သင့်အသားအရေကဘယ်လိုအမျိုး အစားလဲဘယ်လို ထိန်းသိမ်းမလဲ..

မျက်နှာအရေပြားက ခန္ဓာကိုယ်လို အဝတ်အစား အကာအကွယ်တွေ မရှိ တာကြောင့် နေရောင်ခြည်၊ လေ၊ အပူ၊ အအေးတွေရဲ့ ဒဏ်ကို နေ့စဉ်ထိတွေ့ရ တာ ပိုများပါတယ်။ ထီးဆောင်းတာ၊ ဦး ထုပ်ဆောင်းတာတွေ လုပ်ဆောင်ရင် တောင် ညစ်ညမ်းတဲ့လေနဲ့ ဖုန်၊ အမှုန် တွေက ခန္ဓာကိုယ်ထက် မျက်နှာပေါ်မှာ ကပ်တင်နိုင်ခြေ ပိုများပါတယ်။ ဒါကြောင့် မျက်နှာအသားအရေနဲ့ ကိုက်ညီတဲ့ အရေ ပြားပြုပြင်ထိန်းသိမ်းမှုတွေကို ပုံမှန်လုပ် ဆောင်ဖို့ လိုပါတယ်။

အသားအရေအမျိုးအစားများ
ခြောက်သွေ့တဲ့ အသားအရေ
ခြောက်သွေ့တဲ့အသားအရေ အ မျိုးအစားဆိုတာ သင့်မျက်နှာက အသား ပပ်တာ၊ တင်းကျပ်ကျပ်ဖြစ်နေတာ၊ ကြမ်း တမ်းတာနဲ့ ယားယံမှုဖြစ်စေတာတွေပဲ ဖြစ်ပါတယ်။
အဆီပြန်တဲ့ အသားအရေ
အဆီပြန်တဲ့ အသားအရေ အမျိုးအ စားဆိုတာ မျက်နှာမှာ အဆီတွေ ရှိနေ တာ၊ ချွေးပေါက်ကျယ်တာတွေ ဖြစ် တတ်ပါတယ်။
ပေါင်းစပ်အသားအရေ
ပေါင်းစပ်အသားအရေ အမျိုးအ စားဆိုတာ တချို့နေရာတွေမှာ ခြောက် သွေ့နေပြီး ကျန်တဲ့နေရာတွေမှာတော့ အဆီပြန်နေတတ်ပါတယ်။
တုံ့ပြန်လွယ်တဲ့ အသားအရေ
တုံ့ပြန်လွယ်တဲ့အသားအရေ အ မျိုးအစားဆိုတာ တချို့မျက်နှာသစ်ဆပ် ပြာ၊ မိတ်ကပ်တွေနဲ့မတည့်တဲ့အခါ ပူစပ် ပူလောင်ဖြစ်တာ၊ ယားယံတာ စတာတွေ ဖြစ်တတ်ပါတယ်။ တချို့တုံ့ပြန်လွယ်တဲ့ အသားအရေရှိသူတွေမှာ ဝက်ခြံရှိတတ် ပြီး ဓာတ်မတည့်မှုတွေကို အလွယ်တကူ ဖြစ်လွယ်ပါတယ်။

မျက်နှာသန့်စင်ခြင်း
သင့်မျက်နှာအသားအရေရဲ့ အမျိုး အစားကို သိမှသာ ဘယ်လိုမျက်နှာသန့် စင်ပစ္စည်းကို အသုံးပြုမယ်၊ တစ်နေ့ ဘယ်နှကြိမ် သုံးမလဲဆိုတာကို ဆုံးဖြတ် နိုင်ပါတယ်။
ခြောက်သွေ့အသားအရေ
ဆပ်ပြာအစား ကြေးချွတ်အားသိပ် မပြင်းတဲ့ မျက်နှာသန့်စင်ပစ္စည်းကို တစ် နေ့ နှစ်ကြိမ် အသုံးပြုပါ။
အဆီပြန်တဲ့ အသားအရေ
ဆီမပါတဲ့ မျက်နှာသန့်စင်ဆပ်ပြာကို တစ်နေ့နှစ် ကြိမ် အသုံးပြုရပါမယ်။
ပေါင်းစပ်အသားအရေ
အလတ်စား မျက်နှာသန့်စင်ပစ္စည်း ကိုအသုံးပြုပါ။ မျက်နှာ ခြောက်သွေ့မှု သိပ်မများပါက တစ်နေ့ နှစ်ကြိမ် မျက်နှာ သန့်စင်ပါ။
တုံ့ပြန်လွယ်တဲ့ အသားအရေ
မျက်နှာ သန့်စင်ပစ္စည်းဝယ်ယူရာမှာ အယ်လ်ကိုဟော၊ ဆပ်ပြာနဲ့ အနံ့မပါဝင် တာကို ရွေးချယ်ဝယ်ယူပြီး တစ်နေ့တစ် ကြိမ်သာ အသုံးပြုပါ။

အစိုဓာတ်ထိန်းသိမ်းခြင်း
မနက်မိုးလင်းချိန်မှာ နေရောင်ကာ နိုင်စွမ်း ပါဝင်တဲ့ အစိုဓာတ်ထိန်းခရင်မ် လိမ်းပါ။ ညအိပ်ရာမဝင်ခင်မှာတော့ နေ ရောင်ကာနိုင်စွမ်း မပါဝင်တဲ့ အစိုဓာတ် ထိန်းခရင်မ်ကို လိမ်းပေးဖို့ လိုပါတယ်။
ခြောက်သွေ့အသားအရေ
မျက်နှာ သန့်စင်ပြီးတာနဲ့ အစိုဓာတ် ခရင်မ်ကို လိမ်းပေးပါ။ မျက်နှာက တင်း ကျပ်ကျပ်ဖြစ်နေသေးတယ်ဆိုရင် အစို ဓာတ်ထိန်းခရင်မ်ကို အပေါ်ကထပ်ပြီး နောက်တစ်ကြိမ် လိမ်းပေးနိုင်ပါတယ်။
အဆီပြန်တဲ့ အသားအရေနဲ့ ပေါင်းစပ်အသား အရေ
အဆီဓာတ်လုံး၀ မပါဝင်တဲ့ အစို ဓာတ်ထိန်းခရင်မ်ကို လိမ်းပေးပါ။
တုံ့ပြန်လွယ်တဲ့ အသားအရေ
ခရင်မ်ပုံစံ ထုတ်လုပ်ထားတဲ့ အစို ဓာတ်ထိန်းခရင်မ်ကို လိမ်းပေးပါ။

မျက်နှာအလှပြင်ပစ္စည်းတွေကို သန့်ရှင်းဖို့ လိုအပ်သလား
မိတ်ကပ်လိမ်းခြယ်ရာမှာ အသုံးပြု ရတဲ့ ရေမြှုပ်တွေ၊ စုတ်တံတွေနဲ့ သင့် လက်ချောင်းတွေမှာ ဘက်တီးရီးယားပိုး တွေရှိနေနိုင်ပြီး သင့်ကို အလွယ်တကူ ကူးစက်နိုင်တာကြောင့် သန့်ရှင်းစွာ ထားဖို့ လိုပါတယ်။ မိတ်ကပ်ခြယ်သရာမှာ အသုံးပြုတဲ့ ဘရပ်ရှ်တွေက စိုစွတ်နေ တာကြောင့် ဘက်တီးရီးယားကူးစက်မှု အများဆုံးပါ။
အပူနဲ့ ထိတွေ့တာက မိတ်ကပ်မှာ ပါဝင်တဲ့ ဘက်တီးရီးယားတွေ မပေါက် ပွားနိုင်အောင် ကာကွယ်ပေးထားတဲ့ တာ ရှည်ခံစေတဲ့ အရာတွေကို ပျက်စီးစေပါ တယ်။ ဒါကြောင့် အလှပြင်ပစ္စည်းတွေ ထားသိုတဲ့နေရာက နေရောင်ခြည်တိုက် ရိုက်ကျရောက်တဲ့နေရာ၊ အပူရနိုင်တဲ့ နေရာမျိုးတွေ မဖြစ်သင့်ပါဘူး။
သင့်မျက်လုံးမှာ ပိုးဝင်ပြီး နီရဲနေပါ က မျက်တောင်ကော့ ဆေးအပါအဝင် မျက်ဝန်းတစ်ဝိုက်ကို ခြယ်သတာမျိုး မပြု သင့်ပါ။ သင်အသုံးပြုနေတဲ့ အလှပြင် ပစ္စည်းတွေမှာ ပိုးဝင်ကူးစက်နေတယ်လို့ သံသယရှိပါက ဆက်လက် အသုံးမပြု သင့်ပါ။
အလှပြင်ပစ္စည်းတွေ အထူးသဖြင့် မျက်တောင်ကော့ဆေးက သင့်ကိုထိခိုက် မှုအများဆုံးပေးနိုင်ပါတယ်။ မျက်တောင် ကော့ဆေးအသုံးပြုတဲ့အခါ သင့်လက် က တည်ငြိမ်ဖို့လိုပါတယ်။ လက်မငြိမ်ပါ က မျက်လုံးကိုထိုးမိနိုင်ပါတယ်။ မျက်လုံး ကို မတော်တဆ ထိခိုက်မိတာကြောင့် မျက်လုံးထဲ ပိုးဝင်စေပြီး မျက်ကြည်လွှာ အနာဖြစ်စေတာ၊ မျက်တောင်မွေး၊ မျက် ခုံးမွေးကျွတ်စေတာ၊ အမြင်အာရုံ ထိခိုက် တာတွေ ဖြစ်စေပါတယ်။ အထူးသဖြင့် ကားစီးနေချိန်မှာ မျက်တောင်ကော့ဆေး အသုံးမပြုသင့်ပါ။
အမေရိကန် ကင်ဆာအဖွဲ့အစည်း ရဲ့ အဆိုပြုချက်တွေအရ အလှပြင်ပစ္စည်း တွေ အသုံးပြုတာက ကင်ဆာဖြစ်ပွားမှုနဲ့ ဆက်စပ်မှု ရှိတယ်လို့သိရပါတယ်။ အလှ ပြင်ပစ္စည်းတွေမှာပါဝင်တဲ့ ပါဝင်ပစ္စည်း တွေနဲ့ ထိတွေ့မှုများတာကြောင့် ကင်ဆာ ရောဂါကိုဖြစ်ပွားနိုင်ခြေကို များစေတာပါ။ တချို့အလှပြင်ပစ္စည်းတွေက စမ်းသပ်မှု တွေ သေသေချာချာပြု လုပ်ထားတာမျိုး မရှိဘဲ ထုတ်လုပ်ရောင်းချတာတွေကြောင့် လို့လည်း ပညာရှင်တွေက မှတ်ချက်ချ ပါတယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal