အမျိုးသမီးတိုင်းကတော့ ခြေတံ သွယ်လျရှည်လျားပြီး အရပ်မြင့်မြင့်နဲ့ ပိန် ပိန်သွယ်သွယ်လေးဖြစ်တာကို လိုချင်ကြ ပေမယ့် မိမိရဲ့ မျိုးရိုး၊ အနေအထိုင်၊ အစားအသောက်တွေကြောင့် ဖြစ်ချင် တိုင်း မဖြစ်နိုင်ရင်လည်း စိတ်မပျက်ကြ ပါနဲ့။ အရပ်ပုသူတွေမှာလည်း ကိုယ်စီ အားသာချက်တွေရှိကြပါတယ်။ ဒါ့အပြင် အရပ်ပုတဲ့သူတွေအတွက် ခြေတံသွယ် ပြီး ရှည် ရှည်လေးဖြစ်လိုရင် အောက်ပါ တို့ကို လိုက်နာကြည့်ပါ။
မိမိအသားအရေနှင့်လိုက်ဖက်သော ဒေါက် မြင့်ဖိနပ်ကို စီးခြင်း
ဒေါက်မြင့်ဖိနပ်စီးတာကြောင့် သင့် အရပ်ပိုရှည်တယ်လို့ ထင်ရစေပါတယ်။ မိမိအသားအရေနဲ့ သိပ်မကွာခြားလှတဲ့ အသားရောင်၊ အညိုနုရောင် အစရှိတဲ့ ဖိနပ်မျိုးကို စီးတာက သင့်ခြေထောက်နဲ့ ခြေဖဝါးကို ခွဲခြားရခက်ခဲသွားနိုင်တဲ့အ တွက် သင့်မှာ အမှန်တကယ်ရှိတဲ့အရပ် ထက် အများကြီး ပိုရှည်သွားတယ်လို့ ထင်ရစေပါတယ်။
ထိပ်ချွန်ဒေါက်မြင့်ဖိနပ်စီးခြင်း
အရပ်ပုသူတွေအတွက် ဒေါက်မြင့် ဖိနပ်ကတော့ မရှိမဖြစ်ပါပဲ။ အထူးသဖြင့် ထိပ်ချွန်ဖိနပ်တွေက အရပ်ပုသူတွေအ တွက် ပိုမိုပြီး အသုံးဝင်ပါတယ်။ ခြေတံ သွယ်သွားစေတယ်လို့ ထင်ရစေတာ ကြောင့်ပါ။ ခြေချင်းဝတ်နားမှာ ကန့်လန့် စင်းရှိတဲ့ ဖိနပ်မျိုးကိုတော့ ရှောင်ကြဉ်ရ ပါမယ်။
ခါးအထိရှည်သော စကတ် (High Waist) ဝတ်ဆင်ခြင်း
ချက်ပြုတ်မဟုတ်ဘဲ ခါးအထိ ရှည် တဲ့ စကတ်၊ ဘောင်းဘီတို ဒါမှမဟုတ် ဘောင်းဘီရှည်ဝတ်ဆင်တာက သင်ရဲ့ ခြေတံတွေကို ပိုရှည်တယ်လို့ ထင်ရစေ ပါတယ်။
အရောင်တစ်ရောင်တည်းကိုသာ အသုံးပြု ခြင်း
ခြေတံရှည်တယ်လို့ ထင်စေလိုရင် စကတ် ဒါမှမဟုတ် ဘောင်းဘီနဲ့ အင်္ကျီ ကို အရောင်တစ်မျိုးတည်းဖြစ်အောင် ဝတ်ဆင်ရပါမယ်။ ဒါမှမဟုတ် ဂါဝန်ဝတ် ပါ။ အပေါ်နဲ့အောက် ကွဲစေချင်တယ်ဆို ရင် အစိမ်းရင့်နဲ့ အစိမ်းနု တွဲဝတ်တာမျိုး၊ အပြာရင့်နဲ့ အပြာနုတွဲဝတ်တာမျိုး ပြု လုပ်နိုင်ပါတယ်။ အရောင်ရင့်တွေက သင့်ကို သေးသွယ်တယ်လို့ ထင်ရစေနိုင် တဲ့အတွက် သင် ဉာဏ်ရှိသလို အရောင် ရွေးချယ်ပြီး ဝတ်ဆင်နိုင်ပါတယ်။
တည့်ပွဘောင်းဘီဝတ်ခြင်း
ခြေထောက်နေရာမှာ ပွရောင်းတဲ့ ဘောင်းဘီဝတ်ဆင်တာက သင့်ကို အ ရပ်ရှည်တယ်လို့ ထင်စေပြီး Sexy ကျ နိုင်ပါတယ်။
ကန့်လန့်စင်းပါသော အဝတ်အစားများကို ရှောင်ကြဉ်ခြင်း
ကန့်လန့်စင်းအဆင်ပါတဲ့ အဝတ် အစားတွေက သင့်ကိုဝတယ်လို့ ထင်ရ စေပြီး သင့်ခြေတံကို တိုတယ်လို့ ထင်ရ စေနိုင်ပါတယ်။
ဒေါင်လိုက်စင်းပါသော အဝတ်အစားများကို ရွေးချယ်ခြင်း
ဒေါင်လိုက်အစင်းပါတဲ့အဆင်တွေ က သင့်ကို ပိန်စေပြီး အရပ်ရှည်သယောင် ထင်ရစေပါတယ်။
အရှည်အတိုမညီသော ဂါဝန်ဝတ်ဆင်ခြင်း
တစ်နေရာနဲ့တစ်နေရာ အရှည် အတို မညီတဲ့ ဂါဝန်ဝတ်ဆင်ထားတာက ဂါဝန်က ဘယ်နေရာအထိ ရှည်သလဲ၊ သင့်ခြေထောက်က ဘယ်နေရာကစပေါ် သလဲဆိုတာကို ခွဲခြားဖို့ ခက်ခဲသွားနိုင် တဲ့အတွက် ခြေတံရှည်တယ်လို့ ထင်ရ စေပါတယ်။
ဒေါက်တာခင်မိုးမိုး