သင့်ကျန်းမာရေးပြဿနာများကို အလွယ်တကူဖြေရှင်းနိုင်အောင်

သင့်ကျန်းမာရေးကောင်းမွန်ပြီး အ သက်ရှည်ဖို့အတွက် ငွေရှိမှ ကျန်းမာမယ် ဆိုတဲ့ အယူအဆကို ငွေကုန်ကြေးကျ မများတဲ့ အောက်ပါ Health Tips နဲ့ ဖယ်ရှားလိုက်ပါ။

အိပ်မပျော်နိုင်ဖြစ်နေခဲ့ရင် မျက်တောင်ခတ်ပါ
ကျန်းမာရေးကောင်းမွန်ဖို့အတွက် နဲ့ mood ကောင်းမွန်ဖို့အတွက် အိပ်ချိန် အပြည့်အဝရဖို့ လိုအပ်ပါတယ်။ အိပ်ရာ ပေါ်မှာ တော်ရုံနဲ့ အိပ်မပျော်ဖြစ်ခဲ့ရင် မျက်တောင်ကို စက္ကန့် ၆၀ ကြာတဲ့အထိ ခပ်မြန်မြန်လေး ခတ်ပေးပါက မျက်ခွံ တွေလေးလာပြီး အိပ်ချင်လာပါလိမ့်မယ်။

နှာပိတ်နေရင် ကြက်သွန်နီ အသုံးပြုပါ
ကြက်သွန်နီဟာ နှာပိတ်တာကို သက်သာပြီး နှာရည်တွေ ထွက်သွားနိုင် တယ်လို့ သိပ္ပံပညာရှင်တွေက ထုတ်ဖော် ထားပါတယ်။ နှာပိတ်နေရင် အိပ်ရာ ဝင်တဲ့အခါမှာ ကြက်သွန်နီကို လှီးဖြတ်ပြီး သင်အိပ်မယ့် အိပ်ရာဘေးမှာ ထားပေး ပါ။ ကြက်သွန်နီမှာ ပါဝင်တဲ့ ကွာစီတင် ဒြပ်ပေါင်းတွေက ရောင်ရမ်းမှုကို လျော့ ကျစေတဲ့ ဂုဏ်သတ္တိနဲ့ ဓာတ်မတည့်မှုကို ပျောက်စေတဲ့ ဂုဏ်သတ္တိရှိတာကြောင့် နှာရည်တွေထွက်ကျသွားပြီး နှာပိတ်တာ သက်သာသွားနိုင်ပါတယ်။

အစာလွန်ကြူးတာမဖြစ်အောင် အစာမစားခင် မှာ အစာစားပါ။
သင့်အနေနဲ့ ဟိုတယ် ဒါမှမဟုတ် စားသောက်ဆိုင်မှာ ညစာစားတော့မယ် ဆိုရင် အစားအစာတွေ မစားသောက်ခင် မှာ ပန်းသီးတစ်လုံး ဒါမှမဟုတ် ငှက်ပျော သီးတစ်လုံးကို စားပြီး ရေနှစ်ဖန်ခွက် သောက်ထားလိုက်ပါ။ ဒီလိုပြုလုပ်တာ ကြောင့် ချိုအီတဲ့ကိတ်မုန့်လိုမျိုးအစားအစာတွေကို မစားမိအောင် နေနိုင်တဲ့အပြင် အစာလွန်ကြူးတာမျိုးလည်း မဖြစ်တော့ ပါဘူး။

ဝက်ခြံပျောက်ကင်းအောင် ရေအေးနဲ့ ရေချိုး ပါ။
သင့်အနေနဲ့ ရေနွေးနဲ့ ရေချိုးခဲ့ရင် တောင်မှ ရေချိုးအပြီးမှာ ရေခဲရေနဲ့ မျက် နှာသစ်ပေးပါ။ ဒါမှမဟုတ် ရေခဲတုံးနဲ့ သင့်မျက်နှာကို ပွတ်ပေးပါ။ မွေးညင်း ပေါက်တွေပိတ်သွားပြီး လန်းဆန်းမှု လည်း ရရှိသွားနိုင်ပါတယ်။

ခေါင်းတစ်ခြမ်းကိုက်ဝေဒနာသက်သာအောင် ရေခဲရေကို အသုံးပြုပါ။
မခံမရပ်နိုင်အောင် ခေါင်းတစ်ခြမ်း ကိုက်ဝေဒနာခံစားနေရပါသလား။ ရေခဲ ရေထည့်ထားတဲ့ ဇလုံတစ်ခုထဲကို သင့် လက်နှစ်ပြီး လက်သီးဆုပ်လိုက်၊ ဖြန့် လိုက်ကို ကြိမ်ဖန်များစွာ ပြုလုပ်ပေးပါ။ ကျွမ်းကျင်သူတွေရဲ့ အဆိုအရ လက်ဟာ အာရုံကြောရဲ့ ဆုံမှတ်ဖြစ်ပြီး ရေအေး ကြောင့် ကျယ်ပြန့်နေတဲ့သွေးကြောတွေ ကို ပြန်လည်ကျုံ့သွားတဲ့အတွက် ခေါင်း တစ်ခြမ်းကိုက်ဝေဒနာ ပြန်လည်သက် သာသွားနိုင်မယ်လို့ သိရပါတယ်။

ခေါင်းမူးဝေဒနာသက်သာအောင် ခြေထောက် တစ်ဖက်အောက်ချလိုက်ပါ။
အိပ်ရာပေါ်ရှိနေချိန်မှာ ခေါင်း အရမ်းမူးနေရင် သင့်ခြေထောက် တစ် ဖက်ကို ခုတင် ဒါမှမဟုတ် မွေ့ရာအောက် ဘက်ကို ချလိုက်ပါ။ သင့်ဦးနှောက်က သင်ရဲ့ ခန္ဓာကိုယ်အနေအထားအမှန်ကို သိရှိအောင် ကူညီနိုင်ပြီး ခေါင်းမူးဝေ ဒနာ သက်သာသွားနိုင်ပါတယ်။

ခြင်ကိုက်ဝေဒနာသက်သာအောင် Vicks ပရုတ်ဆီကို အသုံးပြုပါ။
ခြင်ကိုက်လို့ ယားယံတာကြောင့် ကုတ်ဖဲ့မိတာက ယားယံတဲ့ဝေဒနာ ပိုမို ဆိုးရွားနိုင်ပါတယ်။ ခြင်ကိုက်ထားတဲ့နေ ရာကို Vicks ပရုတ်ဆီနဲ့ လိမ်းပေးတာ ကြောင့် ယားယံတာလျော့ကျသွားနိုင်တဲ့ အပြင် ခြင်ကြောင့်ဖြစ်ပေါ်တဲ့ အဖုအပိမ့် တွေလည်း သက်သာသွားနိုင်ပါတယ်။

မိမိကိုယ်မိမိယုံကြည်ချက် ပြည့်ဝနေအောင် စွမ်းအင်ရယူပါ။
လူအများရှေ့မှာ စကားပြောရမှာ ဒါမှမဟုတ် အရေးကြီးတဲ့ အလုပ်အတွက် အင်တာဗျူးဖြေဆိုရာမှာ အောင်အောင် မြင်မြင်ပြောဆိုနိုင်ဖို့အတွက် စွမ်းအင်ရ ရှိအောင် အောက်ပါအတိုင်း ပြုလုပ်ပါ။
– သင့်လက်နှစ်ဖက်ကို တင်ပါးဘေး မှာချပြီး ဦးခေါင်းမော့ ရင်ကော့ကာ နှစ်မိနစ်ခန့် မတ်တတ်ရပ်ပါ။

ထိခိုက်ဒဏ်ရာရခဲ့ရင် အကျယ်ကြီးအော် ညည်းလိုက်ပါ။
အော်ညည်းတာက နာကျင်မှုဝေဒ နာကို ခံနိုင်ရည်ပိုမိုရရှိကာ နှလုံးခုန်နှုန်း မြန်တက်လာတဲ့အတွက် နာကျင်မှုဝေဒ နာ သက်သာသွားနိုင်ပါတယ်။ ဒါကြောင့် လိမ့်ကျတာလိုမျိုး မတော်တဆ ဒဏ်ရာ ရခဲ့ရင် အော်ညည်းလိုက်ဖို့ မရှက်ပါနဲ့။

သင့်မျက်လုံးတွေကို ဂရုစိုက်နိုင်အောင် ၂၀-၂၀-၂၀ Rule ကို လိုက်နာပါ
သင့်အနေနဲ့ ကွန်ပျူတာ၊ စမတ်ဖုန်း ဒါမှမဟုတ် လက်ပ်တော့တွေကို တစ်နေ့ တာလုံး တစ်စိုက်မတ်မတ်အသုံးပြုနေခဲ့ ရင် သင့်မျက်လုံးပျက်စီးနိုင်ခြေအလွန် မြင့်မားပါတယ်။ ဆက်တိုက်အားစိုက် နေရတာကြောင့် မျက်စိပင်ပန်း ညောင်း ညာနိုင်ပါတယ်။ မျက်စိပျက်စီးမှုမရှိ အောင် ၂၀-၂၀-၂၀ နည်းဥပဒေကို လိုက်နာရမယ်လို့ ကနေဒါနိုင်ငံမှ မျက် စိတ်ကျန်းမာရေးအဖွဲ့က အကြံပေးထား ပါတယ်။ ဒီ မကူန က ကွန်ပျူတာ ဒါမှမ ဟုတ် ဖုန်းကြည့်ချိန် မိနစ် ၂၀ ကြာတိုင်း စက္ကန့် ၂၀ အနားယူ၊ ပေ ၂၀ အကွာအ ဝေးမှာရှိတဲ့ ပစ္စည်းတစ်ခုကို ကြည့်ရတာ ဖြစ်ပါတယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *