သင့်မျက်နှာပေါ်လုံးဝမတင်သင့်သောအရာများ

ဘယ်သူတွေ ဘယ်လိုပဲကောင်းတယ်ညွှန်းပါစေ မျက်နှာပေါ် မတင်သင့် တဲ့အရာတွေရှိပါတယ်။ ကောင်းကျိုးထက် ဆိုးကျိုးက ပိုသာတာကြောင့် ဘာ တွေက မျက်နှာပေါ်မတင်သင့်တဲ့အရာတွေလဲဆိုတာ သိရှိထားသင့်ပါတယ်။

ဟိုက်ဒရိုကော်တီဇုမ်းခရင်မ်
တချို့အခြေအနေတွေမှာ ဆေးဝါး ကုသဖို့အတွက် အသုံးပြုရတယ်ဆိုပေ မယ့် ဆရာဝန်ညွှန်ကြားချက်မရှိဘဲ ကိုယ့် သဘောနဲ့ကိုယ် မသုံးသင့်ပါ။ မျက်နှာပေါ် က သွေးကြောတွေကို ပေါက်ကွဲစေတတ် ပါတယ်။ အဆီဂလင်းတွေ အလုပ်ပိုလုပ် စေပြီး အဆီပြန်ကာ ဝက်ခြံတွေလည်း ဖြစ်လာစေပါတယ်။

မိခင်နို့ရည်
မွေးစကနေ ခြောက်လအထိ က လေးငယ်တွေအတွက် မိခင်နို့ရည်က အ ကောင်းဆုံးအာဟာရပါ။ တချို့ Sစas တွေက နို့ရည်ကို မျက်နှာမှာ အသုံးပြုရင် ဝက်ခြံတွေ ပျောက်ကင်းပြီး အသားအရေ နူးညံ့တယ်လို့ပြောဆိုတာတွေ ရှိပါတယ်။ ထိခိုက်စေတာမဟုတ်ပေမယ့် မိခင်နို့ ရည်ထဲမှာပါတဲ့ Lauric acid နဲ့ ထုတ် လုပ်ထားတဲ့ အလှပြင်ထုတ်ကုန်တွေကို သာ အသုံးပြုသင့်ပါတယ်။

ချိုင်းချွေးနံ့ပျောက်ဆေး
ချိုင်းချွေးနံ့ပျောက်ဆေးက မျက်နှာ ပေါ်က ချွေးပေါက်တွေကို ပိတ်စေတတ် ပါတယ်။ တုံ့ပြန်လွယ်သူတွေမှာ ဓာတ် မတည့်တာတွေ ဖြစ်တတ်ပါတယ်။

ပျားရည်
ဒဏ်ရာတွေမှာ အသုံးပြုတာကို ဟိုး ရှေးခေတ်ကတည်းက ပြုလုပ်ခဲ့ကြပါ တယ်။ ဒီနေ့ခေတ်အထိ တချို့နေရာတွေ မှာ သုံးစွဲနေကြပါသေးတယ်။ ပျားရည်က ပိုးသေစေပြီး ရောင်ရမ်းမှုကို လျော့နည်း စေပါတယ်။ လေ့လာမှုတစ်ခုမှာ ပျားရည် က ပိုးသတ်အာနိသင်ရှိတဲ့ ဆပ်ပြာတွေ လောက် မကောင်းဘူးလို့ သိရပါတယ်။

ဆံပင်ဆိုးဆေး
ဆံပင်အရောင်ဆိုးဆေးတွေက မျက်ခုံးမွေးအရောင်တင်ဖို့ မသင့်တော်ပါ ဘူး။ အရောင်ဆိုးဆေးတွေမှာ ပါအောက် ဆိုဒ်တွေ များစွာပါလို့ အရေပြားကို လောင်စေတာနဲ့ မျက်လုံးထိခိုက်တာတွေ ဖြစ်နိုင်လို့ပါ။

ဆံပင်ဖျန်းဆေး
ဆံပင်ဖျန်းဆေးတွေကို မျက်နှာပေါ် က မိတ်ကပ်တွေ တာရှည်ခံစေဖို့ မိတ် ကပ်လိမ်း၊ ပြင်ဆင်ပြီးချိန်မှာ မျက်နှာပေါ် ဖျန်းပြီး မသုံးသင့်ပါ။ ဆံပင်အတွက် သီး သန့်ထုတ်လုပ်ထားတာဖြစ်လို့ အရေပြား ကို ခြောက်သွေ့စေပြီး ဓာတ်မတည့်မှု တွေ ဖြစ်နိုင်ပါတယ်။

သံပရာရည်
သံပရာရည်မှာ ဗီတာမင် စီတွေ များ စွာပါဝင်လို့ အသားအရေကို နူးညံ့ပြီး တောက်ပစေပါတယ်။ အရေးကြောင်းတွေ လည်း လျော့နည်းစေပါတယ်။ ဒါပေမဲ့ အက်စစ်ဓာတ်ဖြစ်တာကြောင့် မျက်နှာမှာ ယားယံတာ၊ နီမြန်းတာနဲ့ ရောင်ရမ်းတာ တွေ ဖြစ်စေပါတယ်။

အုန်းဆီ
အရေပြားအတွက် ကောင်းတယ်ဆို ပြီး စန်းတင်ပြောကြပါတယ်။ အုန်းဆီထဲ မှာ Lauric acid ပါဝင်ပြီး ၉၀ ရာခိုင်နှုန်း က ပြည့်ဝဆီတွေဖြစ်တာကြောင့် မျက်နှာ ပေါ်က ချွေးပေါက်တွေကို ပိတ်စေပါ တယ်။ ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေမှာ အသားအရေ အလွန်အမင်းခြောက်တာ နဲ့ နှင်းခူဖြစ်တာတွေမှာ သုံးနိုင်ပါတယ်။

ပူလွန်းတဲ့ရေ၊ အေးလွန်းတဲ့ရေ
မျက်နှာပေါ်မှာ ပူလွန်းတဲ့ရေ၊ အေး လွန်းတဲ့ရေတွေ လုံးဝမတင်မိပါစေနဲ့။ ရေပူလွန်းတာကြောင့် မျက်နှာပေါ်က အစိုဓာတ်ကို ဖယ်ရှားလိုက်နိုင်ပါတယ်။ အဲဒီအစား အဆီဂလင်းတွေက အလုပ်ပို လုပ်လို့ မျက်နှာအဆီပိုပြန်လာစေပါ တယ်။

ကပ်ခွာ
နှာခေါင်း၊ မေးစေ့တွေမှာ အများဆုံး ဖြစ်တတ်တဲ့ အမည်းရောင်အဆန်လေး တွေ ပြူးထွက်နေတတ်တဲ့ဝက်ခြံတွေကို ဖယ်ရှားဖို့အသုံးပြုကြတဲ့ ကပ်ခွာတွေကို မျက်နှာပေါ် အသုံးမပြုသင့်ပါ။ အရေပြား ခြောက်သွေ့စေပြီး ချွေးပေါက်တွေကို လည်း အကုန်လုံးသန့်စင်အောင် မလုပ် နိုင်ပါဘူး။ ဒါ့အပြင် သွေးကြောမျှင်လေး တွေကို ပျက်စီးစေပြီး အရေပြားကို နီရဲ တာ၊ ရောင်ရမ်းတာတွေအထိ ဖြစ်နိုင်ပါ တယ်။

ကလေးလိုးရှင်း
မျက်နှာအစိုဓာတ်ထိန်းဖို့အတွက် ကလေးလိုးရှင်းတွေ မလိမ်းသင့်ပါ။ က လေးလိုးရှင်းတွေက နည်းနည်းပိုပျစ်တာ ကြောင့် မျက်နှာပေါ်က ချွေးပေါက်တွေ ကို ပိတ်စေပါတယ်။ အမွှေးနံ့နဲ့ တခြားပါ ဝင်ပစ္စည်းကလည်း ဓာတ်မတည့်တာမျိုး ဖြစ်တတ်ပါတယ်။

လက်သည်းဆိုးဆေး
တချို့တွေက မျက်နှာပေါ် ဆေး ရောင်ခြယ်ဖို့ လက်သည်းဆိုးဆေး တချို့ ကို အသုံးပြုတတ်ကြပါတယ်။ လက် သည်းဆိုးဆေးကိုခြေသည်း၊ လက်သည်း နေရာတွေကလွဲရင် အသုံးမပြုသင့်ပါဘူး။ သူ့ထဲမှာပါဝင်တာတွေက အရေပြားကို ယားယံစေနိုင်တာကြောင့်ပါ။ ပြီးတဲ့အခါ ပြန်ပြီးဖျက်ဖို့လည်း ခက်ခဲတတ်ပါတယ်။ လက်သည်းဆိုးဆေးထဲမှာပါဝင်တဲ့ Ac­e­­tones က မျက်နှာအရေပြားကို ကြမ်း တမ်းပြီး ပျက်စီးစေနိုင်ပါတယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal