သင့်ကလေးရဲ့အပြုအမူတွေကို စိုးရိမ်စိတ်ဝင်နေလား

မိဘအများစုက ကလေးတွေရဲ့ လှုပ်ရှားပြုမူတာတွေနဲ့ ပတ်သက်ပြီး စိတ်ပူပန်တတ်ကြပါတယ်။ ကိုယ့်ကလေးက သူ များကလေးထက် ဆော့တာ၊ အော်ဟစ်တာ၊ စိတ်ဆိုးမာန်ဆိုးပြု မူတတ်တဲ့ အလေ့အထတွေကြောင့် စိုးရိမ်စိတ်တွေ လွန်ကဲ တတ်ပါတယ်။

အဲဒီလိုအခါမျိုးမှာ ကလေးရဲ့အပြု အမူက ကလေးသဘာဝပဲလား၊ အပြု အမူဆိုင်ရာ မှားယွင်းနေတာကြောင့် လားဆိုတာ ခွဲခြားရခက်ပါတယ်။ ကလေး ငယ်တွေရဲ့ အပြုအမူတွေကို လွှမ်းမိုးနေ တဲ့ အချက်တွေရှိပါတယ်။

စိတ်ဆိုးဒေါသထွက်ခြင်း
ကလေးငယ်တွေမှာလည်း အလိုမ ကျတဲ့အခါ၊ သူတို့လိုတာလေးတွေ မရတဲ့ အခါမျိုးမှာ စိတ်ဆိုးဒေါသထွက်တတ် တာဟာ စိုးရိမ်စရာအခြေအနေတော့ မဟုတ်ပါဘူး။ ကျယ်လောင်စွာအော်တာ၊ ဒါမှမဟုတ် တိတ်ဆိတ်ငြိမ်သက်နေတာ တွေက သာမန်ပါပဲ။ ဒါပေမဲ့ ကလေးတွေ ဟာ မိဘက ကလေးကစားကွင်း လိုက်ပို့ ပေးတာ၊ သူတို့နှစ်သက်တဲ့ ကစားစရာ တွေ ဝယ်ပေးတဲ့အခါမျိုးတွေမှာ ပျော်ရွှင် ပြီး အော်ဟစ်တာ၊ မပျော်ရွှင်တဲ့အခါ၊ စိတ်အားငယ်တဲ့အခါတွေမှာလည်း ဒီလို အပြုအမူတွေကို ဖော်ပြတတ်ပါတယ်။ တစ်ခါတစ်ရံမှာ ကလေးအော်ဟစ်ဒေါသ ထွက်အောင် သင်ကလုပ်မိတာမျိုးလည်း ရှိတတ်ပါတယ်။ ကလေးက ကစားစရာ လိုချင်တာ၊ ကစားကွင်း သွားချင်တာတွေ ပူဆာတဲ့အခါမျိုးမှာ သင့်ဘက်က မပေး နိုင်တဲ့အခါ ကလေးက စိတ်ဆိုးမာန်ဆိုး အော်ဟစ်ဒေါသဖြစ်တတ်ပါတယ်။

စိတ်လှုပ်ရှားခြင်း
ပြင်းပြင်းထန်ထန် ဆော့ကစားတာ၊ အော်ဟစ်ဆူညံတာ၊ စိတ်လှုပ်ရှားတာ တွေကို ကလေးငယ်တွေ အထူးသဖြင့် ငါးနှစ်အောက်ကလေးတွေမှာ အများဆုံး တွေ့ရတတ်ပါတယ်။ ဒါက ကလေး သဘာဝပါပဲ။ ဒီလိုတက်ကြွလှုပ်ရှားတဲ့ ကလေးအများစုက ယောက်ျားလေးတွေ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ သင့်အနေနဲ့ ကလေးက အလွန်အကျွံလှုပ်ရှားဆော့ ကစားလွန်းတယ်လို့ ထင်ရင်တော့ ဆရာ ဝန်နဲ့ ဆွေးနွေးဖို့ လိုပါတယ်။

မျိုးရိုးဗီဇ
တချို့ကလေးတွေကတော့ မျိုးရိုး ဗီဇအရ တခြားကလေးတွေထက် ပို သွက်လက်ပြီး ကြမ်းကြမ်းတမ်းတမ်း ဆော့ကစားတတ်ကြပါတယ်။ အလွယ် တကူ အာရုံစူးစိုက်နိုင်မှု အားနည်းပြီး ရွယ်တူ ကလေးအပေါင်းအဖော်တွေနဲ့ ဆော့ကစားနေရရင်ပျော်ရွှင်နေတတ်ပါ တယ်။ ကလေးက ဘယ်လိုပဲ ဆော့ကစား နေပါစေ သင့်အနေနဲ့ ထိန်းချုပ်ကွပ်ကဲ ပေးနိုင်ပါတယ်။

ပြောစကားနားမထောင်ခြင်း
ကလေးတွေက မိဘမကြိုက်တဲ့ အ လုပ်တွေကိုလည်း လုပ်တတ်ကြပါတယ်။ အိမ်နံရံမှာ အရုပ်တွေ ရေးဆွဲတာ၊ မောင် နှမချင်းရန် ဖြစ်ကြတာ၊ လိုချင်တာကို အ တင်းအဓမ္မပူဆာတာမျိုးတွေကို လုပ် တတ်ကြပါတယ်။ ရှင်သန်ကြီးပြင်းလာတဲ့ မိသားစုအသိုင်းအဝိုင်းပေါ်မူတည်ပြီး ကလေးတစ်ယောက်ချင်းဆီမှာ မတူညီ နိုင်တဲ့ အပြုအမူတွေ ရှိနေပါတယ်။

ကျောင်းနေချိန်
သင့်ကလေးက ကျောင်းနေချိန် ရောက်မှ အမူအကျင့်ပြောင်းလဲသွားတာ မျိုးလည်း ရှိတတ်ပါတယ်။ ကလေးဟာ ကျောင်းသင်ခန်းစာတွေကို သင်ယူရာမှာ မလိုက်နိုင်တာ၊ မှတ်သားနိုင်မှုအားနည်း တာတွေကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံ ကြည်မှုအားနည်းလာတတ်ပါတယ်။ အဲ ဒီအခါ ကလေးရဲ့ပြုမူမှုတွေ သိသိသာ သာပြောင်းလဲလာပါတယ်။

မိဘ၏အပြုအမူ
အခက်အခဲဆိုတာ နေ့စဉ်ဘဝမှာ အစိတ်အပိုင်းတစ်ခုပါပဲ။ သင်ဟာ လူမှု ရေး၊ စီးပွားရေးကိစ္စတွေနဲ့ ဘယ်လောက် ပဲ အလုပ်တွေများနေပါစေ။ သင့်ကလေး အတွက်လည်း သီးသန့်အချိန်သတ်မှတ် ပြီး ကလေးနဲ့ စကားပြောတာ၊ ကလေး ပြောတဲ့စကားကို နားထောင်ပေးတာ၊ ဆော့ကစားတာ၊ ညစာ အတူစားတာတွေ ပြုလုပ်ပေးပါ။ တချို့ ကလေးတွေက မိဘတွေ အာရုံစိုက်မိအောင် ဆူညံသံပြု လုပ်တာ၊ ပြုမူလုပ်ကိုင်မှုတွေ ပြောင်းလဲ ပြတာမျိုး ပြုလုပ်တတ်ကြပါတယ်။ သင့် အနေနဲ့ ကလေးရဲ့ပြောင်းလဲသွားတဲ့ အပြုအမူက ဘာကြောင့်ဆိုတာကို သိ အောင် ကြိုးစားရပါမယ်။ ကိုယ့်သား သမီးကို ချစ်ရာမှာလည်း မိခင်ရော ဖခင်ပါ အကန့်အသတ်ထားပြီး ချစ်ဖို့၊ ထိန်းကျောင်းပေးဖို့လိုပါတယ်။ ချစ်လို့ အလိုလိုက်တယ်ဆိုတာ ကလေးကို ချစ် ရာမရောက်ဘဲ နှစ်ရာရောက် တတ်ပါ တယ်။ မိဘနှစ်ဦးစလုံးက အလုပ်လုပ်တဲ့ မိဘတွေဖြစ်မယ်ဆိုရင်တော့ ကလေး အတွက် သီးသန့်အချိန်ပေးပြီး မိဘ မေတ္တာကို ပြသဖို့တော့ လိုပါတယ်။

အစားအစာ
ကိုယ့်ကလေးရဲ့ အပြုအမူတွေက အစားအသာက်နဲ့ သက်ဆိုင်မှုရှိ၊ မရှိကို လည်း လေ့လာကြည့်ဖို့ လိုပါတယ်။ အ စားအစာကြောင့် ကလေးအပြုအမူတွေ ပြောင်းလဲရတာဆိုရင် ကလေးမကြိုက်တဲ့ အစားအစာကို အတင်းမကျွေးမိပါစေနဲ့။ ကလေးဆရာဝန် ဒါမှမဟုတ် အာဟာရ ကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပြီးမှ ကျွေးပါ။

ဆေးဝါး
ပန်းနာရင်ကျပ်ရောဂါ ကုဆေးတ ချို့သုံးစွဲနေရတဲ့ ကလေးတွေမှာ ဆေး ကြောင့် ပုံမှန်ထက်လွန်ကဲတဲ့ အပြုအမူ တွေရှိနေတတ်ပါတယ်။ အန်တီဟစ္စတ မင်းဆေးတွေကြောင့်လည်း ကလေးက အိပ်ချင်ငိုက်မျည်းနေတာ၊ ဒါမှမဟုတ် ပုံ မှန်ထက်လွန်ကဲပြီး သောင်းကျန်းတာ မျိုးတွေ ဖြစ်တတ်ပါတယ်။ ကာကွယ် ဆေးထိုးတာ၊ ဒါမှမဟုတ် ခေါင်းကိုက် စေတဲ့ဆိုးကျိုးရှိ ဆေးတချို့ကြောင့်လည်း ကလေးဟာ အပြုအမူတွေပြောင်းလဲ နိုင်ပါတယ်။ ဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့ လိုပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal