သင့်လက်အရွယ်အိုမင်းရခြင်းအကြောင်းရင်းနှင့်ဖြေရှင်းနည်းများ

ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ အရွယ်နုပျိုစေတဲ့ ထုတ်ကုန်အများစုဟာ မျက်နှာအတွက်သာ အဓိကထားပြီးထုတ် လုပ်ထားတာပါ။ သင့်အနေနဲ့ ဒီထုတ် ကုန်တွေကို အသုံးပြုပြီး သင့်မျက်နှာက ဘယ်လောက်ပဲ အရွယ်တင်နုပျိုနေပါစေ၊ လက်တွေမှာ အရေးကြောင်းတွေပေါ် တာလိုမျိုး ဇရာရဲ့လက္ခဏာတွေပေါ်နေ ရင်အသက်ကြီးနေပြီဆိုတာကို ဖုံးဖိလို့ ရမှာမဟုတ်ပါဘူး။ ဒါကြောင့် သင့်လက် အရွယ်အိုမင်းရတဲ့အကြောင်းရင်းတွေနဲ့ ဖြေရှင်းနိုင်တဲ့နည်းလမ်းတွေကို ဖော်ပြ ပေးလိုက်ပါတယ်။

၁။ သက်ကြီးအစက်အပြောက်များ(Age Spots)
သက်ကြီးအစက်အပြောက်လို့ နာ မည်တွင်ပေမယ့် အသက်ကြီးတာတစ် မျိုးတည်းနဲ့ ဆက်စပ်နေတာ မဟုတ်ပါ ဘူး။ နေရောင်နဲ့ ထိတွေ့မှုအလွန်များ တာကြောင့် သင့်လက်မှာ သက်ကြီးအ စက်အပြောက်တွေ ပေါ်ပေါက်လာနိုင် ပါတယ်။ ဒါပေမဲ့ သူတို့ဟာ အသက် ၅၀ နောက်ပိုင်းမှာသာ ပေါ်ပေါက်လာတဲ့အ တွက် သက်ကြီးအစက်အပြောက်လို့ အ မည်တွင်နေတာပါ။ သက်ကြီးအစက် အပြောက်တွေ သင့်လက်မှာ မပေါ်စေ ချင်ရင် နေပူထဲထွက်တိုင်း SPF 30 ပါဝင် တဲ့ sunscreen ကို လိမ်းပေးပါ။ ဒါ့အပြင် အစက်အပြောက်တွေ မှေးမှိန်သွားအောင် ဟိုက်ဒရိုကွီနုန်း ၂-၃ ရာခိုင်နှုန်း ပါဝင်တဲ့ ခရင်မ်ကို လိမ်းပေးနိုင်ပါတယ်။

၂။ အရေးကြောင်း အတွန့်အခေါက် ပေါ်ခြင်း
လက်တွေမှာ အရေးကြောင်းအ တွန့်အခေါက်တွေပေါ်တာက သင့်ကို အို မင်းနေပုံပေါက်စေပါတယ်။ ရက်တီနွိုက် ပါဝင်တဲ့ လိမ်းဆေးကိုအသုံးပြုရင် သက် သာနိုင်ပါတယ်။ ဒီလိမ်းဆေးတွေက အ ရေပြားမှာရှိတဲ့ ကော်လာဂျင်ထုတ်လုပ်မှု ကို ကောင်းမွန်စေတဲ့အတွက် အရေး ကြောင်းတွေလျော့ကျသွားတယ်လို့ နယူး ယောက်တက္ကသိုလ်မှ အရေပြားအထူးကု တွေက ဆိုပါတယ်။

၃။ သွေးကြောများထောင်နေခြင်း
သင့်လက်တွေက ဘဲခြေထောက်က အရေပြားလိုမျိုး အကြောတွေ ပြိုင်းပြိုင်း ထနေမယ်ဆိုရင် သင့်ကို အရွယ်အိုမင်း ပုံပေါက်စေပါတယ်။ ဒါတွေ ပျောက်ကင်း ဖို့အတွက်ကတော့ ခွဲစိတ်ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ ယာယီသက်သာစေချင် ရင်တော့ အပြင်ထွက်ရင် လက်ပေါ်မှာ ကွန်ဆယ်လာဖုံးအုပ်သွားပါ။

၎။ အရေပြားအဖတ်အဖတ်များဖြစ် နေခြင်း
အရေပြားအဖတ်အဖတ်တွေ ဖြစ် နေတာက အရေပြားခြောက်သွေ့ပြီး ကြမ်းတမ်းနေတာကြောင့်ပါ။ အရွယ်အို မင်းပုံပေါက်ပြီး ဆွဲဆောင်မှုကင်းမဲ့စေပါ တယ်။ ညအိပ်ရာဝင်စဉ်မှာ အောက်ပါ အတိုင်း လက်ကိုသေချာဂရုစိုက်ရပါမယ်။
– လက်မှာရှိတဲ့ဆဲလ်သေတွေကိုကြေး ချွတ်ပြီး ဖယ်ရှားပစ်ပါ။
– တစ်ညတာလုံး အစိုဓာတ်ရရှိစေဖို့ ဂလစ်ဆရင်းပါတဲ့ အစိုဓာတ်ထိန်း ခရင်မ်လိမ်းပေးပါ။
– အားလုံးပြီးရင် ချည်သားလက်အိတ် ဝတ်ကာ အိပ်ပါ။

၅။ လက်သည်းအရောင်စွန်းခြင်း
သင့်လက်သည်းတွေမှာ အဝါရောင် ဒါမှမဟုတ် အညိုရောင်သန်းနေရတဲ့အ ကြောင်းရင်းများစွာ ရှိပါတယ်။ လက် သည်းနီအဆိုးလွန်တာ၊ မှိုပိုးကူးစက်ခံရ တာ၊ ကြွပ်(ဂျွတ်)အတွက် ဆေးဝါးကုသမှု ခံယူထားတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ရှောက်သီးကို စိတ်ကာ လက်သည်းခြေ သည်းများပေါ် ပွတ်ပေးပါ။ သွားသန့်စင် ရည်ထဲကို သင့်လက်သည်းတွေ မိနစ် ၂၀ ခန့်စိမ်ပေးတာကလည်း လက်သည်း ပေါ်က စွန်းထင်းနေတဲ့ အရောင်တွေ ကျွတ်သွားနိုင်ပါတယ်။

၆။ လက်သည်းကျိုးလွယ်ခြင်း
သင်ရဲ့ မျိုးရိုးဗီဇ၊ အလုပ်အကိုင် (တစ်ချိန်လုံးရေကိုင်ရတာကြောင့် လက် တစ်ချိန်လုံးစိုနေတာ ဒါမှမဟုတ် လက် အလွန်အမင်းခြောက်သွေ့တာ)၊ ဓာတု ပစ္စည်း အသုံးပြုမှုများတာနဲ့ ရာသီဥတု အပြောင်းအလဲလိုမျိုး အကြောင်းအရာ တွေကြောင့် လက်သည်းကျိုးလွယ်နိုင်ပါ တယ်။ ဘာမှ စိုးရိမ်စရာမရှိပါဘူး။ ဘိုင် အိုတင်ပါဝင်တဲ့ အားဖြည့်ဆေးကို နေ့ စဉ် ၆-၉ လခန့် မှီဝဲပေးရင် လက်သည်း တွေ ပြန်လည်သန်မာလာနိုင်ပါတယ်။

၇။ ဖက်ရှင်ဟောင်းအတိုင်း လက် သည်းပြုပြင်ခြင်း
အရင်ကလို လက်သည်းရှည်ထား ပြီး လက်သည်းရောင်ဖျော့ဖျော့လေးတွေ ဆိုးတာက သင့်လက်ကို အရွယ်အိုမင်းပုံ ပိုမိုပေါက်စေပါတယ်။ လက်သည်းကို လက်သည်းထိပ်ကနေ တစ်လက်မရဲ့ လေးပုံတစ်ပုံထက် ပိုရှည်အောင် မထား ပါနဲ့။ လက်သည်းနီ ဆိုးရာမှာ အမြင် အာရုံကို လက်သည်းပေါ် ရောက်စေနိုင် တဲ့ အရောင်ထင်းထင်း Bold Color ကိုသာ ရွေးချယ် ဆိုးပေးပါ။ ဒါမှ အမြင် က လက်သည်းပေါ်သာ အာရုံစိုက်မိသွား ပြီး လက်ပေါ်မှာ ရှိတဲ့အရေးကြောင်းတွေ၊ သွေးကြောတွေ၊ အစက်အပြောက်တွေကို ဂရုပြုမိကြမှာ မဟုတ်တော့ပါဘူး။

လှပတ္တမြား

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *