သင့်လက်သည်းကြွပ်ဆတ်ခြင်းက ပြောပြနေသော ကျန်းမာရေးအခြေအနေ

လက်သည်း၊ ခြေသည်းနဲ့ပတ်သက်လာရင် လူအများစုက ရှည်လာတဲ့လက် သည်းတွေ ညှပ်ထုတ်ဖို့၊ လက်သည်းခြေသည်းနီဆိုးဖို့နဲ့ လက်သည်းကို အလှဆင်ဖို့ လောက်ကိုသာ တွေးမိတတ်ကြပါတယ်။ မျက်လုံး၊ နှာခေါင်းပေါက်နဲ့ မျက်နှာအသွင် အပြင်တွေကိုကြည့်ပြီး ကျန်းမာရေးပြဿနာတွေကို သိရှိနိုင်သလိုပဲ လက်သည်းကြွပ် ဆတ်တဲ့အခြေအနေကို ကြည့်ပြီးတော့လည်း ကျန်းမာရေးပြဿနာတွေကို ဖော် ထုတ်နိုင်ပါတယ်။
လက်သည်းကြွပ်ဆတ်တယ်ဆိုတာကို အဓိပ်္ပာယ်ဖွင့်ဆိုရမယ်ဆိုရင် လက်သည်း အလွယ်တကူ အက်တာ၊ ကျိုးပဲ့တာ၊ ကွာတာတွေအားလုံးကို ဆိုလိုပြီး ဒီလိုဖြစ်ရတာ ဟာ အသက်ကြီးလာတာ၊ လက်သည်းနီကို နေ့စဉ်အသုံးပြုတာ၊ ပန်းကန်ဆေးတာ ဒါမှမဟုတ် ရေကူးတာလိုမျိုး အရေပြားခြောက်သွေ့စေနိုင်တဲ့အပြုအမူအပါအ၀င် အစရှိတဲ့ အကြောင်းအမျိုးမျိုးတွေကြောင့်ပါ။
လက်သည်းကြွပ်ဆတ်တာဟာ အပယိကပြဿနာကနေ ဆိုးရွားတဲ့ကျန်းမာရေး အခြေအနေအထိ ဖြစ်နိုင်တာမို့ ဒါနဲ့ပတ်သက်ပြီး ဖော်ပြပေးလိုက်ပါတယ်။

၁။ မှိုပိုးကူးစက်ခံရတာကြောင့်ပါ
လက်သည်းထူပြီး အ၀ါရောင်သမ်းကာ ကြွပ်ဆတ်နေတာက မှိုပိုးကူးစက်ခံရ တာကြောင့် ဖြစ်ပါတယ်။ များသောအားဖြင့် ခြေသည်းတွေက လက်သည်းတွေထက် ပိုမိုပြီး မှိုပိုးကူးစက်ခံရတတ်ပါတယ်။
မှိုပိုးကူးစက်တာကနေ ကာကွယ်နိုင်အောင် အများသုံးဧရိယာထဲကို ဖိနပ်မပါဘဲ လမ်းမလျှောက်ပါနဲ့။ သင်စီးတဲ့ဖိနပ်ကို သန့်သန့်ရှင်းရှင်းထားပါ။ သင့်ခြေသည်းလက် သည်းတွေကို အစိုဓာတ်ထိန်းခရင်မ်လိမ်းပေးပါ။ အကယ်၍ သင့်ခြေသည်း ဒါမှမ ဟုတ် လက်သည်းမှာ မှိုပိုးကူးစက်ခံနေရရင် အရေပြားအထူးကုဆရာဝန်နဲ့ပြသပြီး ကုသမှု ခံယူပါ။

၂။ သိုင်းရွိုက်ရောဂါကြောင့်ပါ
လက်သည်းခြေသည်းကြွပ်ဆတ်တာက သိုင်းရွိုက်ပြဿနာရဲ့ လက္ခဏာတစ်ခု လည်း ဖြစ်နိုင်ပါတယ်။ သိုင်းရွိုက်ရောဂါဟာ အမျိုးသမီးတွေမှာ အဖြစ်များပြီး သိုင်း ရွိုက်အကျိတ်ကနေ ခန္ဓာကိုယ်လုပ်ငန်းဆောင်တာတွေ ချောချောမွေ့မွေ့ ပြုလုပ်နိုင် မယ့် ဟော်မုန်းတွေကို လုံလုံလောက်လောက် မထုတ်လုပ်နိုင်တာကြောင့်ပါ။ သိုင်း ရွိုက်ရောဂါရှိနေရင် လက်သည်းခြေသည်းတွေ ခြောက်သွေ့ကြွပ်ဆတ်နေပြီး အလွယ် တကူ ကျိုးပဲ့နိုင်ပါတယ်။ ဒါ့အပြင် ကိုယ်အလေးချိန်နဲ့ ခန္ဓာကိုယ်အပူချိန် တက်လိုက် ကျလိုက် ဖြစ်တတ်ပါတယ်။ ဆရာဝန်နဲ့ပြသပြီး ကုသမှုခံယူရပါမယ်။

၃။ သွေးအားနည်းရောဂါကြောင့်ပါ
သင့်လက်သည်းခြေသည်းတွေက ကျိုးပဲ့လွယ်ပြီး ခြေဖျားလက်ဖျားတွေ အေး နေခဲ့ရင် သွေးအားနည်းရောဂါရဲ့ လက်္ခဏာဖြစ်ပါတယ်။ ဓမ္မတာသွေးဆင်းများတာ၊ ကိုယ်ဝန်ဆောင်ထားရတာ၊ ခန္ဓာကိုယ်တွင်း သံဓာတ်နဲ့ ဗီတာမင် ဘီ ၁၂ ချို့တဲ့တာ ဒါမှမဟုတ် ကျောက်ကပ်ပြဿနာဖြစ်တာကြောင့် သွေးအားနည်းရောဂါရရှိနိုင်ပါ တယ်။
သံဓာတ်နဲ့ဗီတာမင် ပါဝင်မှုမြင့်မားတဲ့အစားအစာတွေကို စားသုံးပါ။ ဒါမှမဟုတ် ဆရာဝန်နဲ့တိုင်ပင်ပြီး အားဖြည့်ဆေးတွေ မှီဝဲပါ။

၎။ စိတ်ဖိစီးမှုများတာကြောင့်နဲ့ ထပ်ခါတလဲလဲပြုလုပ်တတ်တဲ့အပြုအမူ ကြောင့်ပါ
တချို့လူတွေက စိတ်ဖိစီးမှုများလာရင် လက်သည်းကိုက်တတ်တဲ့အကျင့်ရှိပါ တယ်။ တချို့ကျတော့လည်း ထပ်ခါတလဲလဲ ပြုမူတတ်တဲ့အကျင့်ကြောင့် လက်သည်း ကိုက်တတ်ပါတယ်။ ဘယ်လိုပဲ ကိုက်ကိုက်၊ ဒီအကျင့်တွေကို ဖျောက်ပစ်ရပါမယ်။ လက်သည်းတွေဟာ အရာဝတ္တုမျက်နှာပြင်တွေနဲ့ တစ်ချိန်လုံး ထိတွေ့နေရတဲ့အတွက် ဘက်တီးရီးယားတွေ ခိုအောင်းတဲ့နေရာဖြစ်နေပါတယ်။ လက်သည်းကိုက်တာကြောင့် ဘက်တီးရီးယားတွေက ခန္ဓာကိုယ်ထဲ အလွယ်တကူ ၀င်ရောက်နိုင်ပြီး ရောဂါရနိုင်ပါ တယ်။ လက်သည်းကိုက်ချင်လာရင် ပီကေ၀ါးလိုက်ပါ။

၅။ ကြွပ်ရောဂါနဲ့ အဆစ်ရောင်ရောဂါရဲ့ လက္ခဏာပါ
ကြွပ်ရောဂါရှိသူတွေဟာ သူတို့ရဲ့ လက်သည်းတွေက အက်ကွဲလာပြီး ၀ါနီရောင် သန်းနေတတ်ပါတယ်။ ဈေးကွက်ထဲမှာ ကြွပ်ရောဂါအတွက် လိမ်းဆေးနဲ့ သောက် ဆေးတွေ အများအပြားရှိတာကြောင့် အရေပြားအထူးကုဆရာဝန်နဲ့ ပြသပြီး ကုသမှု ခံယူပါ။ အဆစ်ရောင်ရောဂါရှိသူတွေရဲ့ လက်သည်းခြေသည်းတွေဟာ အပေါက်လေး တွေဖြစ်နေရင် အလွယ်တကူ ကျိုးပဲ့နေပါတယ်။ သူတို့အဆစ်တွေက ရောင်ရမ်းပြီး နာကျင်နေတတ်ပါတယ်။ အဆစ်ရောင်ရောဂါပျောက်ဆေးဝါးတွေအသုံးပြုတာ၊ အဆစ်နဲ့ ကြွက်သားတွေ သန်မာအောင် ကာယကုထုံးအသုံးပြုတာတွေ ပြုလုပ်ရပါ မယ်။

Tips!
သင့်လက်သည်းခြေသည်းသန်မာအောင်
♦ ဗီတာမင် အီး ပါဝင်တဲ့အစိုဓာတ်ထိန်းလိမ်းဆေးခရင်မ်တွေကို လက်သည်းခြေ သည်းတွေပေါ်မှာ အမြဲတမ်းလိမ်းပေးပါ။
♦ ပန်းကန်ဆေးတာ၊ အ၀တ်လျှော်တာတွေပြုလုပ်ရင် လက်အိတ်ဝတ်ထားပါ။
♦ အစီတုန်းနဲ့ ဖော်မော်ဒီဟိုက်မပါဝင်တဲ့ လက်သည်းဖျက်ဆေးတွေကိုသာ အသုံး ပြုပါ။ ဒီဓာတုပစ္စည်းနှစ်မျိုးက လက်သည်းတွေကို အလွန်ခြောက်သွေ့နိုင်တာ ကြောင့်ပါ။
♦ သင်သွားလေရာနေရာကို hand cream သယ်ဆောင်သွားပါ။

◘ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *