သစ်ပင်များက လူတို့ကို အသက်ပိုရှည်စေရန် ကူညီပေးဟု သုတေသီများဆို

စိမ်းစိုလန်းဆန်းတဲ့သစ်ပင်တွေ ပတ်ဝန်းကျင်မှာနေထိုင်တဲ့သူတွေက သက်ရှင်နေထိုင်နိုင်တဲ့ မျှော်မှန်းသက် တမ်းပိုများတာကိုတွေ့ရပြီး ဒီတွေ့ရှိချက် ကြောင့် သစ်ပင်တွေနားမှာနေထိုင်တဲ့သူ တွေက အသက်ပိုရှည်နိုင်တယ်လို့ ဘာ စီလိုနာကမ္ဘာ့ကျန်းမာရေးတက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။ သစ်ပင် တွေက ကမ္ဘာမြေပူနွေးမှုဖြစ်စေတဲ့ဓာတ် ငွေ့တွေကိုစုပ်ယူလိုက်ပြီး လေထုကိုသန့် စင်အေးမြစေတယ်လို့လည်း သုတေသီ တွေက ဆိုပါတယ်။ တရုတ်ကနေ ကနေ ဒါအထိ နိုင်ငံပေါင်းခုနစ်နိုင်ငံက လူဦးရေ ရှစ်သန်းကျော်ကို လေ့လာမှုအကြိမ်ရေ ကိုးကြိမ်ပြုလုပ်ကာ သမိုင်းမှာအကျယ် ပြန့်ဆုံးသုတေသနလေ့လာမှုအဖြစ် လေ့ လာခဲ့ကြတာဖြစ်ပါတယ်။ ဂြိုဟ်တုဓာတ် ပုံတွေအသုံးပြုပြီး လူသားတွေရဲ့နေထိုင် ရာပတ်ဝန်းကျင်အနီးတစ်ဝိုက်မှာ သစ် ပင်တွေရှိနေတာရဲ့အကျိုးသက်ရောက် မှုကို နှစ်နဲ့ချီစောင့်ကြည့်ကာ လေ့လာခဲ့ ကြတာဖြစ်ပါတယ်။ သစ်ပင်တွေအနီးမှာ နေသူတွေမှာ နှလုံးနဲ့ အသက်ရှူလမ်း ကြောင်းဆိုင်ရာရောဂါတွေကြောင့် အ ရွယ်မတိုင်ခင်သေဆုံးနိုင်ခြေတွေအပေါ် လေ့လာသုံးသပ်ခဲ့ကြတာဖြစ်ပါတယ်။ အပင်တွေပိုပြီးနည်းပါးလေ့ရှိပြီး လူဦး ရေထူထပ်တဲ့ မြို့ပြတွေမှာ စိမ်းလန်းတဲ့ ဥယျာဉ်တွေ ပိုပြီးဖန်တီးပေးဖို့ကိုလည်း သုတေသီတွေကတိုက်တွန်းခဲ့ကြပါ တယ်။

(DS, 28.11.19)သံသာ

Post Author: Good Health Journal