သင့်နှုတ်ခမ်းသားပေါ်မှာ အရေးကြောင်းတွေထင်နေပြီလား

နှုတ်ခမ်းရဲ့ အရေးကြောင်းတွေဆို တာက နှုတ်ခမ်းသားပေါ်မှာ ဒေါင်လိုက် ရှိနေတဲ့လိုင်းတွေပါ။ အသက်အရွယ်ပေါ် မူတည်ပြီး အပေါ်နှုတ်ခမ်းပေါ်မှာ ဖြစ်ပေါ် လာတာပါ။
အရေးကြောင်းဖြစ်စေသော အကြောင်းရင်း
နှုတ်ခမ်းသားပေါ်မှာ အရေးကြောင်း တွေပေါ်လာရတဲ့ အဓိကတရားခံက အ ရေပြားကို တင်းရင်းစေတဲ့ကော်လာဂျင် တွေ လျော့နည်းသွားတာကြောင့်ပါ။ တ ခြားအကြောင်းဖြစ်တဲ့ နေရောင်ခြည်နဲ့ထိ တွေ့မှုများတာ၊ ဆေးလိပ်သောက်တာ တွေကြောင့်လည်း နှုတ်ခမ်းကို အရေး ကြောင်း ထင်စေပါတယ်။ နှုတ်ခမ်းသား ထူသူတွေက နှုတ်ခမ်းပါးသူတွေထက် နှုတ်ခမ်းမှာ အရေးကြောင်းပိုထင်နိုင်ပါ တယ်။ နှုတ်ခမ်းသားပေါ်မှာ အရေးကြောင်း ထင်လာပြီးမှဆိုရင် ပြန်လည်ပြုပြင်ဖို့က ခက်ခဲတတ်ပါတယ်။

ကုသခြင်း

(၁) ဂလိုင်ကိုးလစ်အက်စစ်ပါသော လိုးရှင်း လိမ်းပါ
မနက်အိပ်ရာထမှာ သင့်နှုတ်ခမ်းကို ဂလိုင်ကိုးလစ်အက်စစ်ပါတဲ့ လိုးရှင်း လိမ်းပေးတာက နှုတ်ခမ်းပေါ်မှာရှိတဲ့ ဆဲလ်အသေတွေကို ဖယ်ရှားပေးနိုင်တာ ကြောင့် ဆဲလ်အသေရဲ့ အောက်မှာရှိတဲ့ ဆဲလ်အသစ်တွေ ဖွံ့ဖြိုးလာစေပါတယ်။ ဂလိုင်ကိုးလစ်အက်စစ်ကို နှုတ်ခမ်းပေါ် တိုက်ရိုက်လိမ်းတာမျိုးတော့ မလုပ်ပါနဲ့။ နှုတ်ခမ်းသားတွေကို လောင်စေနိုင်တာ ကြောင့်ပါ။

(၂) အစိုဓာတ်ထိန်းပါ
နှုတ်ခမ်းပေါ်မှာထင်နေတဲ့ အရေး ကြောင်းတွေကို ဖယ်ရှားနိုင်ဖို့အတွက် အဓိက လုပ်ဆောင်သင့်တာကတော့ နှုတ် ခမ်းနီမဆိုးခင် နှုတ်ခမ်းကို အစိုဓာတ်ထိန်း ပေးဖို့ပါ။ မိန်းကလေးအများစုက အစိုဓာတ် ခရင်မ်လိမ်းတဲ့အခါ မျက်နှာကိုသာလိမ်း ပြီး နှုတ်ခမ်းကို မလိမ်းမိကြပါဘူး။ နှုတ် ခမ်းကို အစိုဓာတ်ထိန်းဖို့ Sင်္ဏ ၁၅ ပါတဲ့ အစိုဓာတ်ထိန်းခရင်မ်လိမ်းပေးတာက နှုတ်ခမ်းမှာရှိတဲ့ အရေးကြောင်းတွေလျော့ ပါးစေပြီး နောက်ထပ်အရေးကြောင်း တွေ မဖြစ်အောင်ပါ ကာကွယ်ပေးပါ တယ်။

လှပသော နှုတ်ခမ်းသားတစ်စုံဖြစ်စေရန်
မိန်းမတစ်ယောက်ရဲ့ ဆွဲဆောင်နိုင် တဲ့ အလှတရားတွေထဲမှာ နှုတ်ခမ်းတစ်စုံ လည်း ပါဝင်ပါတယ်။ ညှို့ယူနိုင်တဲ့ နှုတ် ခမ်းတစ်စုံဟာ ခြောက်သွေ့ကွဲအက်မှု မရှိဘဲ နူးညံ့ပျော့ပျောင်းနေရပါမယ်။ သင့် နှုတ်ခမ်းက ဆွဲဆောင်မှုသာမကဘဲ သင့် စိတ်ရဲ့တံခါးတစ်ချပ်အဖြစ် ပုံဖော်ပေးနိုင် တာကြောင့် အောက်ပါအချက်သုံးချက်ကို လုပ်ဆောင်ကြည့်ပါ။

(၁) ကြေးချွတ်ပေးပါ
တစ်ပတ်နှစ်ကြိမ်ပြုလုပ်ပေးပါ။ သ ကြားနဲ့ပျားရည်ရောပြီး သုတ်လိမ်းပေးနိုင် ပါတယ်။ နှုတ်ခမ်းသားတွေကို ညင်သာစွာ ပွတ်ပြီး ဆဲလ်သေတွေကို ဖယ်ရှားလိုက် တဲ့အခါ နူးညံ့တဲ့ နှုတ်ခမ်းတစ်စုံကို ပိုင် ဆိုင်နိုင်ပါလိမ့်မယ်။ ကြေးချွတ်ပြီးတဲ့အခါ နှုတ်ခမ်းသားစိုပြည်အောင် နှုတ်ခမ်းနီ အစို ဆိုးပေးပါ။

(၂) အစိုဓာတ်ထိန်းပေးပါ
နှုတ်ခမ်းနီမဆိုးခင်မှာ နှုတ်ခမ်းသား ရဲ့ အစိုဓာတ်ထိန်းထားနိုင်အောင် နှုတ် ခမ်းဆိုးဆေးအဆီကို အရင်ဆိုးပေးပါ။ နေရောင်ခြည်ကို ကာကွယ်ပေးနိုင်တဲ့ SPF ပါဝင်တဲ့ နှုတ်ခမ်းဆိုးဆေးကို အသုံးပြု သင့်ပါတယ်။

(၃) အရည်အသွေးစိတ်ချရတဲ့ နှုတ်ခမ်း နီကို အသုံးပြုပါ
အရည်အသွေးညံ့ဖျင်းတဲ့ နှုတ်ခမ်း နီတွေမှာပါတဲ့ ဓာတုပစ္စည်းတွေက သင့် နှုတ်ခမ်းသားကို ပျက်စီးစေပါတယ်။ သ ဘာဝပစ္စည်းတွေကိုသာ အသုံးပြုထုတ်လုပ် ထားတဲ့ နှုတ်ခမ်းဆိုးဆေးတွေက သင့် နှုတ်ခမ်းသားကို ထိခိုက်မှုနည်းစေတာ ကြောင့် သင့်ကို ဆွဲဆောင်မှုပိုစေတဲ့နှုတ် ခမ်းတစ်စုံကို ပိုင်ဆိုင်နိုင်စေပါတယ်။

နန်းသီရိ (ဆေးဝါး)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *