သင့်ခန္ဓာကိုယ်ကို ကြင်နာပါ

နှာခေါင်းကျန်းမာရေးဂရုစိုက်ဖို့ အတွက် – ပူဒီနာကို ပုံမှန်စားသုံးပါ။
နှလုံးကျန်းမာရေးကောင်းမွန်ဖို့အတွက် – ဆားအလွန်အကျွံမစားသုံးပါနဲ့။
အဆုတ်ကျန်းမာရေးကောင်းမွန်ဖို့အတွက် – ဆေးလိပ်မသောက်ပါနဲ့။
လည်ချောင်းကျန်းမာရေးကောင်းမွန်ဖို့အတွက် – ငရုတ်ကောင်းမကြာခဏစားပါ။
အူအတက်ကျန်းမာရေးကောင်းမွန်ဖို့အတွက် – သံပရာရည် မကြာခဏသောက်ပါ။
ကျောက်ကပ်ကျန်းမာရေးဂရုစိုက်ဖို့အတွက် – အိပ်ရာမဝင်ခင် ဆီးသွားပါ။

ညဘက်မှာ ရေလျှော့သောက်ပါ။ နေ့ခင်း ဘက်မှာ ရေများများသောက်ပါ။

အရန်သင့်စားသုံးရမယ့်အစားအစာ တွေကိုစားမယ့်အစား ဟင်းသီးဟင်းရွက် ပိုမိုစားသုံးပါ။
ဆီးလမ်းကြောင်းကျန်းမာရေးဂရုစိုက်ဖို့အတွက် – ကြက်သွန်နီကို ပုံမှန်စားပေးပါ။
ဓမ္မတာလာနေစဉ် ကျန်းမာနေဖို့အတွက် – ရွှေပဲသီးကို ပုံမှန်စားပေးပါ။
မျက်စိကျန်းမာရေးဂရုစိုက်ဖို့အတွက် – အိပ်ရာမဝင်ခင် ခြေဖဝါးကို နှိပ်နယ်ပါ။
အစာအိမ်ကျန်းမာရေးဂရုစိုက်ဖို့အတွက် – အအေးစာတွေ ရှောင်ပါ။
အသည်းကျန်းမာရေးဂရုစိုက်ဖို့အတွက် – အဆီများလွန်းတဲ့အစားအစာတွေကို ရှောင်ပါ။
ဦးနှောက်ကျန်းမာရေးကို ဂရုစိုက်ဖို့အတွက် – အိပ်စက်ချိန် ရှစ်နာရီအပြည့်ရအောင် အိပ်စက်ပါ။

ဒေါက်တာခင်မိုးမိုး 

Post Author: Good Health Journal