကို ကျင့်ကြံ အားထုတ်ပါ။

ဒေါက်တာစံထား

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *