သခွားသီး၊ ရှားစောင်းလက်ပပ် Sunscreen

ဒီတစ်ပတ်တော့ နွေလည်းရောက်လာပြီမို့ ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်နိုင် တဲ့ Sunscreen ပြုလုပ်နည်းလေးကို ဖော်ပြချင်ပါတယ်။ နည်းနည်းလေး မလွယ်ပေမယ့်လည်း ဓာတုပစ္စည်းအနည်းဆုံးနဲ့ အန္တရာယ်ကင်းကင်း အသုံးပြု ချင်တယ်ဆိုရင်တော့ ကြိုးစားပြီး ပြုလုပ်စေချင်ပါတယ်။ ကဲ.. စလိုက်ရအောင်…။

လိုအပ်တာတွေက . . .


– ရှားစောင်းလက်ပပ်အနှစ် ၇၀ ဂရမ် (ရှားစောင်းလက်ပပ်ပင် ကနေ အခွံလွှာပြီး ကိုယ်တိုင်အနှစ်ထုတ်ယူတာက အကောင်း ဆုံးပါ)
– သခွားသီး အရွယ်တော်တစ်လုံး
– Nut Oil ၄၀ ဂရမ်
– Shea Butter ၆ ဂရမ်
– Lavender Essential Oil ၅-၁၀ စက်ခန့်
– Emulsifying Wax ၁၀ ဂရမ်
– Preservative ၀.၅-၁ ရာခိုင်နှုန်း
( Shea Butter, Emulsifying Wax, Lavender Essentail Oil, Preservativeန တွေကို iHerb.com ကနေ မှာယူရရှိ နိုင်ပါတယ်)

ပြုလုပ်နည်း
– သခွားသီးအရွယ်တော်တစ်လုံးကို ကြိတ်စက်မှာကြိတ်ပါ။
– ရလာတဲ့အနှစ်ကို ပိတ်ပါးစနဲ့ခံပြီး အရည်ညှစ်ယူပါ။
– အဲဒီအရည်ကိုMeasuring Cup ထဲမှာ ထည့်ကာ အဲဒီထဲကို ရှားစောင်းလက်ပပ်အနှစ် ပေါင်းထည့်ကာ မွှေပါ။
– နောက်ထပ်Measuring Cupထဲမှာ Shea Butterç Emulsifying Wax ကို ပါဝင်ပစ္စည်းအချိုးအစားအတိုင်းထည့်ကာ ရေထည့်ပြီး အပူပေးထားတဲ့အိုးထဲမှာ အရည်ပျော်အောင် ပြုလုပ်ပါ။
– အဲဒီအိုးထဲကို ခုနက ရှားစောင်းလက်ပပ်နဲ့သခွားသီးရည်ထည့်ထားတဲ့Measuring Cup ကိုပါ ထည့်ပါ။ (မီးမပြင်းပါစေနဲ့။ မပူတပူ အခြေအနေသာရှိပါစေ)။ တည်ထားစဉ်မှာ အဲဒီMeasuring Cup နှစ်ခုစလုံးကို မွှေတံနဲ့ သေချာမွှေပေးပါ။
– အဆီအားလုံးအရည်ပျော်သွားပြီဆိုရင် အိုးထဲကထုတ်ပြီး သခွားရည်တွေကို လောင်းထည့်ပါ။
– အားလုံးကို မွှေတံနဲ့ သေချာသမအောင် မွှေပါ။
– ပြီးရင် အဲဒီထဲကို Lavender Essential Oil လေးငါးဆယ်စက်ခန့်ထည့်ကာ မီးဖိုပေါ်မှာ မီးအေးအေးနဲ့တင်ပါ။
– အဲဒီထဲကို Preservative ၀.၅-၁ ရာခိုင်နှုန်း (လေးငါးစက်ခန့်) ထည့်ကာ မွှေပါ။
– အားလုံးပြီးပြီဆိုရင် မိမိအသုံးပြုမယ့် ပုလင်းအလွတ်တစ်ခုထဲမှာ ကန်တော့ကိုအသုံးပြုကာ ထည့်ပါ။
အခုဆိုရင် အပြင်သွားခါနီးတိုင်း လိမ်းသွားနိုင်တဲ့ ကိုယ်တိုင်လုပ် Sunscreen လေးရရှိပြီပေါ့။

ဆူးမြာ

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *