သန့်စင်ခန်းသွားတိုင်း ဖုန်းယူသွားသူများလိပ်ခေါင်းဖြစ်နိုင်ခြေများ

အိမ်သာတက်ရင်းနဲ့ ဖုန်းလျှောက် ပွတ်နေရင် မျက်လုံးသာမက စအိုပါ ထိ ခိုက်နိုင်ပါတယ်လို့ ဆရာဝန်တစ်ယောက် က သတိပေးလိုက်ပါတယ်။ အိမ်သာ တက်တိုင်း ဖုန်းယူသွားရင် လိပ်ခေါင်း ဖြစ်နိုင်တယ်လို့ ဒေါက်တာ ဆာရာဂျာဗစ် က ပြောလိုက်တာပါ။ ဖုန်းသုံးလို့ ဒီလို ဖြစ်တာ မဟုတ်ပေမယ့် ဖုန်းသုံးရင်းနဲ့ ဖုန်းဆီစိတ်ရောက်ပြီး အိမ်သာမှာ အကြာ ကြီး ထိုင်မိနေတာကြောင့် ဒီလိုဖြစ်နိုင် တာပါ။ အလေးစွန့်ဖို့ ညှစ်ထုတ်နေရ တော့ စအိုဝက သွေးကြောတွေပေါ် ဒဏ် ပိပြီး လိပ်ခေါင်းဖြစ်သွားနိုင်တာပါ။ ]ဝမ်း ချုပ်တာ၊ ဝမ်းသွားရင်အတင်းညှစ်ထုတ်နေရတာတွေကြောင့် လိပ်ခေါင်းဖြစ်နိုင် တယ်။ ကိုယ်ဝန်ရှိနေတာ၊ နာတာရှည် ချောင်းဆိုးတာ၊ အသက်အရွယ်ကြီးရင့် တာတို့ကြောင့်လည်း လိပ်ခေါင်းဖြစ်နိုင် တယ်။ ဒါပေမဲ့ အိမ်သာမှာ ကြာသင့်တာ ထက် ပိုကြာကြာ ထိုင်နေတာကြောင့် လည်း လိပ်ခေါင်းဖြစ်နိုင်ပါတယ်။ အရင်
ခေတ်တုန်းကတော့ တချို့က အိမ်သာ သွားရင် စာအုပ်လေးတစ်အုပ်ယူသွား ကြပေမယ့် အခုခေတ်မှာကျတော့ လက် တစ်ကမ်းမှာအဆင်သင့်ရှိနေတဲ့ ဖုန်းကိုပဲ ယူသွားကြတာများတယ်။ ဖုန်းပွတ်နေတဲ့ အတွက် စိတ်က အလေးစွန့်ရမယ့်ဆီ မ ရောက်တော့ဘဲ ဖုန်းဆီပဲရောက်နေပြီး အလေးထွက်ဖို့ အချိန်ပိုကြာသွားလိမ့် မယ်။ ဒါကြောင့် အိမ်သာသွားတိုင်း ဖုန်း ယူသွားတာမျိုးမလုပ်ဖို့ တိုက်တွန်းပါ တယ်] လို့ ဒေါက်တာ ဂျာဗစ်က ပြောပါ တယ်။

(DM, 26.9.19) ချယ်ရီ

Post Author: Good Health Journal