သင့်မှာနှလုံးရောဂါဖြစ်နိုင်ခြေများတဲ့အမူအကျင့်တွေရှိနေလား

သတိမထားမိဘဲ လုပ်နေမိတဲ့ အမူအကျင့် တွေက နှလုံးရောဂါဖြစ်နိုင်ခြေများတာတွေ ဖြစ် နေပြီလားသိရှိစေဖို့ ရေးသားလိုက်ပါတယ် …

လမ်းလျှောက်ရန် ပျင်းရိလွန်းခြင်း
ဈေးဝယ်ထွက်တာ၊ ဘဏ်သွားတာ၊ ဆေးဆိုင်သွားတာ၊ မိတ်ဆွေအပေါင်းအ သင်းတွေနဲ့ ညစာအတူစားဖို့ ချိန်းတာ စတဲ့ သင့် အိမ်အနီးတစ်ဝိုက်ကိုသွားလာဖို့ လိုအပ်တဲ့အခါ လမ်းလျှောက်သွားရမှာ ပျင်းလို့ ကားစီးသွားတာ၊ ကားမောင်းသွား တာတွေက မထင်မှတ်ဘဲ နှလုံးကျန်းမာ ရေးကို ထိခိုက်စေပါတယ်။ အိမ်တွင်းမှာ လည်း တီဗီဖွင့်တာ၊ မီးခလုတ်ပိတ်တာ စတာတွေကိုလည်း ကိုယ်တိုင်လုပ်ပါ။ ထိုင်ရာကထဖို့ ပျင်းလို့ သူများကို ခိုင်း တာမျိုး တတ်နိုင်သမျှရှောင်ပါ။ တစ်နေ့ ကို ခြေလှမ်းပေါင်း တစ်သောင်းလမ်း လျှောက်တာက တစ်နေ့ ၄၅ မိနစ်လေ့ ကျင့်ခန်းလုပ်တာနဲ့ ညီမျှပါတယ်။

ကျန်းမာရေးနှင့် မညီညွတ်သော သရေစာ များစားသုံးခြင်း
အသင့်စား အစားအစာတွေမှာ သ ကြားနဲ့ ဆားပါဝင်မှုများတာကြောင့် သွေး ဖိအားကို မြင့်တက်စေတဲ့အပြင် သွေး တွင်းမှာ ထရွိုင် ဂလစ်စရိုက်အဆီတွေ လည်း များလာစေပါတယ်။ အဆင်သင့် အစာတွေက အဆင့်ဆင့် ပြုပြင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်တွေနဲ့ လုပ်ထားတာ ကြောင့် အစာကို စားပြီးရင်းစားချင် စိတ် ဖြစ်ပေါ်တာကြောင့် အစာပိုစားမိစေပါ တယ်။ ဒါကြောင့် သင့်အနေနဲ့ သရေစာ စားမယ်ဆိုရင် အစေ့အဆန်စားပေးတာ က သွေးတွင်း မကောင်းတဲ့ကိုလက်စထ ရောကို လျှော့ချပေးပြီး နှလုံးကျန်းမာရေး ကို အထောက်အကူဖြစ်စေပါတယ်။

အချိုရည်များ သောက်သုံးခြင်း
အားဖြည့်အချိုရည်တွေမှာ သကြား များ စွာပါဝင်ပါတယ်။ အမျိုးသမီးတွေက တစ်နေ့ကို သကြားလက်ဖက်ရည်ဇွန်း ခြောက်ဇွန်း (၁၀၀ ကယ်လိုရီ)နဲ့ အမျိုး သားတွေက တစ်နေ့ကို သကြားလက် ဖက်ရည်ဇွန်းကိုးဇွန်း (၁၅၀ ကယ်လိုရီ) စားသုံးတတ်ကြပါတယ်။ အားဖြည့်အချို ရည် ၁၂ အောင်စမှာ သကြား လက်ဖက် ရည်ဇွန်း ရှစ်ဇွန်း(၁၃၀ ကယ်လိုရီ) ပါဝင် ပါတယ်။ သင်က သကြားစားသုံးတာများ ပါက သွေးတွင်းထရိုင်ဂလစ်စရိုက်အဆီ ပမာဏများလာပါတယ်။ ဒီအဆီက သွေး ကို ပျစ်ခဲစေတာကြောင့် နှလုံးနဲ့ သွေး ကြောဆိုင်ရာ နောက်ဆက်တွဲပြဿနာ တွေကို ဖြစ်ပေါ်စေပါတယ်။

စိတ်ဖိစီးမှုများသော နေထိုင်မှုပုံစံရှိခြင်း
သင်က တစ်ချိန်တည်းမှာ အလုပ် နှစ်ခု၊ သုံးခုကို တစ်ပြိုင်တည်းလုပ်တတ် သူ ဖြစ်ပါက နှလုံးရောဂါဖြစ်နိုင်ခြေ ပိုမို များပြားပါတယ်။ စိတ်ဖိစီးမှုများတဲ့ သင် ရဲ့နေထိုင်မှုပုံစံက နှလုံးရောဂါဖြစ်စေတဲ့ လက္ခဏာတစ်ရပ်ဖြစ်နေပါတယ်။ အလုပ် အရမ်းလုပ်တာ၊ အချိန်နည်းနည်းအတွင်း မှာအလုပ်များများပြီးမြောက်ချင်ဇောကြီး တာ၊ စကားမြန်မြန်ပြောပြီး ထမင်းမြန်မြန် စားတာတွေကလည်း စိတ်ဖိစီးမှုနဲ့ ဆက် စပ်နေပါတယ်။ စိတ်ဖိစီးမှုက နာတာရှည် လာတဲ့အခါ နှလုံးခုန်နှုန်းမြန်တာ၊ သွေး ဖိအားများတာဖြစ်ပေါ်စေပြီး သွေးကြော တွေရဲ့ နံရံတွေကို ပျက်စီးစေပါတယ်။

အိပ်စက်ချိန် နည်းလွန်းခြင်း
ညဘက် အိပ်ရာဝင်နောက်ကျပြီး မနက်စောစောအိပ်ရာထတာကြောင့် အိပ်ရေးမ၀ ဖြစ်တာက သင့်နှလုံးကျန်းမာ ရေးကိုထိခိုက်စေနိုင်ပါတယ်။ လုံလောက် စွာ အိပ်စက်နားနေမှုမရှိတာက သင့်နှလုံး ကို အလုပ်ပိုစေပါတယ်။ ပုံမှန် အိပ်စက် အနားယူတာက သွေးဖိအားကျဆင်းစေ ပြီး နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်စေပါတယ်။ ပုံမှန်အိပ်စက်အနားယူသူတွေဟာ နှလုံး စွမ်းဆောင်ရည်ကျဆင်းမှုနဲ့ နှလုံးတိုက် ခိုက်ခံရနိုင်ခြေတွေကို လျော့နည်းကျဆင်း စေပါတယ်။ သင်က အိပ်စက်မှုနဲ့ပတ် သက်ပြီး အခက်အခဲရှိမယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသတိုင်ပင်ဖို့လိုပါတယ်။

အပန်းဖြေခရီး မထွက်ခြင်း
အားလပ်ရက်တွေမှာ စိတ်ဖိစီးမှုတွေ ကို အနားယူအပန်းဖြေဖို့ခရီးထွက်တာက သင့်နှလုံးကျန်းမာရေးကိုများစွာအထောက် အကူဖြစ်စေပါတယ်။ အားလပ်ရက်မှာ အပန်းဖြေခရီးမထွက်တာကြောင့် နှလုံး ရောဂါဖြစ်ပွားနိုင်ခြေမြင့်မားနိုင်ပါတယ်။ ၁၉၉၀ ပြည့်နှစ်ကနေ နှစ်ပေါင်း ၂၀ ကြာ ပြုလုပ်တဲ့ သုတေသနမှာအမျိုးသမီး ၇၅၀ ဦးကိုလေ့လာခဲ့ရာ ခြောက်နှစ်အတွင်း အားလပ်ရက်အပန်းဖြေ ခရီးတစ်ကြိမ်တစ် ခါမှ မထွက်သူတွေဟာ နှလုံးရောဂါဖြစ် ပွားနိုင်ခြေ ၅၀-၁၀၀ ရာခိုင်နှုန်းအထိ ပို မိုများနိုင်တယ်လို့တွေ့ရှိခဲ့ပါတယ်။ တစ် နှစ်ကို အားလပ်ရက်အပန်းဖြေခရီး နှစ် ကြိမ်ထွက်သူတွေဟာ တစ်ကြိမ်မှ ခရီး မထွက်သူတွေထက် နှလုံးကျန်းမာရေးပို မိုကောင်းမွန်တာကိုလည်းတွေ့ရပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *