သင့်ခြေထောက်ကပြောပြနိုင်သော ကျန်းမာရေးပြဿနာများ

တချို့ကျန်းမာရေးပြဿနာတွေကြောင့် ခြေထောက်မှာလည်း ဝေဒနာခံစားရနိုင်ပါတယ်။ ဥပမာအားဖြင့် ဆီးချို ရောဂါရှိသူတွေမှာ သွေးလှည့်ပတ်မှုနှေးကွေးနိုင်တာကြောင့် သွေးကြောနဲ့ပတ်သက်တဲ့ပြဿနာတွေ ဖြစ်ပေါ်တာလိုမျိုး ပါ။ ခြေထောက်မှာ ပြဿနာဖြစ်နေတာက ကိုယ်တွင်းအင်္ဂါတချို့ ကျန်းမာရေးမကောင်းဘူးဆိုတာကိုလည်း သင်္ကေတပြ နေတာမို့ ဖော်ပြပေးလိုက်ပါတယ်။

ခြေထောက်ဖောရောင်ခြင်း

ခြေထောက်နဲ့ခြေဖဝါးမှာ ဖော ရောင်နေတာက အချိန်အကြာကြီးမတ် တတ်ရပ်နေရတာကြောင့်ပါ။ တခြားရော ဂါတွေရဲ့ လက္ခဏာတွေလည်း ဖြစ်နိုင်ပါ တယ်။
ဖောရောင်တာက ခန္ဓာကိုယ်အနှံ့မှာ ဖြစ်ပေါ်နိုင်ပေမယ့် ခြေထောက်၊ ခြေ ဖဝါး၊ ခြေချင်းဝတ်နဲ့ လက်မှာတော့ ပိုပြီး အဖြစ်များပါတယ်။

ဘာကြောင့်ဖြစ်သလဲ

– နှလုံးရောဂါ
နှလုံးရောဂါကြောင့် ခြေဖဝါးနဲ့ ခြေ ထောက်အောက်ပိုင်းမှာ အရည်ဓာတ် တွေ စုဆောင်းနိုင်ပါတယ်။

– သွေးကြောပြဿနာ
သွေးပြန်ကြောတွေက သွေးတွေကို နှလုံးဆီပြန်ရောက်ဖို့ ကောင်းမွန်စွာ မညှစ်ထုတ်နိုင်ခဲ့ရင် ခြေထောက်မှာ သွေးရည်တွေ စုဆောင်းနေနိုင်ပါတယ်။

– ပြန်ရည်ကြောပြဿနာ
ကျွန်မတို့ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေး ကြောနဲ့ ပြန်ရည်ကျိတ်တွေက အရည် တွေကို ခန္ဓာကိုယ်အနှံ့ သယ်ဆောင်ပေး ပါတယ်။ ပြန်ရည်ကြောစနစ်မှာ ပိတ်ဆို့မှု ရှိနေရင် ခြေထောက်နဲ့ လက်တွေမှာ ဖောရောင်နိုင်ပါတယ်။

– အသည်းပြဿနာ
အသည်းကနေ သွေးပရိုတင်းတွေ ကို ထုတ်လုပ်နိုင်စွမ်းမရှိတော့ရင် ခြေ ထောက်မှာ ဖောရောင်နိုင်ပါတယ်။

ခြေထောက်အရေပြား အပြာရောင် သို့ မဟုတ် ခရမ်းရောင်ဖြစ်ခြင်း

အလွန်အမင်းအေးလွန်းတာကြောင့် အရေပြားအရောင်က ပြာနှမ်းနှမ်းဖြစ် တတ်တာကို လူတိုင်းသတိထား မိကြပါ လိမ့်မယ်။ ဒါပေမဲ့လည်း ပူနွေးတဲ့ရာသီ မှာ ခြေချောင်းအရောင်ပြောင်းလဲသွား တဲ့အခြေအနေတွေရှိပါတယ်။

ဘာကြောင့်ဖြစ်သလဲ

– သွေးလွှတ်ကြောတွေပိတ်ဆို့မှု ဖြစ် တဲ့အခါမှာ Blue Toes Syndrome လို့ ခေါ်တဲ့ ခြေထောက်အရေပြားအရောင် ပြောင်းလဲတဲ့အခြေအနေဖြစ်ပေါ်တတ် ပါတယ်။
ခြေချောင်းနှင့် လက်ချောင်းများတွင် နာကျင်သော အဖုအပိမ့်ပေါက်ခြင်း


နာကျင်တဲ့အဖုအပိမ့်တွေက ရုတ် တရက်ပေါ်ပေါက်လာပြီး ရက်အတန်ငယ် ကြာရှိနေခဲ့ရင် သူတို့ကို လျစ်လျူရှုမ ထားဘဲ ဆရာဝန်နဲ့ ချက်ချင်းပြသဖို့ လို အပ်နေပါပြီ။
ဘာကြောင့်ဖြစ်သလဲ

– နှလုံးအတွင်း ဘက်တီးရီးယားပိုး ဝင်ရောက်တာကြောင့် ဖြစ်တာပါ။ ပုံမှန် အားဖြင့် ပဋိဇီဝဆေးဝါးမှီဝဲတာနဲ့ ပျောက် ကင်းနိုင်ပါတယ်။

ခြေထောက်တွင် အညိုအမည်းစွဲခြင်း

တစ်ခုခုနဲ့ တိုက်မိတာကြောင့်မ ဟုတ်ဘဲ ခြေထောက်ပေါ်မှာ အလိုလို အ ညိုအမည်းစွဲပြီး တော်ရုံနဲ့ မပျောက်နိုင်တဲ့ အခြေအနေပါ။

ဘာကြောင့်ဖြစ်သလဲ
– အသည်းရောဂါ
– မိမိခုခံအားစနစ်က မှားယွင်းပြီး ခန္ဓာကိုယ်ကို ပြန်လည်တိုက်ခိုက်တဲ့ Auto-immune ရောဂါ
– သွေးလွှတ်ကြောရောင်ရမ်းခြင်း
– သွေးယိုစီးဆင်းမှုပြဿနာများ

ခြေထောက်ပေါ်မှ အနီရောင်အစက် အပြောက်များ

ခြေထောက်ပေါ်မှာ အစက်အ ပြောက်တွေ ပေါ်တာက လူတိုင်းလိုလို ဖြစ်ဖူးကြမှာပါ။ အနီရောင်၊ နီညိုရောင် ဒါမှမဟုတ် ခရမ်းရောင်လိုမျိုး အကွက် လိုက်အစက်အပြောက်တွေ ပေါ်နေတတ် ပါတယ်။ တစ်ခါတလေ ယားယံနိုင်ပါ တယ်။ ဒီလိုယားယံတာက ဓာတ်မတည့် မှုဖြစ်စဉ်ကြောင့် ဖြစ်တာပါ။ တခြား ပြဿနာကြောင့်လည်း အစက်အပြောက် တွေ ပေါ်လာနိုင်ပါတယ်။
ဘာကြောင့်ဖြစ်သလဲ
– သွေးလွှတ်ကြောရောင်ရမ်းခြင်း
– သွေးလေးဖက်နာကဲ့သို့ အခြား Autoimmune ရောဂါ

ခြေထောက်တွင် သွေးပြန်ကြောများ ဖောင်းကားနေခြင်း

ခြေထောက်မှာ သွေးကြော ထင် ထင်ရှားရှားဖောင်းကားတာက ကိုယ်ဝန် ဆောင် ဒါမှမဟုတ် အဝလွန်တာကြောင့် ဖြစ်တာပါ။ အဲဒီနေရာမှာ နာကျင်နေခဲ့ ရင်တော့ သွေးပြန်ကြောဖောင်းကားတဲ့ (Varicose Vein)လက္ခဏာပါ။

ဘာကြောင့်ဖြစ်သလဲ
– ယနေ့ခေတ်အခါမှာတော့ Varicose Vein က အဖြစ်များလာကြပါပြီ။ လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းအထိ ဖြစ်တယ် လို့ သိရပါတယ်။ အပေါ်ယံ သွေးပြန် ကြောတွေ ဖောင်းကားလာပြီး လိမ်ခေါက် နေတဲ့ပြဿနာပါ။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal