လူတိုင်း ဝမ်းချုပ်ဖူးကြပါတယ်။ အူရဲ့လှုပ်ရှားမှုမကောင်းတာကြောင့် ဝမ်းချုပ်တာ ခံစားရတဲ့ မာကျောတဲ့ဝမ်း တွေသွားတာကြောင့် စအိုဝကွဲတာ၊ နာ ကျင်တာတွေ ခံစားရတတ်ပါတယ်။ အူ လှုပ်ရှားမှုကောင်းမွန်ပြီး ဝမ်းမှန်မှန် သွားစေဖို့ အောက်ပါနည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။
အမျှင်ဓာတ် များများစားပါ
အမျှင်ဓာတ်များများပါတဲ့ အစာ တွေကို စားတာကြောင့် ဝမ်းသွားစေပါ တယ်။ ပဲအမျိုးမျိုး၊ ဆီးသီး၊ သဖန်းသီး စတဲ့ အမျှင်ဓာတ်များများပါတဲ့ အစာ တွေကို စားသုံးတာကြောင့် လေပွတာနဲ့ အစာမကြေတာတွေကို လျော့နည်း သက်သာစေပါတယ်။
ရေများများ သောက်ပါ
ရေသောက်တာကြောင့် ခန္ဓာကိုယ် ထဲက အဆိပ်အတောက်တွေအားလုံး ကင်းစင်စေပြီး သွေးလှည့်ပတ်စီးဆင်းမှု ကို ကောင်းမွန်စေပါတယ်။ ဝမ်းမှန်မှန် သွားဖို့အတွက် တစ်နေ့ကို အနည်းဆုံး ရေရှစ်ဖန်ခွက်သောက်ပေးဖို့ လိုပါတယ်။
သံပရာရည်၊ ရှောက်ရည် သောက်ပါ
သံပရာရည်၊ ရှောက်ရည်က ဝမ်း မှန်မှန်သွားစေဖို့ သောက်သင့်ပါတယ်။ ကြက်သီးနွေးရေတစ်ဖန်ခွက်ထဲမှာ သံပရာရည်၊ ရှောက်ရည်ညှစ်ထည့်ပြီး ဆားအနည်းငယ်ထည့်ကာ သောက် ပေးပါက အူသန့်စင်စေပြီး ဝမ်းအလွယ် တကူသွားစေပါတယ်။
ဝမ်းသွားချင်စိတ်ကို အောင့်မထား ပါနဲ့
ဝမ်းသွားချင်စိတ်ပေါ်တဲ့အခါ အ လုပ်များလို့ ခဏအောင့်ထားတာမျိုး မလုပ်ပါနဲ့။ ဝမ်းသွားချင်စိတ်ဖြစ်တာနဲ့ အမြန်ဆုံး အိမ်သာသွားလိုက်ပါ။
ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)