သင်က ချွေးထွက်များသူ တစ်ယောက်လား

သင်ဟာ ချွေးထွက်များတတ်သူ တစ်ယောက်ဖြစ်မယ်ဆိုရင်တော့ နွေရာ သီရောက်မှာကို စိုးရွံ့နေမိမှာပါ။ နွေရာ သီမှာ ခန္ဓာကိုယ်ကနေ ချွေးနံ့ဆိုးတွေ မထွက်ဘဲ လူကြားထဲမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေစေဖို့ ရေးသားလိုက်ပါ တယ်။

၁။ အပူအစပ်စာနှင့် ကဖင်း စား သောက်မှုကို လျှော့ချပါ
ကဖင်းပါတဲ့ ကော်ဖီ၊ ကိုလာနဲ့ အပူအစပ်စာတွေဖြစ်တဲ့ ငရုတ်သီး၊ ငရုတ်ကောင်းထည့်ချက်ထားတဲ့ အစား အစာတွေက သင့်ကိုချွေးထွက်များစေပါ တယ်။ အထူးသဖြင့် သင့်မျက်နှာနဲ့ ဦး ခေါင်းပိုင်းကို ချွေးပိုထွက်စေပါတယ်။ အပူအစပ်လွန်ကဲတဲ့ အစားအသောက် တွေကို စားသုံးမယ့်အစား အနံ့အရသာ ပြည့်ဝတဲ့ အစားအစာတွေကို ရွေးချယ် စားသုံးပါ။

၂။ ရေချိုးရာတွင် ဂရုစိုက်ပါ
နေ့စဉ်ရေချိုးရာမှာအသုံးပြုတဲ့ ကိုယ်တိုက်ဆပ်ပြာက ကြေးချွတ်အား ပြင်းတဲ့ ဆပ်ပြာမျိုးကို အသုံးမပြုသင့်ပါ ဘူး။ ကြေးချွတ်အားပြင်းတဲ့ ဆပ်ပြာကို သုံးစွဲပြီး ရေချိုးတာက သင့်ကို တစ်နေ့ ရေတစ်ကြိမ်ထက် ပိုချိုးချင်စိတ် ဖြစ်ပေါ် စေပါတယ်။ သင့်ခန္ဓာကိုယ်မှ ထွက်တဲ့အ နံ့က စူးစူးရှရှဖြစ်နေပါက ရေချိုးဆပ်ပြာ ကို ဘက်တီးရီးယားပိုးသတ်အာနိသင် ရှိတဲ့ ဆပ်ပြာကို ရွေးချယ်အသုံးပြုပါ။ အရေပြားပေါ်မှာရှိတဲ့ ဘက်တီးရီးယား တွေက ချွေးနဲ့ပေါင်းပြီး ခန္ဓာကိုယ်မှာ အနံ့စူးစူးရှရှ ဖြစ်ပေါ်တတ်တာကြောင့်ပါ။

၃။ ပူလိုက်ချမ်းလိုက်ဖြစ်ခြင်းနှင့် ညဘက် ချွေးထွက်ခြင်းကို ကုသပါ
သွေးဆုံးချိန်မှာ ပူလိုက်ချမ်းလိုက် ဖြစ်တာ၊ ညဘက်ချွေးထွက်တာတွေ ဖြစ် တတ်ပါတယ်။ အဲဒါတွေကို ကုစားဖို့ အိမ် သုံးနည်းလမ်းမျိုးစုံရှိပါတယ်။ ခန္ဓာကိုယ် အေးသွားအောင် အေးမြစေတဲ့ အဝတ် အစားဝတ်တာ၊ ရေခဲရေသောက်တာတွေ ပြုလုပ်ပေးနိုင်ပါတယ်။ ဆေးဝါးနဲ့ကုသ တာ၊ ဟော်မုန်းတွေနဲ့ ကုသတာတွေက ပူလိုက်ချမ်းလိုက်ဖြစ်တာကို သက်သာစေ ပါတယ်။ အမျိုးသမီးအများစုက သွေးဆုံး ချိန်လက္ခဏာတွေ သက်သာစေဖို့ ပဲပိစပ် စားတာ၊ ဂျင်ဆင်း၊ DHနဗ တွေ ဖြည့် စွက်သောက်သုံးတာတွေ ပြုလုပ်တတ် ကြပါတယ်။ ဒါတွေက အကျိုးအာနိသင် သက်ရောက်မှု နည်းလွန်းပါတယ်။ ဆရာ ဝန်နဲ့ ပြသတိုင်ပင်တာက အကောင်းဆုံး ပါ။

၎။ အဝတ်အစားကို ရာသီဥတုနှင့် ကိုက် ညီအောင် ဝတ်ဆင်ပါ
ချည်ထည်ပွပွချောင်ချောင် အင်္ကျီ တွေက လေဝင်လေထွက်ကောင်းတာ ကြောင့် ခန္ဓာကိုယ်ကို အေးမြနေစေပြီး ချွေးထွက်နည်းစေပါတယ်။ အထူးသဖြင့် လေ့ကျင့်ခန်းလုပ်တဲ့အခါ ချွေးစုပ်ယူနိုင် တဲ့ အဝတ်အစားမျိုးကို ဝတ်ဆင်ဖို့ လိုပါ တယ်။ အဝတ်အစားကို နှစ်ထပ်၊ သုံး ထပ်ဝတ်ဆင်တာမျိုးက ချွေးထွက်တာကို ပိုအားပေးတာကြောင့် အထပ်ထပ်ဝတ် ဆင်တာမျိုးကို ရှောင်ပါ။

၅။ ဖိစီးမှုကို လျှော့ချပါ
စိတ်ဖိစီးမှုကြောင့် ချွေးထွက်များစေ ပြီး ချွေးထွက်များတာကြောင့်လည်း စိတ် ဖိစီးမှုကို ဖြစ်စေပါတယ်။ ဖိစီးမှုနဲ့ ချွေး ထွက်များတာက အပြန်အလှန်သက် ရောက်မှုရှိနေပါတယ်။ ခန္ဓာကိုယ်ကို အ နားရစေမယ့် ယောဂကျင့်တာ၊ တရား အားထုတ်တာ၊ အသက်ရှူလေ့ကျင့်ခန်း လုပ်တာတွေက ချွေးထွက်များတာကို ကုစားနိုင်ပါတယ်။

၆။ ချွေးနံ့ပျောက်ဆေးကို မှန်ကန်စွာ ရွေး ချယ်ဝယ်ယူပါ
အလူမီနီယမ်ကို အခြေခံပြုလုပ် ထားတဲ့ ချွေးနံ့ပျောက်ဆေးတွေက ချွေး ထွက်စေတဲ့ဂလင်းတွေကို တားဆီးပါ တယ်။ ညမအိပ်ခင်မှာ အရေပြားကို ခြောက်သွေ့အောင် ပြုလုပ်ပြီး ချွေးနံ့ ပျောက်ဆေးကို လိမ်းထားနိုင်ပါတယ်။ ညအိပ်နေချိန်မှာ ချွေးနံ့ပျောက်ဆေးရဲ့ အာနိသင်က ခန္ဓာကိုယ်မှာ သက်ရောက်မှု ရှိစေပါတယ်။ မနက်မိုးလင်းချိန်မှာလည်း နောက်တစ်ကြိမ် ထပ်လိမ်းပေးပါ။ ချွေးနံ့ ပျောက်ဆေးတွေက ခြောက်သွေ့တဲ့ အ ရေပြားမှာသာ အာနိသင်ကိုပေးစွမ်းနိုင်ပြီး စိုစွတ်နေပါက အာနိသင်ကို မရရှိနိုင်ပါ။

၇။ ပတ်ဝန်းကျင်ကို အေးမြအောင် ဖန် တီးပါ
သင့်အိမ်တွင်းမှာ၊ အလုပ်လုပ်ရာနေ ရာမှာ အပူချိန်နည်းအောင် ဖန်တီးထား တာက ချွေးထွက်နည်းစေပါတယ်။ ပန် ကာဖွင့်တာ၊ လေအေးစက်တပ်ဆင်ထား တာ၊ ဒါမှမဟုတ် ပတ်ဝန်းကျင်လေကို ရရှိအောင် ပြတင်းပေါက်ဖွင့်ထားတာ စတာတွေက ချွေးထွက်နည်းအောင် ကူညီပေးပါတယ်။ ရေချိုးတာ၊ ရေအေး အေးသောက်ပေးတာတွေကလည်း ချွေး ထွက်နည်းစေပါတယ်။ နွေရာသီမှာ ပူ ပြင်းတဲ့ နေရောင်အောက်မှာ သွားလာ တာမျိုးကို တတ်နိုင်သမျှ ရှောင်ပါ။ မနက် ခင်းမှာ လေ့ကျင့်ခန်းပြုလုပ်ပေးပါ။

၈။ ကျန်းမာအောင် နေထိုင်ပါ
အဝလွန်တာ၊ ဆေးလိပ်သောက် တာ၊ အရက်သောက်တာတွေက ချွေး ထွက်များစေပါတယ်။ ဒါကြောင့် ကိုယ်အ လေးချိန်ကို အဝလွန်တာမဖြစ်အောင် ထိန်းသိမ်းပါ၊ ဆေးလိပ်သောက်တာ၊ အရက်အလွန်အကျွံ သောက်တာတွေကို ရှောင်ရှားပါ။ ဒါတွေကို ရှောင်ရှားလိုက် တာက ချွေးထွက်နည်းစေတာ တစ်ခု တည်းမဟုတ်ဘဲ တခြားရောဂါတွေကို လည်း ကာကွယ်ထားရာ ရောက်ပါတယ်။
၉။ အဝတ်အစားများကို သန့်စင်စွာ လျှော်ဖွပ်ဝတ်ဆင်ပါ
သင်နေ့စဉ်ဝတ်နေတဲ့ အဝတ်အ စားတွေကို အနည်းဆုံး တစ်နေ့တစ်ကြိမ် လဲလှယ်ပေးရပါမယ်။ ချွေးစိုနေတဲ့၊ ညစ် ပေနေတဲ့ အဝတ်အစားကို ထပ်ခါ ပြန် ဝတ်ဆင်တာမျိုးကို ရှောင်ပါ။ သင့်အဝတ် အစားတွေ ကြေးကင်းစင်ပြီး သန့်စင် အောင် လျှော်ဖွပ်ဝတ်ဆင်ပါ။

၁၀။ အတွင်းခံများကို ပုံမှန်လဲလှယ်ပါ
အပေါ်ယံ လူမြင်တဲ့ အဝတ်အစား တွေကိုသာ လဲလှယ်နေပြီး အတွင်းခံအ ဝတ်အစားတွေကို ထပ်ခါတလဲလဲ ပြန် လည်ဝတ်ဆင်တာမျိုးကို ရှောင်ရှားပါ။ အတွင်းခံအဝတ်အစားတွေရဲ့ သန့်ရှင်းမှု ကလည်း ချွေးထွက်နည်းအောင် လုပ် ဆောင်နိုင်ပါတယ်။ အတွင်းခံအဝတ်အ စားတွေကို ကြေးကင်းစင်အောင် လျှော် ဖွပ်ပြီး ပုံမှန်လဲလှယ်ဝတ်ဆင်ပါ။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *