သင့်ကို အ၀လွန်စေနိုင်သည့် အာဟာရအသိအမှားများ

အဝလွန်တာက အခုခေတ်အခါမှာ အဖြစ်များတဲ့ပြဿနာတစ်ခုဖြစ်နေပြီး လူ တိုင်းက အဲဒီကနေ လွတ်မြောက်ချင်ကြပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ဝလာမှာ ကြောက်တဲ့သူတွေက ကိုယ်အလေးချိန်အနည်းငယ်တက်လာရုံနဲ့ ဝိတ်ကျသွား အောင် ချက်ချင်းအစာလျှော့စားကြရင်းနဲ့ အမှားတွေကို ပြုလုပ်မိသွားတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တချို့အွန်လိုင်းပေါ်က အချက်တွေ၊ မိတ်ဆွေတွေဆီကရတဲ့ အာဟာရအသိပညာတွေက အမှားတွေဖြစ်နေတတ်လို့ပါ။ အောက်ပါတို့ဟာ အာဟာ ရနဲ့ပတ်သက်ပြီး သိရှိမှုမှားယွင်းနေတဲ့အချက်တွေပါ။

ကယ်လိုရီအားလုံးညီမျှသည်ဟု ထင်မှတ်ခြင်း
ကယ်လိုရီအားလုံးက တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး။ ကောင်းတဲ့အမျိုးအစားရှိ သလို မကောင်းတဲ့အမျိုးအစားလည်း ရှိပါတယ်။ ဟင်းသီးဟင်းရွက်စားလို့ရရှိတဲ့ ကယ်လိုရီက ခန္ဓာကိုယ်အတွက် ကောင်းမွန်ပေမယ့် ဘာဂါတစ်လုံးစားလို့ရရှိတဲ့ ကယ် လိုရီကတော့ ခန္ဓာကိုယ်အတွက် မကောင်းပါဘူး။ ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ် က အင်ဆူလင်ထုတ်လုပ်မှုဟာ သင်စားလိုက်တဲ့ ကယ်လိုရီပမာဏထက် သင်ရရှိတဲ့ ကယ်လိုရီအမျိုးအစားပေါ်မှာ မူတည်နေတာကြောင့်ပါ။

အဆီပါဝင်မှုနည်းသောအစားအစာကိုသာ ရွေးချယ်ခြင်း
ကိုယ်အလေးချိန်ကျဆင်းဖို့အတွက် အဆီပါဝင်မှုနည်းတဲ့အစားအစာ ဒါမှမ ဟုတ် dငနအ အစားအစာတွေကိုပဲ ရွေးချယ်ရမယ်ဆိုတဲ့ အယူအဆကလည်း မှားယွင်း နေပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာလို့ သတ်မှတ်ထားတဲ့အစာအများ စုဟာ အရသာကောင်းမွန်အောင် သကြားအများကြီးထည့်ထားတတ်ပါတယ်။ အဆီပါ ဝင်မှုနည်းတဲ့အစားအစာတွေက ဗိုက်ပြည့်တင်းမှုမရရှိနိုင်တဲ့အတွက် မကြာခဏ ဆာ လောင်ပြီး ခဏခဏစားရလေ့ရှိတတ်ကြပါတယ်။ ဒါကြောင့် အာဟာရပြည့်ဝပြီး ပြုပြင် မှုအနည်းဆုံးအစားအစာတွေကို စားသုံးဖို့ ရွေးချယ်ရပါမယ်။

ပရိုတင်းလုံလုံလောက်လောက်မစားခြင်း
ကိုယ်အလေးချိန်ကျဆင်းဖို့ ရည်ရွယ်မယ်ဆိုရင် ပရိုတင်းဓာတ်ဟာ အရေးကြီး ဆုံးသောအာဟာရဓာတ်ဖြစ်ပါတယ်။ ပရိုတင်းပါဝင်မှုမြင့်မားတဲ့အစားအစာတွေက ဇီဝရုပ်ဖြစ်စဉ်ကောင်းမွန်ပြီး အစာစားချင်စိတ်ကို လျှော့ချပေးကာ အလေးချိန်ထိန်း ချုပ်တဲ့ဟော်မုန်းထုတ်လုပ်မှုကို မြင့်တက်နိုင်ပါတယ်။ ဒါ့အပြင် ကိုယ်အလေးချိန် ကျ ဆင်းနေစဉ်မှာလည်း ကြွက်သားတွေဆုံးရှုံးမှုမရှိနိုင်ပါဘူး။ ကိုယ်အလေးချိန် တစ် ပေါင်ကို ပရိုတင်း ၀.၆-၀.၈ ဂရမ်အထိ ပါဝင်အောင် စားသုံးသူတွေက အစာစား ချင်စိတ်ကို ထိန်းချုပ်နိုင်ပြီး ကိုယ်အလေးချိန်ထိန်းထားနိုင်တယ်လို့ လေ့လာမှုအရ တွေ့ရှိထားပါတယ်။

အမျှင်ဓာတ်ပါဝင်မှုနည်းခြင်း
သင်စားမယ့်အစားအစာထဲမှာ အမျှင်ဓာတ်လုံလုံလောက်လောက်ပါဝင်တာက ဗိုက်ပြည့်တင်းမှုရရှိစေပြီး အစာစားချင်စိတ်လျော့ကျသွားနိုင်ပါတယ်။ ဒါ့အပြင် အ မျှင်ဓာတ်က ခန္ဓာကိုယ်က အစားအစာထဲမှ ကယ်လိုရီစုပ်ယူမှုကို လျော့နည်းနိုင်တဲ့ အတွက် ကိုယ်အလေးချိန်ကျဆင်းဖို့ ကူညီနိုင်ပါတယ်။ သင်စားနေတဲ့အမျှင်ဓာတ် ကို နှစ်ဆလောက် တိုးလိုက်တာနဲ့ ခန္ဓာကိုယ်က ကယ်လိုရီစုပ်ယူမှု ၁၃၀ နည်းသွား တယ်လို့ လေ့လာမှုအရ သိရပါတယ်။

မကြာခဏအစာစားခြင်း (ဗိုက်မဆာရင်တောင်)
ကိုယ်အလေးချိန်ကျဆင်းချင်ရင် တစ်နေ့ကို အစာကြီး သုံးနပ်စားမယ့်အစား တစ်ကြိမ်ကို အစာနည်းနည်းနဲ့ ခဏခဏစားသုံးရမယ်လို့ ကျွန်မတို့ နားလည်ထား ကြပါတယ်။ ဒါကလည်း မမှန်ပါဘူး။ သင်ဆာလောင်မှသာ အစာစားတာက ကိုယ်အ လေးချိန်ကျဆင်းစေမယ့် တကယ့်သော့ချက်ပါ။ သင့်အနေနဲ့ အစာခဏခဏစားမယ် ဆိုရင် တစ်ကြိမ်ကို နည်းနည်းလေးပဲ စားရင်တောင်မှ တစ်နေ့တာလုံး စုပေါင်းလိုက် တဲ့အခါမှာ ကယ်လိုရီရရှိမှု များသွားနိုင်ပါတယ်။

နံနက်စာကို လုံးဝမရှောင်ကြဉ်သင့်ဘူးဆိုသည့် အကြံဉာဏ်ကို လိုက်နာခြင်း
ကိုယ်အလေးချိန်ကျဆင်းမှုနဲ့ပတ်သက်လာရင် မနက်စာကို လုံးဝမရှောင်ကြဉ် သင့်ဘူး၊ မနက်စာကို ရှင်ဘုရင်လို စားသုံးရမယ်လို့ ပေးထားတဲ့အကြံဉာဏ်တွေက လည်း အမြဲတမ်း မမှန်ကန်တတ်ပါဘူး။ လေ့လာမှုအရ မနက်စာမစားသူတွေက မနက်စာစားသုံးသူတွေထက် နေ့လယ်စာစားသုံးတဲ့အခါမှာ ကယ်လိုရီ ပိုမိုစားသုံးမိ တယ်လို့ သိရပေမယ့် တစ်နေ့တာလုံး ပြီးဆုံးတဲ့အခါ ရရှိတဲ့ ကယ်လိုရီစုစုပေါင်းဟာ မနက်စာမစားသုံးသူတွေမှာ ၄၀၈ ကယ်လိုရီလျော့နည်းနေတယ်လို့ တွေ့ရှိခဲ့ပါတယ်။

ထုပ်ပိုးထားသော သစ်သီးဖျော်ရည်များကို သောက်သုံးခြင်း
ကိုယ်အလေးချိန်ကျဆင်းဖို့ ကြံစည်သူတွေက များသောအားဖြင့် အချိုရည်နဲ့ ဂက်စ်ပါတဲ့ဖျော်ရည်တွေကို ရှောင်ရှားကြပါတယ်။ ဒါပေမဲ့ သူတို့တစ်တွေက ထုပ်ပိုးထားတဲ့ သစ်သီးဖျော်ရည်တွေကိုတော့ သောက်မြဲအတိုင်း ဆက်သောက်လေ့ ရှိကြပါတယ်။ ၁၀၀ ရာခိုင်နှုန်း သစ်သီးဖျော်ရည်ပါဝင်တဲ့ ဘူးတွေမှာတောင် သကြား များစွာ ပါဝင်နေတတ်ပါတယ်။ ဥပမာအားဖြင့် သစ်သီးဖျော်ရည် ၁၂ အောင်စမှာ သကြားက ၃၆ ဂရမ်ပါဝင်ပါတယ်။ ဒါက ၁၂ အောင်စဆော်ဒါဖျော်ရည်မှာ ပါဝင်တဲ့ သကြားထက် ပိုများပါတယ်။

ကောက်နှံတစ်ခုလုံးပါဝင်အောင် မစားသုံးခြင်း
အဝလွန်တာရဲ့ အဓိကအကြောင်းရင်းက ပြုjkပင်ထားတဲ့အစားအစာတွေစားသုံး တာ များတာကြောင့်ဖြစ်ပါတယ်။ လေ့လာမှုအများအပြားအရလည်း အဝလွန်သူတွေ ပေါများတဲ့ဧရိယာတွေမှာ ပြုပြင်ထားတဲ့အစားအစာတွေကို အဓိကစားသုံးတယ်လို့ သိရပါတယ်။ သင့်ကျန်းမာရေးအတွက် ကောက်နှံတစ်ခုလုံးပါဝင်တဲ့အစားအစာတွေ ကို စားသုံးရပါမယ်။ သူတို့က ဗိုက်ပြည့်တင်းမှုကို အချိန်အကြာကြီးရရှိနိုင်တဲ့အတွက် အစာလွန်ကြူးမှုမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

သစ်သီးများစွာ စားသုံးခြင်းနှင့် သစ်သီးလုံးဝမစားသုံးခြင်း
သစ်သီးစားသုံးမှုများတာ ဒါမှမဟုတ် သစ်သီးလုံးဝမစးသုံးတာကလည်း သင်ရဲ့ ကိုယ်အလေးချိန်ကျဆင်းဖို့ အိပ်မက် ပျက်ပြယ်သွားနိုင်ပါတယ်။ ဖရဲသီး၊ ပန်းသစ် တော်၊ ပန်းသီးနဲ့ ဂရိတ်ဖရုသီးတွေက ကိုယ်အလေးချိန်ကျဆင်းဖို့အတွက် အကောင်း ဆုံးအသီးတွေပါ။ သူတို့တွေ လတ်ဆတ်နေတဲ့အချိန်မှာသာ စားသုံးသင့်ပါတယ်။ သူတို့ကို ရေခဲသေတ္တာထဲ သိမ်းဆည်းထားတာက သင်စားဖို့ စိတ်ကူးထားတာထက် ပိုမိုပြီး စားသုံးမိနိုင်ပါတယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal