သင်ကိုယ်တိုင်မသိလိုက်မိပါဘဲကျန်းမာရေးထိခိုက်အောင်ပြုမူနေမိပါသလား

အမြဲတမ်း ကျန်းမာအောင် နေထိုင် ပြုမူတယ်လို့ သင့်ကိုယ်သင် ထင်မှတ်နေ ပါသလား။ သင်လုပ်တဲ့ အလုပ်အကိုင် ကြောင့်ဖြစ်စေ၊ သင်ရဲ့အကျင့်ပါနေတဲ့ အပြုအမူကြောင့်ဖြစ်စေ ကျန်းမာရေးထိ ခိုက်မှုတွေဖြစ်လာနိုင်ပါတယ်။

အလုပ်ဇောကြီးလွန်းခြင်း
အလုပ်ဇောကြီးလွန်းပြီး အလွန်အ ကျွံ အလုပ်လုပ်တဲ့အခါ ခန္ဓာကိုယ်တွင်း ဂလင်းတွေရဲ့လုပ်ဆောင်မှုကို မြင့်မားစေ ပြီး ကော်တီဇောနဲ့ အက်ဒရီနလင်ဟော် မုန်းတွေကို ပိုမိုထုတ်လုပ်ပါတယ်။ ကိုယ် အလေးချိန်တက်တာ၊ အသက်ရှူမြန်တာ၊ စိုးရိမ်စိတ်များတာ၊ နှလုံးခုန်နှုန်းမြန်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာ စတာတွေ ဖြစ် လာစေပါတယ်။

။ ။ လိုက်နာရန် ။ ။
အလုပ်ဇောကြီးလွန်းတဲ့အတွက် ခန္ဓာကိုယ်မထိခိုက်အောင် စိတ်အာရုံကို တည်ငြိမ်အောင် လုပ်ဆောင်ဖို့ လိုပါ တယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ၊ အေးချမ်းတဲ့နေရာမှာ အနားယူတာတွေ ပြုလုပ်နိုင်ပါတယ်။ အသက်ကို ဖြည်း ဖြည်းချင်း ရှူသွင်း၊ ရှူထုတ်ပြုလုပ်ရုံနဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲစေပြီး ကျန်း မာရေးအတွက် များစွာအထောက် အကူ ဖြစ်စေပါတယ်။

မကြာခဏ အလုပ်သဘော အရ ခရီးသွားလာရခြင်း
ခရီးသွားတာက စိတ်အပန်းပြေစေ တာ မှန်ပေမယ့် အလုပ်သဘောအရ မ ကြာခဏ ခရီးသွားရသူတွေမှာ ခန္ဓာကိုယ် တွင်း အဆိပ်အတောက်ဖြစ်စေနိုင်တာ တွေ ရှိပါတယ်။ လေယာဉ်ပေါ်မှာ ခရီးစဉ် မစတင်ခင် ပိုးသတ်ဆေးစပရေးဖျန်းတာ၊ အမွှေးရနံ့စပရေးဖျန်းတာတွေ ပြုလုပ် ထားတတ်ပါတယ်။

။ ။ လိုက်နာရန် ။ ။
တစ်နှစ်အတွင်း ခရီးသွားလာမှုကို လျှော့ချတာ၊ ခရီးရှည် ဆက်တိုက် မသွား ဘဲ ခရီးစဉ်ကို ပိုင်းဖြတ်ပြီး သွားလာတာ၊ ရေများများသောက်တာ၊ အဆိပ်အ တောက်ပြေစေတဲ့ အော်ဂဲနစ် နည်းပညာ နဲ့ စိုက်ပျိုးထားတဲ့သစ်သီး၊ ဟင်းသီးဟင်း ရွက်နဲ့ ကောက်နှံတွေစားသုံးပါ။

အထီးကျန်ခြင်း
တစ်ကိုယ်တည်း အထီးကျန်တာက သင့်ကျန်းမာရေးကို ထိခိုက်ပျက်စီးစေ တယ်ဆိုတာ သင်သိပါရဲ့လား။ လတ်တ လောလေ့လာမှုအရ လူမှုပေါင်းသင်း ဆက်ဆံရေး ညံ့ဖျင်းသူတွေဟာ စိတ်ကျ ရောဂါနဲ့ နှလုံးရောဂါတွေ ဖြစ်ပွားနိုင် ခြေကိုများစေပါတယ်။

။ ။ လိုက်နာရန် ။ ။
အနည်းဆုံး တစ်ပတ်တစ်ကြိမ် မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ တွေ့ဆုံပြီး စကားစမြည်ပြောပါ။

အိပ်ချိန်နည်းပါးခြင်း
ခန္ဓာကိုယ်က အဆိပ်အတောက် တွေဖယ်ရှားဖို့အတွက် အိပ်ချိန်လုံလောက် စွာ အိပ်စက်ဖို့ လိုပါတယ်။ မနက်မှာ ၅ နာရီအိပ်ရာထပြီး အချိန် ၂ နာရီလောက် ပေးကာ လေ့ကျင့်ခန်းလုပ်ပေမယ့် အိပ် ချိန်လုံလောက်စွာမရပါက အဆိပ်အ တောက်ဖယ်ရှားတဲ့ လုပ်ငန်းစဉ်ကို အ ကောင်းဆုံး လုပ်ဆောင်နိုင်မှာမဟုတ်ပါ။
။ ။ လိုက်နာရန် ။ ။
ကျန်းမာစေဖို့ တစ်နေ့ အိပ်ချိန် ၈ နာရီရအောင် အိပ်စက်ပါ။ ညဘက်မှာ အိပ်ရာက နိုးနေတာ၊ အိပ်မက်မက်တာ တွေကြောင့် အိပ်ရေးမဝပါက အိပ်ခါနီး မှာ နွားနို့ပူပူတစ်ခွက်သောက်တာ၊ ရေ နွေးနဲ့ရေချိုးတာ၊ တရားထိုင်တာတွေ လုပ်ပေးပါ။

ရနံ့ပါသော ဖယောင်းတိုင် ထွန်းခြင်း
အိမ်တွင်းမှာ ပိုးမွှားတွေ ကင်းစင် အောင် ဖျန်းတဲ့ ပိုးသတ်အာနိသင်ရှိတဲ့ ဆပ်ပြာနဲ့ စပရေးဘူးတွေ ဖျန်းတတ်ကြပါ တယ်။ အမွှေးရနံ့ပါတဲ့ ဖယောင်းတိုင်၊ အမွှေးတိုင်ထွန်းတာ၊ ရနံ့မွှေးအောင် စပ ရေးဖျန်းတာ စတာတွေ ပြုလုပ်တာက အဆိပ်အတောက် ဖြစ်စေတယ်ဆိုတာ သင်သိပါရဲ့လား။

။ ။ လိုက်နာရန် ။ ။
ပိုးသတ်အာနိသင်ပါဝင်တဲ့ ဆပ်ပြာ သုံးစွဲတာက အရေပြားပေါ်က ဘက်တီး ရီးယားနဲ့ ပိုးမွှားတွေကို ကာကွယ်ပေးနိုင် တဲ့ အဆီတွေကို ဖယ်ရှားနိုင်လို့ သဘာ၀ ကြေးချွတ်သန့်စင်ပစ္စည်းတွေကိုသာ အသုံးပြုပါ။ အခန်းတွင်း မွှေးပျံ့တဲ့ ရနံ့ ရရှိအောင် ရနံ့မွှေးတဲ့ ပန်းကို အခန်းတွင်း ပန်းအိုးထိုးပါ။

အဆင်သင့်အစာများ စား သုံးခြင်း
အလုပ်တွေ များတာကြောင့် မနက် စာ၊ နေ့လယ်စာတွေကို ကိုယ်တိုင်မချက် ပြုတ်နိုင်လို့ အဆင်သင့်အစာတွေ ဝယ် ယူစားသုံးတာက ကျန်းမာရေးနဲ့ ညီညွတ် မှု မရှိနိုင်ပါ။ ခန္ဓာကိုယ် ထိခိုက်စေနိုင် လောက်တဲ့အထိ သွေးတွင်းသကြားနဲ့ အဆီဓာတ်တွေ တက်စေပါတယ်။

။ ။ လိုက်နာရန် ။ ။
အဆင်သင့်စာ စားသုံးမှုကို တစ် ပတ်တစ်ကြိမ်ထက် ပိုမစားသင့်ပါ။ ဖြစ် နိုင်ရင် အိမ်မှာပဲ ကျန်းမာရေးနဲ့ ညီညွတ် စွာချက်ပြုတ်စားသောက်ပါ။ မိုက်ခရိုဝေ့ ထဲကို ပလတ်စတစ်ဘူးနဲ့ထည့်ပြီး ချက် တာမျိုးမှ ရှောင်ပါ။

ဆေးလိပ်၊ အရက်များ သောက်သုံးခြင်း
ငယ်ရွယ်စဉ်ကတည်းက ဆေးလိပ်၊ အရက်တွေ သောက်သုံးတဲ့ အလေ့အ ကျင့်တွေရှိပါက ခန္ဓာကိုယ်ထဲမှာ အဆိပ် အတောက်တွေ စုဝေးနေတတ်ပါတယ်။ ဆေးလိပ်၊ အရက်တွေကို ဖြတ်လိုက်ရင် တောင် အရင်လိုအကောင်းပကတိ ပြန် ဖြစ်ဖို့အတွက် အချိန်များစွာ ယူရပါတယ်။

။ ။ လိုက်နာရန် ။ ။
ဆေးလိပ်ရဲ့ဆိုးကျိုးတွေကိုလည်း သိထားပြီးသားဖြစ်ပါလိမ့်မယ်၊ ဆေး လိပ်ကိုချက်ချင်းဖြတ်လိုက်ပါ။ အရက်ကို မဖြစ်မနေသောက်ရမယ်ဆိုရင် လျှော့ သောက်ပါ။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal