သဘာဝရဲ့ အသက်ရှည်ဆေး သို့မဟုတ် ချစ်ခင်ရသူမိတ်ဆွေများ

လူတစ်ယောက် အသက်ရှည်ပြီး အ နာကင်းမဲ့ဖို့ ပြုလုပ်သင့်၊ လိုက်နာသင့်တဲ့ အမူအကျင့်တွေအကြောင်းကို ကျွန်မတို့ အတော်များများက တီးမိခေါက်မိရှိတတ် ကြပါတယ်။ အဲဒီအထဲက တချို့အကျင့် တွေဟာ အစပြုပျိုးထောင်ပေးရတာမျိုး ဖြစ်ပြီး တချို့တွေကတော့ သတိထားလေ့ ကျင့်ယူရတဲ့အကျင့်တွေပါပဲ။ အဲဒီလို တ ကူးတက လေ့ကျင့်ပေးစရာမလိုဘဲ ကျွန်မ တို့ ကျန်းမာရေးကို အားပေးနေတဲ့အရာ တွေလည်း ရှိပါသေးတယ်။ ဒါတွေက တော့ ကျွန်မတို့ရဲ့ မိတ်ဆွေ သူငယ်ချင်း တွေပါပဲ။ University of North Carolina က လူမှုဆက်ဆံရေးနဲ့ပတ်သက် တဲ့လေ့လာသူတွေဟာ မိတ်ဆွေသူငယ် ချင်းတွေကြားထဲက ဆက်ဆံမှုတွေနဲ့ ကျန်း မာရေးဆက်စပ်မှုတွေကို ခြေရာခံပြီးတဲ့ နောက်မှာ အားလုံးမထင်မှတ်ထားတဲ့ ရ လဒ်ကောင်းတွေကို ဖော်ထုတ်ကြေညာခဲ့ ပါတယ်။

၁။ သွေးတိုးကျစေခြင်း
အလွယ်တကူ စိတ်တိုတတ်တာ၊ စိတ် ဖိစီးမှုကို ခံစားရလွယ်တတ်တာတွေဟာ ကျန်းမာရေးကို အထောက်အကူပြုပေး တဲ့အမူအကျင့်တွေတော့ မဟုတ်ပါဘူး။ လူတစ်ယောက်ဟာ အထီးကျန်မှုတွေကို ခံစားနေရတဲ့အချိန်တွေမှာ ဒီလိုခံစားရမှု တွေက ပိုပြီးတော့သိသာပါတယ်။ ဆေးဝါး အကူအညီတွေရယူဖို့ မလိုဘဲနဲ့ ဒီအခြေ အနေတွေကို ကူညီဖြေရှင်းပေးတာက တော့ ခင်မင်ရင်းနှီးမှုတွေတိုးအောင် ပြု လုပ်တာပါပဲ။ လေ့လာမှုတစ်ခုအရတော့ အထီးကျန်တဲ့ဝေဒနာကို ခံစားရတာနဲ့ သွေးတိုးတာက တိုက်ရိုက်ဆက်နွှယ်မှုရှိ တာကို တွေ့ရှိခဲ့ပါတယ်။ လူတစ်ယောက် ဟာ မိမိကိုချစ်ခင်နှစ်သက်တဲ့သူတွေ၊ မိမိကို စိတ်ခွန်အားပေးတဲ့သူတွေနဲ့ အ တူတကွရှိနေပေးရင်တော့ သွေးတိုးရော ဂါဖြစ်နိုင်ခြေ ၆၀ ရာခိုင်နှုန်းလောက်အထိ လျော့နည်းနေတတ်လို့ ဆိုထားပါတယ်။

၂။ ဆွဲဆောင်မှု ပိုမိုရှိစေနိုင်ခြင်း
ဘ၀ကို လွတ်လပ်ပေါ့ပါးပြီး ယုံကြည် မှုရှိရှိ ဖြတ်သန်းနိုင်ဖို့ သူငယ်ချင်းတွေဟာ အကောင်းဆုံး အဖော်မွန်တွေပါပဲ။ ကျွန်မ တို့တစ်ယောက်တည်း ရှိနေချိန်တွေထက် အပေါင်းအသင်းတွေနဲ့ရှိနေတဲ့အချိန် တွေမှာ အိုင်ဒီယာအသစ်တွေ၊ ဟာသ ဉာဏ်ကွန့်မြူးတာတွေဟာ ပိုပြီးတော့ဖြစ် လာနိုင်ပါတယ်။ တက္ကသိုလ်ကျောင်းသား တွေကို လေ့လာမှုပြုလုပ်တဲ့အခါမှာလည်း အုပ်စုနဲ့နေတတ်တဲ့ ကျောင်းသားတွေဟာ ပိုပြီးတော့ ဖန်တီးတီထွင်နိုင်စွမ်းတွေမြင့် ပြီး တစ်ယောက်တည်းသီးခြားနေတတ် တဲ့သူတွေထက် လူပေါင်းဆံ့တတ်တာကို တွေ့ရှိခဲ့ရပါတယ်။

၃။ ငြင်းပယ်ခံရခြင်းနှင့် စိတ်အနာတရများကို ဖယ်ရှားပေးနိုင်ခြင်း
ဘ၀မှာ ကျွန်မတို့ မျှော်လင့်ထားသ လို၊ စီစဉ်ထားသလိုမျိုး ဖြစ်မလာကြတဲ့ အချိန်တွေ ဒုနဲ့ဒေးပါပဲ။ ဒီလိုအခိုက်အ တန့်တွေမှာ လွင့်ပြယ်သွားတဲ့ စိတ်အခြေ အနေတွေကို ကောက်ယူပြီးတော့ ယို ယွင်းသွားတဲ့ စိတ်ခွန်အားတွေကို ပြန်လည် ဖြည့်တင်းပေးမယ့်သူတွေဟာ သူငယ်ချင်း တွေပါပဲ။ ၂၀၁၁ ခုနှစ်က ကလေးတွေမှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေအရတော့ တ ခြားသူတွေရဲ့ ငြင်းပယ်မှုကို ခံရတဲ့အချိန် မျိုးတွေ၊ မိဘဆရာသမားတွေဆီကနေ ဆူပူခံရတဲ့အချိန်မျိုးတွေမှာ သူငယ်ချင်း တွေနဲ့ တရင်းတနှီးရှိနေတာက တည် တည်ငြိမ်ငြိမ် နေထိုင်နိုင်ဖို့ အထောက်အ ကူဖြစ်တာကို တွေ့ရပါတယ်။ သူငယ်ချင်း တွေဟာ ကျွန်မတို့ရဲ့ စိတ်ဖိစီးမှုတွေကို အဝေးကိုလွင့်ထွက်သွားအောင် တိုက် ထုတ်မပေးနိုင်ပေမယ့် လျော့ပါးအောင် တော့ ကူညီပေးနိုင်ပါတယ်။

၎။ တောင်ကုန်းများကို ပြေလျော့စေခြင်း
တောင်တက်ခရီးသွားလို့ မတ်စောက် တဲ့တောင်ကုန်းတွေကို ဖြတ်သန်းတဲ့အခါ တွေမှာ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ စုစုစည်းစည်းသွားရတာထက် တစ်ယောက် တည်းသွားတာက ပိုပြီးပင်ပန်းတယ်လို့ ခံစားရတတ်တာဟာ လူ့သဘာဝပါပဲ။ ဒီလိုပါပဲ၊ ကျွန်မတို့ဟာ ရှောင်လွှဲလို့မရတဲ့ လူ့ဘ၀အခက်အခဲတွေကို ရင်ဆိုင်ရတဲ့ အခါမှာ တစ်ယောက်တည်းအမြင်နဲ့ကြည့် တဲ့အခါ ပိုပြီးတော့ ခက်ခဲကြမ်းတမ်းတယ် လို့ ခံယူမိနေတတ်ပါတယ်။ ဒီလိုအချိန်မျိုး တွေမှာ ခင်မင်ရတဲ့ မိတ်ဆွေ၊ သူငယ်ချင်း တွေနဲ့ ရင်ဖွင့်ရင်း၊ တိုင်ပင်ရင်းနဲ့ပဲ ကျွန်မ တို့တစ်တွေ မဖြစ်မနေ ကျော်ဖြတ်ရမယ့် တောင်ကုန်းတွေဟာ ပြေလျော့သွားပါ လိမ့်မယ်။

၅။ ကင်ဆာရောဂါကို တိုက်ထုတ်နိုင်ခြင်း
နောက်ထပ်မယုံနိုင်စရာကောင်း လောက်တဲ့အစွမ်းကတော့ ကင်ဆာရော ဂါကိုတိုက်ထုတ်နိုင်တာပါပဲ။ ကင်ဆာ ဝေဒနာကို ခံစားနေရသူတွေထဲမှာမှ မိတ် ဆွေသူငယ်ချင်းတွေရဲ့ ချစ်ခင်မှုတွေကို ရတဲ့သူတွေဟာ တခြားသူတွေထက် ကု သခံယူမှုမှာ ပိုထိရောက်ပါတယ်။ ချစ်ခင် သူတွေကြောင့်ပဲ ဝေဒနာခံစားရတာတွေ ဟာ တခြားသူတွေထက် လျော့ပါးနေ တတ်တယ်လို The Journal of Cancer က ဆောင်းပါးထဲမှာ ဖော်ပြရေးသားထား ပါတယ်။

၆။ ရည်မှန်းချက်ပန်းတိုင် ရောက်အောင် တွန်းပို့ပေးနိုင်ခြင်း
ကျွန်မတို့မှာ သူတစ်ပါးနဲ့ မတူညီတဲ့ အကြံဉာဏ်တွေ၊ ဝါသနာတွေရှိနေတတ် ပြီး အဲဒါတွေကို ထုတ်ဖော်ပြသခွင့်ရှိတဲ့သူ တွေဟာ သူငယ်ချင်းတွေပါပဲ။ ကျွမ်းကျင် တဲ့ အကြံပေးပညာရှင်တွေဟာ ကျွန်မတို့ ရဲ့ စိတ်ကူးတွေကို ခွဲခြမ်းစိတ်ဖြာပြီးတော့ ကျွန်မတို့ကို သုံးသပ်မှုပေးနေတဲ့အချိန် မှာ သူငယ်ချင်းတွေကတော့ ယုံကြည်ရာ ကိုဆက်လုပ်ဖို့ အားတွေ ပေးနေတတ်ပါ တယ်။ မဖြစ်နိုင်ဘူးလို့ အထင်ရောက်စေ တဲ့ အတားအဆီးတွေကို ဖြတ်ကျော်နိုင်ဖို့ အတွက် ကျွန်မတို့ရဲ့ သူငယ်ချင်းတွေဟာ ခွန်အား နှစ်ဆပေးနိုင်တယ်လို့ Uညငလ-နမျငအပ သ် Gနသမါငa က သုတေသီတွေက ထုတ်ဖော်ပြောကြားထားပါတယ်။

၇။ အထီးကျန်မှုကို လွင့်ပါးစေခြင်း
Brigham Young University မှ Associate Professor တစ်ယောက် ဖြစ်တဲ့ Ulianne Holt-Lunstad ဟာ ခင်မင်ရင်းနှီးမှုရှိတာနဲ့ သေဆုံးနှုန်းဆိုတဲ့ ဆက်နွှယ်ချက်ကို သက်သေပြနိုင်ဖို့ လေ့ လာမှုပေါင်း ၁၅၀ ကျော်ကို ပြုလုပ်ခဲ့ပြီး ခိုင်မာတဲ့ကောက်နုတ်ချက်တစ်ခုကိုချနိုင် ခဲ့ပါတယ်။ လူမှုဆက်ဆံရေးမှာ အားနည်း တဲ့သူတွေရဲ့ ဘ၀သက်တမ်းဟာ တခြားသူ တွေထက် တိုနေတတ်ပါတယ်။ အထီးကျန် တယ်ဆိုတဲ့ခံစားမှုမျိုးမရရှိဖို့ သိစိတ်က ဖြစ်စေ၊ မသိစိတ်ရဲ့ တွန်းအားကြောင့်ဖြစ် စေ စီးကရက်သောက်တာ၊ အရက်အလွန် အကျွံသောက်တာတွေကနေစပြီးတော့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အမူအကျင့် တွေကို ပြုမူနေမိတတ်ပါတယ်။ ဒါတွေနဲ့ ဆက်နွှယ်ပြီးတော့ အဝလွန်တာ၊ ဆီးချို ရောဂါ၊ သွေးကြောပိတ်ဆို့တာ စတဲ့ ဝေဒ နာတွေကို ခံစားရတတ်ပါတယ်။ ဒါကြောင့် ပဲ သူငယ်ချင်းတွေဟာ ကျွန်မတို့ အသက် ရှည်ရာ သဘာဝကပေးတဲ့ အားဆေးတွေ ဖြစ်လာပါတယ်။
မိတ်ဆွေဆိုတာဟာ တစ်သက်လုံး အတွက် ခူးဆွတ်လို့မကုန်တဲ့ အသီးအနှံ ပင်တွေဖြစ်ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ဖေးမရင်း၊ တစ်ယောက်အရိပ် တစ်ယောက်ခိုရင်းနဲ့ ဘ၀ရဲ့ နေဝင်ချိန် တွေအထိ အတူရှိနေမယ့် ရဲဘော်ရဲဘက် ကောင်းတွေလည်း ဖြစ်နေပါတယ်။ ဒါ ကြောင့် ကျွန်မတို့တွေကြားက ခင်မင် ရင်းနှီးမှုတွေ တိုးသထက် တိုးဖို့ သတိထား ရမယ့်အရာလေးတွေကို လက်ဆင့်ကမ်း လိုက်ချင်ပါတယ်။
(က) ခင်မင်မှုသာ ရှေးရှုရာပါ
တစ်ယောက်နဲ့ တစ်ယောက်ကြားက ခင်မင်မှုတွေ သက်တမ်းရှည်ဖို့အတွက် မျက်နှာချင်းဆိုင်တွေ့မှ ဖြစ်မယ်ဆိုတဲ့ ကာလကြီးဟာ ကုန်ဆုံးခဲ့ပါပြီ။ အလှမ်းဝေး ကွာနေတဲ့နေရာကို ရောက်နေတဲ့တိုင် အောင် Sသခငal နြိငa တွေကနေတစ် ဆင့် တစ်ယောက်အကြောင်းကိုတစ် ယောက် သိနေနိုင်ပါတယ်။ ဘယ်နေရာ မှာတွေ့မယ်၊ ဘယ်သူတွေနဲ့ဆုံမှဖြစ်မယ် ဆိုတာထက် ဖုန်းလေးတစ်ချက်လောက် ဆက်ပြီးတော့ပဲဖြစ်ဖြစ် ကျွန်မတို့ရဲ့ သတိတရရှိနေမှုတွေကို သူငယ်ချင်းတွေ သိအောင် ပြောပြသင့်ပါတယ်။
(ခ) ပွင့်လင်းပါ
မိတ်ဆွေသက်တမ်းရှည်ကြာမှုရဲ့ လျှို့ဝှက်ချက်တစ်ခုကတော့ တစ်ဦးအ ပေါ်တစ်ဦး ရိုးသားပွင့်လင်းမှုရှိနေခြင်းပါ ပဲ။ မိမိရင်ထဲက ခံစားချက်တွေနဲ့ မိမိပါး စပ်ကထွက်တဲ့စကားလုံးတွေဟာ ထပ်တူ ကျနေသမျှ၊ ကျွန်မတို့ရင်ထဲကဝေဒနာ တွေကို ရိုးသားစွာ ဖွင့်အံခွင့်ရှိနေတယ်လို့ ခံစားမိနေသမျှ ခင်မင်မှုသက်တမ်းဟာ နက်ရှိုင်းတည်မြဲလာပါတယ်။
(ဂ) နားထောင်ပေးပါ
သူငယ်ချင်းတွေရဲ့အခက်အခဲတွေ၊ သောကတွေကို နားထောင်ပေးပါ။ ဒါပေ မဲ့ သူ့ဘက်က တစ်စုံတစ်ခု မမေးမြန်း မချင်း အကြံဉာဏ်တွေတော့ မပေးမိပါ စေနဲ့။ တစ်ခါတလေမှာ ကျွန်မတို့ဟာ မိမိ တို့ဘာကိုလုပ်သင့်တယ်ဆိုတာကို သေ ချာသိနေတဲ့တိုင်အောင် အခက်အခဲကို ထုတ်ပြောပြီးတော့ ခံစားနေရတဲ့ ဝေဒနာ တွေကို သက်သာသွားအောင် ကြိုးစား တတ်ကြပါတယ်။
(ဃ) မတူညီတဲ့ သူငယ်ချင်းတွေ ထားပါ
လူတစ်ကိုယ်အကြိုက်တစ်မျိုးဆို သလို ကျွန်မတို့ရဲ့ ဝါသနာပါရာတွေဟာ ကွဲပြားနေပါလိမ့်မယ်။ ဒီလိုအချိန်မျိုးမှာ မတူညီနိုင်တဲ့သူတွေကို လိုက်ပြီးတော့ စု နေမယ့်အစား တူရာတူရာချင်း သွားလာ ကြည့်လိုက်ပါ။ ရုပ်ရှင်ကြည့်တာကို ဝါ သနာပါတဲ့သူငယ်ချင်းနဲ့ စာအုပ်ဖတ်ရ တာကို နှစ်သက်တဲ့သူငယ်ချင်း နှစ်မျိုးစ လုံးဟာလည်း ကျွန်မတို့ရဲ့ သူငယ်ချင်း ကောင်းတွေချည်းပါပဲ။
(င) အကူအညီတောင်းချိန်အထိ မစောင့်ပါနဲ့
ဘယ်လောက်ပဲ ရင်းနှီးတဲ့ သူငယ် ချင်းမျိုးပဲ ဖြစ်နေပါစေ၊ တချို့အခက်အ ခဲတွေကို အကူအညီတောင်းဖို့အတွက် နှုတ်တွန့်နေမိတတ်ပါတယ်။ ဒါကြောင့်ပဲ သူငယ်ချင်းတွေရဲ့ အခက်အခဲကို သိတဲ့ အချိန်မျိုးမှာ သူထုတ်ဖော်ပြောတဲ့အထိ မစောင့်နေဘဲနဲ့ မိမိတတ်နိုင်တဲ့ ကူညီမှု မျိုးကို နှုတ်ရဲ့ စောင်မမှု၊ ကိုယ်ရဲ့ စောင်မ မှုမျိုးနဲ့ ကူညီသင့်ပါတယ်။

နှင်းနုလွင် (ဆေးဝါး)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *