စိတ်ဖိစီးမှုတွေ များတာ၊ ခရီးသွား လာတာ၊ လေ့ကျင့်ခန်းလုပ်တာနဲ့ အ သက်ကြီးလာတာတွေက ခါးနာကျင်မှု ကို ဖြစ်စေပါတယ်။ အောက်ပါနည်းလမ်း တွေနဲ့ အလွယ်တကူ ဖြေရှင်းကြည့်ရကြ ပါစို့။
နည်းလမ်း (၁)
ပရုတ်လုံးကို အုန်းဆီထဲထည့်ပြီး ၅ မိနစ်အပူပေးပါ။ အအေးခံပြီး ပုလင်း ထဲထည့်သိမ်းထားပါ။ ညအိပ်ရာမ၀င် ခင် ခါးနေရာကိုလိမ်းပြီး အိပ်ပါ။ တစ် ပတ် ၂ ကြိမ် ပြုလုပ်နိုင်ပါတယ်။
နည်းလမ်း (၂)
ကြက်သီးနွေးရေထဲကို ယူကလစ် ဆီအနည်းငယ်ထည့်ပြီး ရေချိုးပေးပါက ခန္ဓာကိုယ်ရဲ့ နာကျင်မှုတွေအားလုံးကို သက်သာစေပါတယ်။
နည်းလမ်း (၃)
တီဗီကြည့်ရင်းဖြစ်စေ၊ စာအုပ်ဖတ် ရင်းဖြစ်စေ ရေနွေးအိတ်ကို ခါးနောက်မှာ ထားပြီး ထိုင်ပါက ခါးနာတာကို သက်သာ စေပါတယ်။
နည်းလမ်း (၄)
နွားနို့နွေးနွေးတစ်ခွက်ထဲကို နနွင်း နဲ့ ပျားရည်အနည်းငယ် ထည့်သောက်ပါ။ ပုံမှန်သောက်ပေးပါက ခါးနာတာအပြင် ခန္ဓာကိုယ်ရဲ့နာကျင်မှုကိုက်ခဲမှုတွေကို သက်သာစေတဲ့အပြင် အအေးမိဖျားနာ တာနဲ့ ချောင်းဆိုးတာတွေကိုပါ သက်သာ စေပါတယ်။
နည်းလမ်း (၅)
ရေမချိုးခင် တစ်နာရီလောက် ကြို ပြီး ခါးကို မုန်ညင်းဆီလိမ်းကာ နှိပ်နယ် ပေးပါ။ ပြီးနောက် ရေနွေးနဲ့ ရေချိုးပေးပါ။
နည်းလမ်း (၆)
လက်ဖက်ရည်ထဲကို ချင်းထည့် သောက်ပါက နာကျင်ကိုက်ခဲမှုတွေကို သက်သာစေပါတယ်။
နည်းလမ်း (၇)
အဆီတစ်မျိုးမျိုး လိမ်းပြီး ညင်သာ စွာ နှိပ်နယ်ပေးနိုင်ပါတယ်။
နည်းလမ်း (၈)
လက်အိတ်ထဲကို ဆန်ထည့်ပြီး ပိတ်စည်းပါ။ အပူအနည်းငယ်ပေးပြီး ခါး နောက်နားထားပေးပါက နာကျင်မှု တွေသက်သာစေပါတယ်။
◘ ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)