သင့်ခံတွင်းကနေ ဘယ်လိုအနံ့တွေ ထွက်ပေါ်နေသလဲ

သွားဖုံးနဲ့ လျှာရဲ့အောက်ဘက်မှာ ဘက်တီးရီးယားပိုးမွှားပေါင်း သန်းချီပြီး ရှင်သန်နေပါတယ်။ သွားတိုက်တာ၊ သွားကြားပွတ်ကြိုး အသုံးပြုတာ၊ အစာ စားပြီး ပလုတ်ကျင်းတာ စတဲ့ အလေ့အထ တွေက ခံတွင်းကျန်းမာပြီး အနံ့ဆိုးကင်း စေပါတယ်။
ကော်ဖီ၊ အရက်သောက်ပြီးတဲ့အခါ၊ အစပ်စာတွေ၊ ကြက်သွန်ဖြူနဲ့ ကြက်သွန် နီတွေ စားပြီးတဲ့အခါ ခံတွင်းနံ့နံတာ သင်လည်း သတိထားမိမှာပါ။ ဒါက ခဏ တာဖြစ်တာ ဖြစ်ပြီး ခံတွင်းသန့်ရှင်းမှု မရှိတာက ခံတွင်း နံ့ဆိုးဖြစ်စေတဲ့ အဓိကအကြောင်းဖြစ်ပါတယ်။ နာတာ ရှည် ခံတွင်းနံ့ဆိုးဖြစ်နေရတဲ့အကြောင်း က တရားခံက ခံတွင်းခြောက်တာကြောင့် ပါ။ ခံတွင်းမှာ လုံလောက်တဲ့ စိုစွတ်မှုမရှိ ရင် ဘက်တီးရီးယားပိုးတွေ ပေါက်ပွားနိုင် ပါတယ်။ ညဘက်အိပ်ချိန်မှာ တံတွေးအ ထွက်နည်းပြီး အာခေါင်ခြောက်တာ ကြောင့် ဘက်တီးရီးယားတွေ ပိုမိုပေါက် ပွားတာကြောင့် မနက်အိပ်ရာထမှာ ခံ တွင်းနံ့ဆိုးကို ဖြစ်စေတာပါ။ ဆေးဝါး တွေရဲ့ ၇၅ ရာခိုင်နှုန်းက ခံတွင်းခြောက် တာကို ဖြစ်စေပါတယ်။ အထူးသဖြင့် စိတ် ကျရောဂါကုဆေး၊ ဟစ္စတာမင်း တား ဆေး၊ သွေးကျဆေး စတဲ့ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ အာခေါင် ခြောက်တာ ဖြစ်တတ်ပါတယ်။ ဒီဆေးတွေ သောက်သုံးရတယ်ဆိုရင် ရေများများ သောက်တာ၊ ပီကေဝါးတာ၊ ဒါမှမဟုတ် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးပြောင်း သောက်တာတွေလုပ်ပါ။

ဆက်စပ်နေသောရောဂါများ
ခံတွင်းနံ့ဆိုးတာက လူ ၁၀၀ မှာ ၁၀ ယောက် ဖြစ်နိုင်ခြေ ရှိပါတယ်။
– အဆုတ်အမြှေးပါးရောင်ခြင်း
– နှာခေါင်းတွင်းလေအိတ်ရောင်ခြင်း
– လည်ချောင်းနဲ့ အာသီးရောင်ခြင်း
– စားချဉ့်ပြန်ခြင်း
– ဆီးချိုသွေးချိုရောဂါ
– အသည်းရောဂါ
– ကျောက်ကပ်ရောဂါ

ပရုတ်လုံးအနံ့ရခြင်း
ဓာတ်မတည့်တာ၊ နှာခေါင်းပိုက် သွင်းပြီးတာ ဒါမှမဟုတ် နှာခေါင်းတွင်း လေအိတ်တွေထဲ ပိုးဝင်တာ စတာတွေ ကြောင့် ခံတွင်းနံ့က ပရုတ်လုံးအနံ့လိုမျိူး ဖြစ်နေတတ်ပါတယ်။ နာတာရှည် နှာခေါင်းတွင်း လေအိတ်ပြဿနာကြောင့် ခံတွင်းထဲက ဘက်တီးရီးယားတွေက အချွဲထဲမှာပါတဲ့ ပရိုတင်းကို ပြောင်းလဲ လိုက်ပါတယ်။

သစ်သီးနံ့ရခြင်း
ဆီးချိုသွေးချိုရှိသူတွေရဲ့ ခံတွင်းနံ့ က သစ်သီးနံ့ရနေတတ်ပါတယ်။ ပုံမှန်အ ခြေအနေမှာ သွေးထဲက သကြားဓာတ်ကို စွမ်းအင်အဖြစ် အသုံးပြုပါတယ်။ အဲဒီလို အသုံးမပြုနိုင်တဲ့အခါ သွေးတွင်းသကြား တွေ များလာပါတယ်။ ဘေးထွက်ဆိုးကျိုး အနေနဲ့ ကီတုန်းထွက်လာပြီး အဲဒီကီတုန်း ကြောင့် သစ်သီးနံ့ကို ဖြစ်စေပါတယ်။ သင့်ခံတွင်းနံ့က သစ်သီးနံ့ဖြစ်နေရင် သွေး တွင်းသကြားဓာတ်ကို စစ်ဆေးဖို့ လိုပါ တယ်။

ကလေးဒိုင်ဗာနံ့ရခြင်း
အာသီးမှာ ဘက်တီးရီးယားပိုးနဲ့ ဗိုင်းရပ်စ်ပိုးတွေကြောင့် အစိုင်အခဲဖြစ် လာတဲ့အခါ ကလေးဒိုင်ဗာနံ့လိုမျိုး ခံတွင်း နံ့ကို ဖြစ်စေပါတယ်။ အာသီးမှာဖြစ်နေတဲ့ အစိုင်အခဲကို မျက်စိနဲ့ မြင်နိုင်ပါတယ်။ ဆရာဝန်နဲ့ ပြသပြီး အာသီးက အစိုင်အခဲ ကို အလွယ်တကူ ဖယ်ရှားနိုင်ပါတယ်။

ပုပ်စော်နံခြင်း
အဆုတ်မှာ ရောဂါရှိသူရဲ့ ခံတွင်းနံ့ က ပုပ်စော်နံနေတတ်ပါတယ်။ အလွန် ဆိုးရွားတဲ့အနံ့ဖြစ်ပါတယ်။ အဆုတ်မှာ ရောဂါရှိတာက ဘက်တီးရီးယားပိုး၊ ဗိုင်း ရပ်စ်ပိုးတွေကြောင့်ဖြစ်နိုင်သလို အဆုတ် ကင်ဆာရောဂါကြောင့်လည်း ဖြစ်နိုင်ပါ တယ်။ အခုဆိုရင် ခံတွင်းနံ့နဲ့ အဆုတ်ကင် ဆာ ရှိ၊ မရှိ စမ်းသပ်နိုင်တာကိရိယာကို သုတေသနတွေ ပြုလုပ်နေပြီ ဖြစ်ပါ တယ်။ သင့်ခံတွင်းနံ့က ပုပ်စော်လိုအနံ့ မျိုး ရနေခဲ့ရင် အချိန်မဆွဲဘဲ ဆရာဝန်နဲ့ ပြသပြီး စစ်ဆေးမှု ခံယူသင့်ပါတယ်။

ခံတွင်းသန့်စေရန် ပြုလုပ်သင့်သော အချက် များ
ခံတွင်းကျန်းမာပြီး အနံ့ဆိုးကင်းစေ ရန် ပြုလုပ်သင့်တဲ့အချက်တွေက
– သွားဆရာဝန်နဲ့ ခြောက်လ တစ်ကြိမ် ပြသပါ
– တစ်နေ့ နှစ်ကြိမ် သွားပုံမှန်တိုက်ပါ
– သွားကြားပွတ်ကြိုး အသုံးပြုပါ
– ရေ လုံလောက်စွာ သောက်ပါ
– ခံတွင်းသန့်ဆေးရည် အသုံးပြုပါ
– လျှာပွတ်တံ သုံးပါ
– ပီကေဝါးပါ
– လက်ဖက်ရည်ကြမ်း သောက်ပါ
– အကျိုးပြုဘက်တီးရီးယား ဖြည့်စွက်ပါ။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal