သင့်ခြေထောက်တွေ ကိုက်ခဲနေပါသလား

ကျွန်မတို့ရဲ့ ၇၅ ရာခိုင်နှုန်းဟာ တစ်ချိန်မဟုတ်တစ်ချိန်မှာ ခြေထောက်ကိုက်ခဲ နေတတ်ပါတယ်။

အောက်ပါတို့ဟာ ခြေထောက်ကိုက်တာ သက်သာစေနိုင်တဲ့ နည်းလမ်းတွေပါ။

ဖိနပ်ပေါက်လွယ်သူဖြစ်ရင် Paper Tape ကို အသုံးပြုပါ။

သင်ဟာ ဖိနပ်အသစ်ဝတ်လို့၊ လေ့ကျင့်ခန်းအလုပ်များလို့ ဒါမှမဟုတ် လမ်းလျှောက်ရတာများလို့ သင့်ခြေထောက်မှာ ပွန်းပဲ့နေတဲ့ ဖိနပ်ပေါက်ဒဏ်ရာဖြစ်လွယ်သူဆိုရင် ပေါင်ဒါမှုန့်နဲ့ Tape တွေကို ခြေထောက်မှာ အသုံးပြုကာ အကာအကွယ် ယူထားပါ။ ဖိနပ်ပေါက်နိုင်ခြေများတဲ့နေရာတွေမှာ Tape ကပ်ထားတာကြောင့် ခြေ ထောက်နဲ့ ဖိနပ်ပွတ်တိုက်မိနိုင်ခြေ လျော့နည်းသွားနိုင်တယ်လို့ စတန်းဖို့ဒ်မှ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

 

ခြေသလုံးကိုက်ခဲတတ်သူဖြစ်ရင် ဗီတာမင် ဒီ မှီဝဲပါ

ကိုယ်တွင်းက ကယ်လ်စီယမ်တွေ အရိုးတွင်းကို ရောက်ရှိဖို့ နေရောင်ခြည်မှ ဗီတာမင် ဒီကို လိုအပ်ပါတယ်။ ဗီတာမင် ဒီ ချို့တဲ့ခဲ့ရင် ခြေချောင်းလေးတွေမှာ ထိ ခိုက်ဒဏ်ရာရရှိနိုင်တယ်လို့ အမေရိကန်ကောလိပ်မှ ခြေထောက်နဲ့ ခြေဖဝါး ခွဲစိတ် ဆရာဝန်တွေက ပြောပါတယ်။ ကျွန်မတို့ရဲ့ ၄၀ ရာခိုင်နှုန်းခန့်ဟာ နေ့စဉ် လိုအပ် ချက်ဖြစ်တဲ့ ဗီတာမင် ဒီ ၆၀ဝ မီလီဂရမ်ကို မရရှိကြဘူးလို့ သုတေသီတွေက တွေ့ရှိခဲ့ ပါတယ်။ မနက်ခင်းနေရောင်ခြည်နုနုကို နေရောင်ကာကွယ်ဆေးမလိမ်းဘဲ ၁၅ မိနစ်ခန့်ခံယူတာ ဒါမှမဟုတ် ဗီတာမင် ဒီ အားဖြည့်ဆေးတွေ မှီဝဲတာတွေ ပြုလုပ်ပါ။

 

ခြေစွယ်ငုပ်နေပါသလား၊ ဆားရည်စိမ်ပေးပါ

ခြေစွယ်ငုပ်နေရင် ခြေသည်းက အနီရောင်သမ်းပြီး ရောင်ရမ်းနေကာ အလွန်အမင်း နာကျင်နေတတ်ပါတယ်။ ဆားခါးရည်နွေးထဲမှာ သင့်ခြေထောက်ကို တစ်ကြိမ် ကို မိနစ် ၂၀ ခန့် တစ်နေ့ ၂-၄ ကြိမ်အထိ စိမ်ပြီး နှိပ်နယ်ပေးပါ။ ဒီလိုမှ မသက်သာရင်တော့ ဆရာဝန်နဲ့ ပြသပါ။

 

ခြေထောက်မှာ အသားဖုဖြစ်နေရင် ထိပ်ချွန်ဖိနပ်တွေ မဝတ်ပါနဲ့

ထိပ်ချွန်ဖိနပ်တွေက သင့်ခြေချောင်းတွေကို အတင်းအကျပ် ကပ်နေအောင် ပြုလုပ်ထားတဲ့အတွက် ခြေမပေါ်မှာ ဖိအားတွေ ပိုမိုသက်ရောက်လာပြီး အသားမာဖုတွေ ထွက်လာနိုင်ပါတယ်။ ဒါ့အပြင် ခြေမျက်စိအပြင်ပိုင်းတစ်လျှောက်မှာလည်း နာကျင်မှု ဝေဒနာတွေ ခံစားရနိုင်ပါတယ်။ ဒီလိုမဖြစ်အောင် ကာကွယ်ဖို့အတွက် ဒေါက်နိမ့်ဖိနပ် စီးပါ။ ဒီဖိနပ်တွေက ခန္ဓာကိုယ်ရဲ့ အလေးချိန်ကို အရှေ့မှာ ထမ်းရမယ့်အစား အလယ် မှာ ထမ်းထားတာကြောင့်ပါ။ ထိပ်ဝကျယ်တဲ့ဖိနပ်မျိုးကိုလည်း ရွေးချယ်သင့်ပါတယ်။

 

Tips

တစ်နေ့လုံး မတ်တတ်ရပ်ပြီး အလုပ်လုပ်ရသူတွေအနေနဲ့ အိမ်ပြန်ရောက်ချိန်မှာ ပက်လက်အိပ်ပြီး နံရံတစ်ခုမှာ ခြေထောက် မှီကာ ၁၅ မိနစ်ခန့် မြှောက်ထားတာကို နေ့စဉ်ပြုလုပ်ပေးပါ။

 

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *