သင်မသိသေးသောဆံပင်ပျော့ ဆေး၏အခြားအသုံးဝင်ပုံများ

ကျွန်မတို့ဟာ ခေါင်းလျှော်ရည်ဝယ် ကြတဲ့အခါမှာ ဆံပင်ပျော့ဆေးကိုပါ တွဲ ပြီး ဝယ်လေ့ရှိကြပါတယ်။ ဆံပင်ပျော့ ဆေးဟာ တစ်ခါသုံးရင် အနည်းငယ် (အကြွေစေ့တစ်စေ့စာသာ) အသုံးပြုရ တဲ့အတွက် ခေါင်းလျှော်ရည်က သုံးလို့ ကုန်သွားတာတောင် ဆံပင်ပျော့ဆေးက တော့ ဘူးတစ်ဝက်လောက် ကျန်နေ တတ်ပါတယ်။ ဒီလိုပိုနေတဲ့ ဆံပင်ပျော့ ဆေးကို လွှင့်မပစ်ဘဲ တခြားနေရာမှာ အောက်ဖော်ပြပါအတိုင်း အသုံးပြုလို့ ရပါတယ်။

၁။ အမွေးရိတ်ခရင်မ်အဖြစ်အသုံးပြုနိုင်ခြင်း
နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေး၊ ခြေ သလုံးမွေးတွေရိတ်ဖို့ရှိနေပေမယ့် အမွေး ရိတ်ခရင်မ်ကုန်သွားလို့ အသစ်ထပ်မဝယ် ချင်ရင် ပိုနေတဲ့ ဆံပင်ပျော့ဆေးတွေကို အမွေးရိတ်ခရင်မ်အစား အသုံးပြုနိုင်ပါ တယ်။ ရိတ်ချင်တဲ့ အမွေးနေရာကို ဆံပင်ပျော့ဆေးလိမ်းပြီး အမွေးရိတ်ဓား နဲ့ ရိတ်လိုက်ရုံပါပဲ။

၂။ ပတ်တီးဖြည်ရန် အသုံးပြုနိုင်ခြင်း
အနာကို ဖုံးအုပ်ဖို့အတွက် အသုံးပြု ထားတဲ့ ပလတ်စတာကို ပြန်ခွာမယ် ဆိုရင် အလွန်နာကျင်နိုင်ပါတယ်။ ပျော့ ဆေးကို အသုံးပြုပြီး ပလတ်စတာကို မနာကျင်ဘဲနဲ့ လွယ်လွယ်ကူကူ ခွာလို့ ရပါတယ်။ ပလတ်စတာအနားတွေမှာ ပျော့ဆေးသုတ်ပြီး ခွာလိုက်ရုံပါပဲ။

၃။ သော့ခလောက်နှင့် ပတ္တာများ ဖွင့်ပိတ်ရ ခက်နေလျှင် အသုံးပြုနိုင်ခြင်း
များသောအားဖြင့် ဒီလိုအခြေအနေ မျိုးမှာWD 40 ကို အသုံးပြုတတ်ကြပါ တယ်။ အဲဒီအစား ဆံပင်ပျော့ဆေးကို လည်း ပြတင်းပေါက်တံခါး၊ ဗီဒိုရဲ့ပတ္တာ တွေဖွင့်ရပိတ်ရခက်နေရင် အသုံးပြုနိုင်ပါ တယ်။ ကြွေပြားတစ်စေ့စာ ဆံပင်ပျော့ ဆေးကိုယူပြီး ပတ္တာနေရာမှာ သုတ်လိမ်း လိုက်ရင် တကျွိကျွိမြည်သံတွေ မရှိတော့ ဘဲ ချောချောမွေ့မွေ့နဲ့ ဖွင့်ပိတ်နိုင်သွားပါ လိမ့်မယ်။

၎။ ကျပ်နေသော လက်စွပ်ကိုချွတ်နိုင်ခြင်း
သင့်လက်ထဲက လက်စွပ်က အ ရမ်းကျပ်နေပြီး ချွတ်ရခက်နေပါသလား။ ပျော့ဆေးအနည်းငယ်ကိုယူပြီး လက်စွပ် နေရာကိုလိမ်းပါ။ ပြီးရင် တဖြည်းဖြည်း လှည့်ပြီး အပေါ်ဘက်ကို ဆွဲထုတ်ချွတ် လိုက်ပါ။

၅။ အဝတ်အခြောက်လျှော်နိုင်ခြင်း
သင်ရဲ့ နူးညံ့တဲ့အဝတ်အစားတွေ ကို dry clean ပေးမှ ဖြစ်မယ်ဆိုရင် ဆံပင်ပျော့ဆေးကို အသုံးပြုနိုင်ပါတယ်။ ရေဖြည့်ထားတဲ့ ရေဇလုံတစ်ခုထဲကို စား ပွဲဇွန်းတစ်ဇွန်းစာ ဆံပင်ပျော့ဆေးကို ထည့်လိုက်ပါ။ အဲဒီအရည်ထဲကို လျှော် ချင်တဲ့အဝတ်အစား ခဏစိမ်ထားပြီး ရေ ညှစ်ကာ လှန်းလိုက်ပါ။

၆။ စတီးပစ္စည်းများကိုပေါ်လစ်ရှ်တင်ပေးနိုင်ခြင်း
သင်ရဲ့ စတီးချိုင့်၊ စတီးဒန်အိုးတွေ ကို အသစ်လိုမျိုး ပြန်ဖြစ်ချင်ရင် ပျော့ ဆေးကိုအသုံးပြုနိုင်ပါတယ်။ ပျော့ပျောင်း တဲ့အဝတ်စထဲကို ပျော့ဆေးထည့်ပြီး သင်အသစ်ဖြစ်ချင်တဲ့ စတီးပစ္စည်းပေါ် ပွတ်တိုက်ပေးရုံပါပဲ။

၇။ ရေစိမ်ချိုးရာတွင် ထည့်သွင်းအသုံးပြု နိုင်ခြင်း
ရေကို အကြာကြီးစိမ်ချိုးတာကြောင့် အသားအရေခြောက်သွေ့နိုင်ပါတယ်။ အသားအရေမခြောက်သွေ့အောင် ရေ စိမ်မယ့် ကန်ထဲမှာ ပျော့ဆေးအနည်းငယ် ထည့်ထားလိုက်ပါ။

၈။ ပိတ်ဆို့နေသော ရေပိုက်များကို သန့်စင် ပေးနိုင်ခြင်း
သင့်အိမ်က ဘေစင်က ရေပိုက် တွေ ပိတ်ဆို့နေရင် ဆံပင်ပျော့ဆေးကို အသုံးပြုနိုင်ပါတယ်။ ဆံပင်ပျော့ဆေးအ နည်းငယ်ကို ပိုက်ထဲထည့်ကာ ရေနွေး ဆူဆူနဲ့ လောင်းချလိုက်ပါ။

၉။ ကျုံ့တတ်သောအဝတ်အထည်များအတွက် အသုံးပြုနိုင်ခြင်း
ရေခပ်နွေးနွေး တစ်ဇလုံထဲကို စား ပွဲတစ်ဇွန်းစာ ပျော့ဆေးထည့်ပြီး သင် လျှော်ဖွပ်ချင်တဲ့အဝတ်အစားကို ထည့် လျှော်ပါ။ ပြီးရင် အဝတ်အစားတွေကို ပုံမှန် အရွယ်အတိုင်းဖြစ်အောင် အသာ အယာ ဆွဲဆန့်ပါ။
 Tips!

သင့်ပိတ်စအတွက် အသုံးပြုထားတဲ့ပစ္စည်းပေါ် မူတည်ပြီး အသုံးဝင်ပုံ ကွာခြားနိုင်ပါတယ်။

၁၀။ သံချေးမတက်အောင် ကာကွယ်နိုင်ခြင်း
အလွယ်တကူ သံချေးတက်နိုင်တဲ့ ဝက်အူလှည့်၊ ပလာရာ၊ တူ အစရှိတာ တွေကို သံချေးမတက်အောင် ပျော့ဆေး နဲ့ ပွတ်တိုက်နိုင်ပါတယ်။
၁၁။အဝတ်ပျော့ဆေးအဖြစ်အသုံးပြုနိုင်ခြင်း
အခြောက်ခံစက်ထဲ ထည့်ထားတဲ့ လျှော်ဖွပ်ပြီးသား အဝတ်တွေကို ပျော့ ပျောင်းစေချင်ရင် ပျော့ဆေးသုတ်လိမ်း ထားတဲ့ သန့်စင်တဲ့အဝတ်စတစ်ခုကို အဝတ်ခြောက်ခံစက်ထဲ ထည့်လိုက်ပါ။

၁၂။ အဝတ်အထည် အနံ့အသက် ကင်းစင် နိုင်ခြင်း
အဝတ်တစ်ထည်ကို မလျှော်ဖွပ်ဘဲ ပြန်လည်ဝတ်ချင်ပေမယ့် အနံ့ထွက်နေ လို့ မဝတ်ရဖြစ်နေပါသလား။ ပျော့ဆေး တစ်စကို ရေကိုးဆနဲ့ ရောပြီး စပရေးဘူး လွတ်ထဲ ထည့်ပါ။ အဲဒီစပရေးဘူးကို လှုပ်ခါပြီး အဝတ်ပေါ်မှာ ဖျန်းပေးလိုက် ရင် အနံ့အသက်တွေ ကင်းစင်သွားနိုင်ပါ တယ်။

၁၃။ လက်သည်းပန်းကုံးပျော့ပျောင်းနိုင်ခြင်း
ပျော့ဆေးက လက်သည်းပန်းကုံး အတွက် အကောင်းဆုံးသော ခရင်မ်ဖြစ် ပါတယ်။ လက်သည်း ခြေသည်းတွေကို အလှအပ မပြုပြင်ခင်မှာ ပျော့ဆေး အ နည်းငယ်ယူပြီး လက်သည်းပေါ်တင်ကာ အသာအယာ နှိပ်နယ်ပေးပါ။

လှပတ္တမြား

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *