ကနေဒါနိုင်ငံ အယ်လ်ဘာတာပြည်နယ် အက်မွန်တန်မြို့ မှ ကက်စီဒီအမ်းစထရောင်းဆိုသူ အသက် ၃၆ နှစ်အရွယ် အမျိုးသမီးက အသည်းမှာ သစ်တော်သီးအရွယ်ကင်ဆာ ကျိတ်ဖြစ်နေတယ်ဆိုပြီး ဆေးကုသမှုတွေနဲ့ ခွဲစိတ်ကုသမှုတွေ ခံယူခဲ့ပြီးမှာ ကင်ဆာကျိတ်လုံးဝမဟုတ်ဘဲ ရှားပါးကပ်ပါးတစ် မျိုးကြောင့်ဖြစ်ရတာလို့ သိရှိလိုက်ရပါတယ်။ ကက်စီက ကိုယ် အလေးချိန် ၂၅ ပေါင်လောက် ကျဆင်းသွားခဲ့ပြီး အစာခြေမှု ပြဿနာတွေလည်းဖြစ်လာခဲ့ကာ အိပ်မပျော်တဲ့အခြေအနေတွေ နဲ့ စစ်ဆေးကုသမှုခံယူခဲ့တာမှာ ဆရာဝန်တွေက ကက်စီရဲ့အ သည်းမှာ သစ်တော်သီးအရွယ်အကျိတ်လုံးကိုတွေ့ရှိခဲ့ပြီး fibr-olamellar carcinoma ဆိုတဲ့ရှားပါးအသည်းကင်ဆာဆိုပြီး ကုသပေးနေခဲ့ကြပါတယ်။ ခွဲစိတ်မှုပြုလုပ်ခဲ့ပြီးချိန်မှာ အကျိတ် ကို ဓာတ်ခွဲခန်းပို့စစ်ဆေးခဲ့ရာမှာတော့ ကင်ဆာကျိတ်မဟုတ်ဘဲ ရှားပါးကပ်ပါးသန်ကောင်တစ်မျိုးဖြစ်တဲ့ Echinococcus multilocularis ကြောင့်ဖြစ်တဲ့ alveolar echinococcosis ဆိုတဲ့ကပ်ပါးရောဂါခံစားနေရတာလို့ ဆရာဝန်တွေက ဆိုပါ တယ်။ သူရဲ့အသည်းထဲမှာ နှစ်ပေါင်း ၁၀ နှစ်ကြာမျှ ရှင်သန် ကြီးထွားနေခဲ့တဲ့ သန်ကောင်ဖြစ်နေတာလို့ သိလိုက်ရတဲ့နောက် အံ့အားသင့်သွားခဲ့ရတယ်လို့ ကက်စီက ဆိုပါတယ်။ သန်ကောင် ဆဲလ်က အသည်းထဲမှာ အကျိတ်လုံးပုံစံမျိုးတွေကြီးထွားခဲ့တာ ဖြစ်ပြီး ဒါကလည်း အသက်အန္တရာယ်ရှိနိုင်ပေမယ့် ကင်ဆာ ထက်စာရင်တော့ အခြေအနေပိုကောင်းပါတယ်လို့ ဆရာဝန် တွေက ပြောကြားခဲ့ပါတယ်။ တိရစ္ဆာန်တွေရဲ့အညစ်အကြေး တွေနဲ့ ထိတွေ့မိတာ ဒါမှမဟုတ် အိမ်မွေးတိရစ္ဆာန်တွေကို ပွတ် သပ်တာ၊ လက်သေချာဆေးကြောတာမျိုးမရှိတာတွေမှာ သန် ကောင်တွေ ကူးစက်တတ်ကြတယ်လို့ ဆရာဝန်တွေက ဆိုပါ တယ်။
(DM, 20.2.2020) သံသာ