သင့်ကျန်းမာရေးအကြောင်း ပြောပြနိုင်သည့် မျက်နှာပေါ်မှ အရေးကြောင်းများ

မျက်နှာပေါ်မှာ အရေးကြောင်းပေါ် တာက သက်ကြီးဖြစ်စဉ်တစ်ခုပါ။ ကျွန်မတို့ အသက်ကြီးလာရင် ဒီအရေးကြောင်း တွေကို မျက်နှာပေါ်မှာ အနှေးအမြန်၊ အနည်းအများ တွေ့ရကြုံရမှာပါ။ ဒီအရေးကြောင်းတွေက အသက်ကြီးတာကိုပဲ ဖော်ပြနေတာမဟုတ်ပါဘူး။ ခန္ဓာကိုယ်တွင်းမှာ ကျန်းမာရေးပြဿနာတွေ ဖြစ်ပေါ်နေတာကိုလည်း အရေးကြောင်း ဖြစ်တဲ့နေရာပေါ် မူတည်ပြီး သိရှိနိုင်တာမို့ ဖော်ပြပေးလိုက်ပါတယ်။

နဖူးပေါ်က ကန့်လန့်ဖြတ်အရေးကြောင်း

နဖူးပေါ်မှာ ကန့်လန့်ဖြတ်ပေါ်တဲ့ အရေးကြောင်းတွေကို worry li လို့ခေါ်ပါတယ်။ ဒီနေရာမှာ အရေးကြောင်း ရှိနေတာက သင့်မှာ နေ့စဉ်စိတ်ဖိစီးမှု များနေတဲ့အခြေအနေဖြစ်ပြီး ဖြေလျှော့ မှုတွေ ပိုမိုလုပ်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီအရေးကြောင်းတွေက သင့်အနေနဲ့ သကြားများများစားပြီး ရေလုံလုံလောက် လောက် မသောက်ဘူးဆိုတာကိုလည်း ဖော်ပြနေပါတယ်။
သင့်နဖူးမှာ ကန့်လန့်ဖြတ်အရေး ကြောင်းတွေ ပေါ်နေရင် စားသောက်မှုပုံ စံကို ပြုပြင်ပြီး စိတ်ဖြေလျှော့မှုရနိုင်မယ့် သင် ဝါသနာပါရာ နည်းလမ်းတွေကို ကျင့်သုံးပါ။

ဘယ်ဘက်မျက်ခုံးအတွင်းထောင့်စွန်းမှ အရေးကြောင်း

ဘယ်ဘက်မျက်ခုံးအတွင်းထောင့် မှာ အရေးကြောင်းပေါ်နေတာက ဗေလုံးနဲ့ တိုက်ရိုက်ဆက်သွယ်မှုရှိပါတယ်။ အချိန် တိုအတွင်း ဒီနေရာမှာ အရေးကြောင်းက သိသိသာသာ ထင်ထင်ရှားရှားပေါ်နေ မယ်ဆိုရင် သင်ရဲ့ဗေလုံးက အလုပ်ကောင်း စွာ မလုပ်ဘူးဆိုတဲ့ အဓိပ္ပာယ်သက်ရောက် နေတာမို့ တွေဝေမနေဘဲ ဆရာဝန်နဲ့ ပြသပါ။
ဒါ့အပြင် ဗေလုံးက တချို့အချိုစာ တွေကြောင့် သန်မာစေနိုင်ပေမယ့် သကြားစားသုံးတဲ့ပမာဏကိုတော့ သတိ ထားရမှာ ဖြစ်ပါတယ်။ သကြားက ဗေလုံး ကို ဒုက္ခပေးနိုင်လို့ပါ။ ဗေလုံးကျန်းမာဖို့ အတွက် သစ်သီးခြောက်တွေကို စား သုံးပေးပါ။

ညာဘက်မျက်ခုံးအတွင်းထောင့်စွန်းမှ အရေးကြောင်း

ဒီနေရာမှာ အရေးကြောင်းပေါ်နေ တာက ခန္ဓာကိုယ်တွင်း အဆိပ်အတောက် များနေတဲ့ လက္ခဏာပါ။ အသည်းဟာ အ ရေပြားနဲ့ ဆက်သွယ်မှုရှိနေပြီး အထူးသ ဖြင့် ညာဘက် မျက်ခုံးထောင့်က အရေး ကြောင်းနဲ့ ဆက်စပ်နေတတ်ပါတယ်။ ဒီနေရာမှာ အရေးကြောင်းက ပုံမှန်ထက် ထင်ထင်ရှားရှားပေါ်နေရင် အသည်း ကျန်းမာရေးအတွက် စိုးရိမ်ရပါတယ်။
အော်ဂဲနစ်နည်းပညာနဲ့ စိုက်ပျိုး ထားတဲ့ ဟင်းသီးဟင်းရွက်တွေ၊ အစိမ်း ရောင်ဟင်းသီးဟင်းရွက်တွေ၊ ကျန်းမာ ရေးနဲ့ ညီညွတ်တဲ့ပမာဏ ရှိတဲ့ ပရိုတင်း တွေ စားသုံးပေးရင် အသည်းကျန်းမာ ရေး ကောင်းမွန်နိုင်ပါတယ်။ ကော်ဖီ၊ အ စပ်စာနဲ့ ဆား စားသုံးမှုကိုတော့ လျှော့ ချရပါမယ်။

နှာရိုးရင်းမှကန့်လန့်ဖြတ်အရေးကြောင်း

ဒီနေရာမှာ အရေးကြောင်းပေါ်နေ တာက ဓာတ်မတည့်မှုဝေဒနာခံစားရတာ ကြောင့် ဖြစ်သလို အလွန်အမင်းစိတ်ဖိစီး မှုများတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ပုံမှန်ထက် လိင်စိတ်ကုန်ခန်းတာကို လည်း ပြသနေပါတယ်။

ကျီးခြေရာအရေးကြောင်း

မျက်လုံးထောင့်စွန်းကနေ ဖြာထွက် နေတဲ့ အရေးကြောင်းလိုင်းတွေပါ။ မျက် နှာတစ်ခုလုံးပြုံးတဲ့အခါမှာ ပေါ်တတ်ပါ တယ်။ သင်ရဲ့ မျက်စိအမြင်အာရုံမ ကောင်းတာကြောင့် အရာဝတ္ထုတွေကို ထင်ထင်ရှားရှားမြင်ရအောင် မျက်မှောင် ကြုတ်ကြည့်ပါများရင်လည်း ဒီအရေး ကြောင်းတွေ ပေါ်နိုင်ပါတယ်။ ဒါ့အပြင် ဒီအရေးကြောင်းတွေက အသည်း၊ ကျောက်ကပ်၊ အစာအိမ်နဲ့ ဆက်နွှယ်နေ ပါတယ်။ ရုတ်တရက် ဒီနေရာမှာ အရေး ကြောင်းတွေ ထင်ထင်ရှားရှားပေါ်နေရင် သင်ရဲ့ စားသုံးမှုပုံစံတွေကို ဂရုစိုက်ရပါ တော့မယ်။

မျက်ကွင်းညိုခြင်း သို့မဟုတ် မျက်အိတ်ရှိခြင်း

အိပ်ရေးမဝရင် ဖြစ်ပေါ်တတ်ပါ တယ်။ ဒါ့အပြင် ကျောက်ကပ်အားနည်း နေရင် ဒါမှမဟုတ် သွေးလှည့်ပတ်မှုမ ကောင်းရင်လည်း တွေ့ရနိုင်ပါတယ်။ ယောဂကျင့်စဉ်ပြုလုပ်တာ၊ ရွရွပြေးတာ လိုမျိုး သွေးလှည့်ပတ်မှုကောင်းမွန်စေ တဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးရင် ပြန် လည်ကောင်းမွန်နိုင်ပါတယ်။

ပါးပြင်တွင် အရောင်ပြောင်းလဲခြင်း

ပါးပြင်မှာ အကွက်လိုက် အရောင် ရင့်သွားတာက အဆုတ်ကျန်းမာရေး ပြဿနာဖြစ်နေတာကို ဖော်ပြနေပါတယ်။ ပါးပြင်မှာ အရောင်ပြောင်းတာနဲ့အတူ အသက်ရှူရခက်ခဲနေရင် ဆရာဝန်နဲ့ ချက်ချင်းပြသပါ။
ပါးပြင်နေရာမှာ ထိလိုက်တိုင်း နာ ကျင်တာက အစာအိမ်ပြဿနာနဲ့ ဆက် စပ်နေပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ် တဲ့အစားအစာတွေကို ပြောင်းလဲစား သောက်ဖို့ လိုအပ်ပါတယ်။ အဆုတ်နဲ့ အစာခြေစနစ်ကောင်းမွန်ဖို့ ရွရွပြေး လေ့ကျင့်ခန်းကို ပြုလုပ်ပေးရပါမယ်။

နှာခေါင်းထိပ်နီရဲနေခြင်း

အေးလွန်းတဲ့ဆောင်းရာသီမှာ နှာ ခေါင်းထိပ်နီရဲနေတာက ပုံမှန်အခြေအ နေပါ။ ဒါပေမဲ့ ပုံမှန်ရာသီဥတုအခြေအ နေမှာ နှာခေါင်းထိပ်နီရဲနေရင်တော့ သွေးလှည့်ပတ်မှု ဒါမှမဟုတ် နှလုံးမှာ ပြဿနာရှိနေပါပြီ။
သွေးတိုးရောဂါဖြစ်နိုင်တာမို့ ဆရာ ဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ကော်ဖီနဲ့ အစပ်စာတွေ စားလွန်းတာ ကြောင့်လည်း နှာခေါင်းထိပ်မှာ နီရဲနိုင်ပါ တယ်။ ထောပတ်သီးလိုမျိုး ဖက်တီးအက် စစ်ပါဝင်မှုများလွန်းတဲ့အစားအစာ စား သုံးတာက ကျန်းမာရေးကို ကောင်းမွန် စေပြီး သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းချုပ်ပေးနိုင်ပါတယ်။

နှုတ်ခမ်းထောင့်မှ အရေးကြောင်း

နှုတ်ခမ်းထောင့်မှာ အရေးကြောင်း ပေါ်နေတာက အူမကြီးနဲ့ ဆက်စပ်နေ ပါတယ်။ အချိန်တိုအတွင်း ဒီနေရာမှာ အရေးကြောင်း ထင်ထင်ရှားရှားပေါ်နေ ရင် အူမကြီးကျန်းမာရေးကို စစ်ဆေး သင့်ပါပြီ။ ရေများများသောက်တာ၊ ဗီတာ မင်ဒီပါဝင်မှုများတဲ့အစားအစာစားတာနဲ့ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်တာတွေက အူ မကြီးကျန်းမာရေးကောင်းမွန်ဖို့ အ ထောက်အကူပြုနိုင်ပါတယ်။

ရယ်မောခြင်းကြောင့် ဖြစ်ပေါ်လာသော အရေးကြောင်း

သင့်အနေနဲ့ အရယ်သန်သူဖြစ်ပြီး မျက်နှာတစ်ခုလုံးပါဝင်အောင် ရယ်မော နေရင် ဒီနေရာမှာ အရေးကြောင်းတွေ ပေါ်နေတတ်ပါတယ်။ ဒါပေမဲ့ ဒီအရေး ကြောင်းတွေက အချိန်တိုအတွင်း ထင်ထင်ရှားရှားပေါ်နေရင်တော့ မုန့်ချို အိတ်အားနည်းနေတဲ့ လက္ခဏာပါ။ ဘလူးဘယ်ရီ၊ စပျစ်သီးနဲ့ ကြက်သွန်ဖြူ လိုမျိုးအစားအစာတွေ စားသုံးတာက မုန့် ချိုအိတ်ကျန်းမာရေးကောင်းမွန်အောင် ကူညီနိုင်ပါတယ်။

အပေါ်နှုတ်ခမ်းထက်မှ အရေးကြောင်း

ဒီအရေးကြောင်းက ဆေးလိပ် သောက်သူတွေမှာ တွေ့ရတတ်ပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့မှုများသူတွေ၊ အအေးကို ပိုက်နဲ့စုပ်သောက်တတ်သူ တွေမှာလည်း တွေ့ရတတ်ပါတယ်။ ဒီ အရေးကြောင်းက ဗေလုံးနဲ့လည်း ဆက် စပ်နေတဲ့အတွက် မုန်လာဥနီ၊ မုန်လာဥဖြူ အပါအဝင် ဟင်းသီးဟင်းရွက်မျိုးစုံပါဝင် အောင် စားသောက်ပေးရင် ဗေလုံးကျန်း မာရေးအတွက် အထောက်အကူရရှိနိုင်ပါ တယ်။
နှုတ်ခမ်းပေါ်က အစက်အပြောက်

နှုတ်ခမ်းပေါ်မှာ အဖြူရောင်အစက် အပြောက်ပေါ်နေတာက သွေးလှည့်ပတ် မှုအားနည်းနေတဲ့လက္ခဏာပါ။ ဒါ့အပြင် အူမကြီးမှာလည်း ပြဿနာဖြစ်နေတာကို ဖော်ပြနေပါတယ်။ သွေးလှည့်ပတ်မှု ကောင်းမွန်ဖို့အတွက် ရွရွပြေးတာ ဒါမှ မဟုတ် ယောဂကျင့်စဉ်လိုမျိုး ကာယ လေ့ကျင့်ခန်းတွေ လုပ်ရပါမယ်။ အူမကြီး ကျန်းမာရေးကောင်းမွန်ဖို့ အမျှင်ဓာတ် ပါဝင်မှုများတဲ့အစားအစာတွေကို စားသုံး ပေးပါ။
ဝမ်းသွားရင်သွေးပါတာ၊ ဗိုက်နာ တာလိုမျိုး လက္ခဏာတွေပြသလာပြီဆို ရင်တော့ တွေဝေမနေဘဲ ဆရာဝန်နဲ့ ချက်ချင်းပြသပါ။

လည်ပင်းပေါ်မှ အရေးကြောင်းများ

ဒီအရေးကြောင်းတွေက အသက် အရွယ်ကြီးရင့်သူတွေမှာ ဖြစ်ပေါ်တတ်ပါ တယ်။ သူက အဝလွန်တာကြောင့်ဖြစ် တတ်သလို သိုင်းရွိုက်အကျိတ်ကျန်းမာ ရေးနဲ့လည်း ဆက်စပ်နေတဲ့အတွက် သိုင်းရွိုက်အကျိတ်မှာ ပြဿနာတစ်ခုခု ဖြစ်နေတာကို ဖော်ပြနေပါတယ်။
သိုင်းရွိုက်အကျိတ်ကျန်းမာအောင် သွပ်ဓာတ်ပါဝင်တဲ့ ဆေးဝါးတွေ မှီဝဲပြီး ဂလူတင်ပါဝင်တဲ့အစားအစာတွေကို လျှော့စားရမှာဖြစ်ပါတယ်။
နားထင်ပေါ်မှ ထင်ရှားနေသော သွေးပြန် ကြောများ

နားထင်ပေါ်မှာ သွေးကြောတွေ ထောင်နေတာကို တွေ့နေခဲ့ရင် သွေးဖိ အား မြင့်တက်တဲ့ လက္ခဏာပါ။ စိတ်ဖိစီး မှုများနေတာကိုလည်း ညွှန်ပြနေပါတယ်။ သွေးဖိအား ကျဆင်းဖို့အတွက် လမ်း လျှောက်လေ့ကျင့်ခန်း ဒါမှမဟုတ် ယော ဂကျင့်စဉ်ပြုလုပ်ပါ။ ဒါ့အပြင် ငှက်ပျော သီးစားတာ၊ ဆားလျှော့စားတာတွေ ပြု လုပ်ရမယ့်အပြင် လေ့ကျင့်ခန်းကို မဖြစ် မနေ ပုံမှန်ပြုလုပ်ရပါမယ်။ သွေးကြော တွေက မပျောက်ဘဲ ထင်ထင်ရှားရှား ရှိနေခဲ့ရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါ ပြီ။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal