သင့်ကျောပြင်ပေါ်မှာ ဝက်ခြံတွေ ရှိနေလား

ကျောပြင်ရဲ့ အဆီဂလင်းတွေ အလုပ် အလွန်လုပ်တဲ့အခါ ကျောပြင်မှာ ဝက်ခြံပေါက်တတ်ပါတယ်။ မျက်နှာမှာ ပေါက်တဲ့ ဝက်ခြံနဲ့မတူတာက ကျောပြင် က ချွေးပေါက်တွေက ပိုကြီးပြီး အဆီပို ထုတ်တာကြောင့် ပိုရောင်ရမ်းလေ့ရှိပါ တယ်။ ကျောပြင်ပေါ်က ဝက်ခြံတွေ ကင်းစင်စေဖို့ အောက်ပါနည်းလမ်းတွေ ကို ရေးသားလိုက်ပါတယ်။

ပွတ်တိုက်ပေးပါ
ရေချိုးတဲ့အခါ ကျောပြင်ပေါ်ကို ရေ မြှုပ်နဲ့ ပွတ်တိုက်ပေးတာကြောင့် ဆဲလ် သေတွေကို ဖယ်ရှားပေးပြီး ပိတ်နေတဲ့ ချွေးပေါက်တွေကိုလည်း ပွင့်သွားစေပါ တယ်။ ပွတ်တိုက်ပြီးတဲ့အခါ ရေခြောက် သွေ့အောင်သုတ်ပါ။ ပြီးနောက် ဘန် ဇွိုင်းပါအောက်ဆိုက် ဒါမှမဟုတ် ဆယ် လီ စလစ်အက်စစ်ပါတဲ့ ခရင်မ်ကို လိမ်း ထားရပါမယ်။

ပြင်းထန်တဲ့ ဆပ်ပြာမသုံးပါနဲ့
ကျန်းမာတဲ့ အရေပြားဖြစ်ဖို့ အရေ ပြားရဲ့ စံ က ၄ ဒသမ ၇ လောက်ဖြစ် သင့်ပါတယ်။ ပြင်းထန်တဲ့ဆပ်ပြာကို အ သုံးပြုလိုက်မယ်ဆိုရင် အရေပြားရဲ့ စံ အဆင့်က ၅ ထက်ပိုမြင့်သွားပြီး အရေ ပြား ခြောက်သွေ့တာ၊ အဖတ်လန်တာ၊ နီမြန်းတာတွေ ဖြစ်လာနိုင်ပါတယ်။ ဆပ် ပြာက အရေပြားမှာရှိတဲ့ သဘာဝအဆီ တွေကို ဖယ်ရှားပြီး ဝက်ခြံတွေ ပိုထွက် စေပါတယ်။ ဒါကြောင့် ကျောပြင်မှာ ဝက်ခြံ ရှိသူတွေ၊ ဝက်ခြံထွက်လွယ်သူတွေ အနေနဲ့ သီးသန့်ထုတ်ထားတဲ့ ဆပ်ပြာအ ပျော့စားကိုပဲ သုံးသင့်ပါတယ်။

ရှလကာရည် သုံးပါ
ရှလကာရည်က အရေပြားရဲ့ စံ ကို ပုံမှန်ဖြစ်စေပြီး ကျောပြင်ပေါ်က ဝက် ခြံတွေကို ပျောက်ကင်းစေပါတယ်။ ရှလ ကာရည်တစ်ဆနဲ့ ရေတစ်ဆရောပြီး စပ ရေးဘူးထဲထည့်ပါ။ ရေချိုးပြီးတဲ့အခါ ကျောပြင်ပေါ်ကို ဖျန်းပေးပြီး ဒီတိုင်း ခြောက်သွေ့အောင် ထားလိုက်ပါ။

ဆော်ဒါမှုန့် သုံးပါ
ဆော်ဒါမှုန့်ကို ရေအနည်းငယ်ရော ပြီး မွှေပါ။ ကျောပြင်ပေါ်ကို လိမ်းထားပေး ပါက ပိုးမွှားတွေ ကင်းစင်စေပြီး ကျော ပြင်ပေါ်က အဆီဂလင်းတွေကနေ အဆီ ထုတ်လုပ်မှုကိုလည်း ထိန်းညှိပေးပါ တယ်။ ဒီနည်းနဲ့ ဝက်ခြံတွေမထွက်အောင် ကာကွယ်နိုင်ပါတယ်။

ချောင်ချိတဲ့ အဝတ်အစားကို သန့်သန့်ရှင်းရှင်း ဝတ်ပါ
ချောင်ချိတ်တဲ့ အဝတ်အစားကို သန့်သန့်ရှင်းရှင်း ဝတ်ဆင်တာကြောင့် ကျောပြင်ပေါ်မှာ ဝက်ခြံတွေထွက်တာကို နည်းသွားစေပါတယ်။

နန်းသီရိ (ဆေးဝါး)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *