သင့်သားလေး မုဒိမ်းကောင် ဖြစ်မသွားစေဖို့

ခေါင်းစဉ်ကတော့ နည်းနည်းကြမ်း ပါတယ်။ ဒါပေမဲ့ ဖတ်ကြည့်ရင် အကျိုး ရှိမှာပါ။ အထူးသဖြင့် မိဘအုပ်ထိန်းသူ တွေအတွက်ပေါ့။
အရင်ဆုံး မိဘတွေရဲ့အတ္တအ ကြောင်း ပြောချင်ပါတယ်။ ဟုတ်ပါတယ်။ မိဘတွေဟာ အတ္တကြီးပါတယ်။ နဂိုက သဘောကောင်းတဲ့သူ၊ စိတ်ထားပြည့် ၀တဲ့သူတောင် သားသမီးနဲ့ပတ်သက်လာ ရင် နောက်ထပ်လူတစ်ယောက်ပြောင်း သွားသလို ဖြစ်သွားတာတွေ မကြာခဏ တွေ့ဖူးတယ်။
ဟိုတစ်နေ့ကလည်း ကိုရီးယား ဇာတ်လမ်းတွဲတစ်ခု ထိုင်ကြည့်တယ်။ မင်းသားက လူသတ်မှုနဲ့ ထောင်ကျဖူး တယ်။ တကယ်တော့ သူသတ်တာ မ ဟုတ်ဘူး။ မှားယွင်းပြီး စီရင်ခံရတာ။ ဒါ ပေမဲ့ ]လူသတ်သမား ထောင်ထွက်ရဲ့ သမီး} ဆိုပြီး သူ့သမီးကို ရစရာမရှိအောင် လူတွေက ကဲ့ရဲ့ကြတယ်။ တကယ်သတ် တဲ့ လူသတ်သမားက အဲဒါတွေကို သိ တယ်။ ဖွင့်ဟပြီးလည်း ပြောချင်တယ်။ ဒီ ကောင်မလေး ခံစားနေရတာတွေကို သူ မြင်တာကိုး။ ပြီးတော့ ဒီမင်းသားကလည်း သူ့ကို အစစအရာရာ ကူညီပေးနေတဲ့ ကျေးဇူးရှင်။ ဒါပေမဲ့ လုံးဝဝန်မခံဘူး။ ဘာလို့လဲဆိုတော့ သူ လူသတ်သမားဖြစ် သွားရင် သူ့သားက အခု ဒီမင်းသမီးလေး ကြုံရသလို ]လူသတ်သမားသား} ဆိုပြီး ပတ်ဝန်းကျင်က ကဲ့ရဲ့တော့မှာကို မဖြစ် စေချင်လို့တဲ့လေ။ သဘောက မလုပ် သင့် မလုပ်ထိုက်တာ သိပေမယ့် သားသမီး နဲ့ ယှဉ်လာတော့ အသည်းတွေ မာကုန် ရော။ ကိုယ့်သားသမီးရဲ့ ဘ၀မထိခိုက်ဖို့ တခြားသားသမီးရဲ့ ဘ၀ကိုကျတော့ ချ နင်းရော။ အပြစ်တင်ဖို့လည်း ခက်သလို၊ နားလည်ပေးဖို့ကလည်း မဖြစ်နိုင်ပြန် ဘူး။ သေချာတာကတော့ အပြောလွယ် သလောက် တကယ့်လက်တွေ့ ရင်ဆိုင်ရ တဲ့အခါ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ဖို့ သိပ်ခက်လိမ့်မယ်။
ကျွန်တော်တို့ ဆေးကျောင်းသား ဘ၀က သက်ငယ်မုဒိမ်းမှုတစ်ခု ကြားဖူး တယ်။ အဲဒီတုန်းကတော့ ဆိုရှယ်မီဒီယာ ခေတ် မဟုတ်တော့ လူသိပ်မသိလိုက်ဘူး။ ဘယ်လိုအမှုလဲဆိုတော့ ခုနစ်တန်းကျောင်း သားအစ်ကိုက လေးနှစ်အရွယ် ညီမ လေးကို လုပ်တာ။ ထုံးစံအတိုင်း လူကြီး တွေက အပြာကားတွေ ပြလိုက်တယ်။ အိမ် တွေမှာလည်း အဖေရယ်၊ အမေရယ်နဲ့ အတူတူအိပ်တော့ သူတို့နေတာထိုင်တာ မြင်ချင်မြင်နေမယ်။ စိတ်တွေ ကယောက် ကယက် ဖြစ်လာတယ်။ ထွက်ပေါက်ပေး စရာမရှိတော့ ညီမလေးကို လက်တည့် စမ်းလိုက်တယ်။
ဟိုးတလောကလည်း ကလေးမိဘ တစ်ယောက် လာတိုင်ပင်တယ်။ အဖေ ရော၊ အမေရောက အပြင်အလုပ်လုပ်ရ တော့ သူတို့သမီးလေးကို အဘွားအိမ်မှာ သွားသွားပို့ထားတာ။ (စဉ်းစားကြည့်၊ ဒီထက် စိတ်ချရတဲ့အိမ်ရှိဦးမလား) အဲ ဒီအိမ်မှာရှိတဲ့ အစ်ကိုဝမ်းကွဲ ဆယ်ကျော် သက်က လုပ်လိုက်တာတဲ့။ ကလေးက ဘာမှန်းလည်း မသိဘူး။ ဆော့နေတယ်ပဲ ထင်တာ။ ရေချိုးပေးရင်းမှ သတိထားမိ လို့ မေးလိုက်တော့မှ အစ်ကို့လက်ချက် မှန်းသိရတာ။ ဆွေမျိုးတွေ ပြဿနာ အကြီးအကျယ် တက်ကြတယ်။ ဒါပေမဲ့ တိုင်တဲ့တန်းတဲ့အထိတော့ မဖြစ်ခဲ့ဘူး။ ဒီကောင်လေးရဲ့ အနာဂတ်ကိုလည်း ကြည့်ရသေးတာမို့လို့ စိတ်လျှော့လိုက် တယ်တဲ့။
ဆိုလိုတာက သက်ငယ်မုဒိမ်းလို့ ပြောတဲ့ကိစ္စတွေမှာ ကလေးနဲ့မှ ဆက်ဆံ ချင်လို့ လုပ်တာ ရှိနိုင်သလို၊ လွယ်လို့ လုပ်တာ၊ (ကန်တော့ပါရဲ့) အရသာ အသစ်မို့ လုပ်တာ၊ နောက်ဆက်တွဲ ပြဿနာနည်း(တယ်ထင်)လို့ လုပ်တာ စတာတွေ ရှိနိုင်တယ်။ နောက်တစ်ခု ထပ်ဖြည့်ချင်တာကတော့ စိတ်ထွက်ပေါက် အနေနဲ့ လက်တည့်စမ်းရင်း လုပ်တာပါပဲ။ အထူးသဖြင့် ဘာမှန်းညာမှန်း မသိသေး တဲ့ ဆယ်ကျော်သက်အရွယ်တွေနဲ့၊ အားလုံးက တရားရသွားပြီ၊ တရားရှာရ တော့မယ့် အရွယ်ဆိုပြီး သတ်မှတ်လိုက် ကြလို့ သူတို့ရဲ့ လိင်ဆန္ဒကို ထိန်းချုပ် နေရတဲ့ အဘိုးကြီးတွေမှာ တွေ့ရတတ် တယ်။
စာရှည်မှာစိုးလို့ အဘိုးကြီးတွေကိစ္စ ခဏချန်လိုက်ပြီး ဆယ်ကျော်သက် ယောက်ျားလေးတွေအကြောင်းပဲ ဆက် ပြောမယ်။
ဆယ်ကျော်သက်ဆိုတာ ပွင့်ပွင့် လင်းလင်းပြောရရင် ဒီစိတ်တွေ စဖြစ်တဲ့ အရွယ်။ စိတ်ထဲမှာ ပြစ်မှားချင်တဲ့သူကို ပြစ်မှားတာ။ သူငယ်ချင်းအမေလည်း ပါ ချင်ပါမယ်။ ကျောင်းက ဆရာမလည်း ဖြစ်ချင်ဖြစ်မယ်။ သူတို့ကြည့်နေတဲ့ အပြာကားတွေ၊ အပြာစာအုပ်တွေထဲက ဇာတ်ကွက်မျိုးတွေဟာ အပြင်မှာ ဘယ် လိုမှ မဖြစ်နိုင်ဘူးဆိုတာကို ပိုင်းခြား မဆုံးဖြတ်နိုင်သေးတဲ့ အရွယ်ကိုး။ ဒါ ကြောင့် အဲဒီစိတ်တွေကို သေသေချာချာ နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်ဖို့မှာ Sex education ဟာ သိပ်အရေးကြီးလာ တယ်။ မိဘတွေကလည်း အရှိအရှိအ တိုင်း လက်ခံပေးဖို့ လိုတယ်။ ဥပမာ ကိုယ်ပိုင်အချိန်လေး ပေး။ သူ့ဟာသူ အာသာဖြေချင်လည်း ဖြေနေမယ်။ အဲဒါကို ကျောင်းစာထိခိုက်မှာစိုးလို့ဆိုပြီး အတင်းချုပ်ချယ်၊ တစ်ယောက်တည်း အ နေမခံဘူးဆိုရင် အဲဒီစိတ်တွေက ပြည့် ကျပ်နေမယ်။ ထွက်ပေါက်ပေးစရာလည်း တွေ့ရော၊ မဖြစ်သင့်တာတွေ ဖြစ်ကုန် ရော။
လိမ္မာလိုက်တာ၊ ရိုးလိုက်တာ ဆိုတဲ့ တံဆိပ်ကြီး ကပ်ထားလို့သာ သူ့မှာ ခပ်အေးအေး နေပြနေရတာ။ တကယ် တော့ သူ့မှာလည်း ဒီဆန္ဒတွေ ရှိနေ တယ်။ ဒါကို အတင်းချုပ်တည်းထားရ တာက သူ့အတွက်လည်း မကောင်းသလို၊ နောက်ဆက်တွဲပြဿနာလည်း များပါ တယ်။
ဒီတော့ သက်ငယ်မုဒိမ်းမှုလို အင်မ တန် စက်ဆုပ်ရွံရှာစရာကောင်းတဲ့ ကိစ္စ မျိုးကို ကျူးလွန်မိသူဟာ ကိုယ့်သား ဆယ်ကျော်သက်လည်း ဖြစ်သွားနိုင် တယ်ဆိုတဲ့ သတိရှိမှု (Awareness) လေးကို မိဘအုပ်ထိန်းသူတိုင်းမှာ ရှိ နေစေချင်တယ်။ ခုနက ပြောခဲ့တဲ့ အ ဘွားအိမ်ကို ပို့ပို့ထားတဲ့ ကလေးလေး ကိစ္စမှာဆို ကျူးလွန်တဲ့ ကောင်လေးဟာ ဆင်းရဲစုတ်ပြတ်ပြီး နိမ့်ကျတဲ့ အသိုင်းအ ဝိုင်းမျိုးက မဟုတ်ဘူး။ ဒါနဲ့တောင် ဖြစ် သွားတာ။
(မပြောကောင်း မဆိုကောင်း) အဲဒီ လို ဖြစ်လာခဲ့ပြီဆိုရင် ကိုယ့်သားလေးကို မုဒိမ်းကောင် ဆိုတဲ့ အရိပ်မည်းကြီးတွေနဲ့ တစ်သက်လုံး ရှင်သန်မသွားစေချင်တာ မိဘတိုင်းပါပဲ။ ဒါပေမဲ့ တစ်ဖက်က က လေးရဲ့အနာဂတ်ကိုလည်း ကြည့်ရပါ လိမ့်မယ်။ ကိုယ့်သားလေး အညွန့်တုံးမှာ စိုးလို့ သူများသားသမီး အညွန့်ချိုးခံ လိုက်ရတာကျ ဖုံးကွယ်ထားလို့ ကောင်း ပါ့မလား။ တောင်းပန်လို့ကော အရာအား လုံး အကောင်းအတိုင်း ပြန်ဖြစ်သွားမ တဲ့လား။ ကိုယ့်သားသမီးကို ချစ်တာ ချစ်လို့ရပါတယ်။ ဒါပေမဲ့ အဲဒီအချစ်ဟာ တစ်ပါးသူကို ထိခိုက်မိတဲ့အထိ ချစ်နေ ရင်တော့ အဲဒါ အတ္တဖြစ်သွားပါတယ်။
ဘယ်မိဘမှတော့ ကိုယ့်သားကို ဒါ မျိုးထင်ဖို့ မပြောနဲ့၊ အခုလိုခေါင်းစဉ်မျိုးနဲ့ ဆောင်းပါးကို ဖတ်ရတာတောင် ဘယ် လောက်ခက်ခဲနေမယ်ဆိုတာ သဘော ပေါက်ပါတယ်။ ဒါပေမဲ့ မီးဆိုတာ မလောင် ခင်ကတားရတယ်ဆိုသလို၊ သားယောက်ျား လေး ဆယ်ကျော်သက်အရွယ် ရောက် လာရင် သူတို့ကို မှန်ကန်တဲ့ အသိပညာ တွေ ပေးဖို့၊ လိင်ကိစ္စတွေကို သဘာဝ အဖြစ် ရှုမြင်ပေးဖို့၊ ဖြစ်နိုင်မယ်ဆိုရင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြဖို့ဟာ သိပ် လိုအပ်ကြောင်း သိစေချင်ပါတယ်။ သက် ငယ်မုဒိမ်းလို ကိစ္စမျိုးထိ မဟုတ်တောင် တခြားသော နောက်ဆက်တွဲပြဿနာ တွေ မတက်ဖို့လည်း အရေးကြီးပါတယ်။
ဖြစ်လာမှ အသည်းအသန် ကာ ကွယ်နေမှာထက်စာရင် အဲဒါကမှ ကိုယ့် သားသမီးတွေကို ပညာနဲ့ ချစ်ရာရောက် ပါလိမ့်မယ်။

ဒေါက်တာဖြိုးသီဟ

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *