သရဲကားကြည့်တာ ကျန်းမာရေးထိခိုက်နိုင်လား

သရဲကားဆိုတာကို လူအတော်များများကြိုက် ကြပေမယ့် သတ္တိအရမ်းရှိလို့ ကြည့်တာ မဟုတ်တာ တော့အမှန်ပါပဲ။ သရဲအမျိုးမျိုးကို သရဲကား အမျိုး မျိုးမှာမတူညီအောင်ကို တွေ့ဖူးမှာပါ။ တချို့က ဟာသ သရဲကားတွေကြည့်ရတာ ကြိုက်သလို၊ တ ကယ့်အဖြစ်အပျက်ကို အခြေခံပြီး ပြန်ရိုက်ကူးတဲ့ သရဲကားတွေ ကြိုက်တဲ့သူတွေလည်း ရှိပါတယ်။ ဘယ်လို သရဲကားပဲဖြစ်ဖြစ် ထိတ်လန့်သွားရတဲ့ အခိုက်အတန့်ကိုတော့ လူတိုင်းကြုံတွေ့ဖူးမှာပါ။ သရဲကားတွေ ကြည့်တာက ဘာကောင်းကျိုးတွေ ရနိုင်လဲဆိုတော့ –

  • မိနစ် ၉၀ စာရှိတဲ့ သရဲကား တစ်ကားကြည့် တာဟာ ၁၁၃ ကယ်လိုရီ လောင်ကျွမ်းနိုင်တယ်လို့ ဆိုပါတယ်။ ဒါဟာ မိနစ် ၃၀ လမ်းလျှောက်တာနဲ့ ညီမျှပါတယ်တဲ့။
    သရဲကားတွေကြည့်လို့ ထိတ်လန့်မှုဖြစ်တဲ့အခါ ဦးနှောက်က “Fight or Flight” ကို activate ဖြစ် စေပါတယ်။ ဒါဟာ လက်တွေ့ဘ၀မှာ ထိတ်လန့်မှု တစ်စုံတစ်ခုနဲ့ ကြုံလာတဲ့အခါမှာလည်း cope လုပ် နိုင်စွမ်းမြင့်လာစေပါတယ်။
  • သရဲကားကြည့်တာဟာ ဦးနှောက်ရဲ့လုပ်ဆောင် မှုမြင့်တက်စေတဲ့ Neurotransmitters တွေကို ထုတ်လုပ်ပေးပါတယ်။ ဒီကနေ သွက်လက်ဖျတ် လတ်နိုးကြားစေနိုင်ပါတယ်။
  • သရဲကားကြည့်ရင် ခန္ဓာကိုယ်တွင်း အက်ဒရီ နယ်လင်းဟော်မုန်းတွေ ထုတ်ပေးပါတယ်။ သူက ကိုယ်ခံစွမ်းအားကို မြင့်တက်စေပါတယ်။
  • သရဲကားကြည့်ရတာကြိုက်တဲ့သူတွေမှာ သရဲ ကားကြည့်တာက စိတ်ဖိစီးမှုကိုလျော့ ကျစေတာကို သုတေသီတွေလေ့လာ တွေ့ရှိခဲ့ပါတယ်။ စိတ်ဖိစီးမှုများတဲ့ အခါ သူငယ်ချင်းတွေနဲ့အတူ သရဲ ကားတစ်ကားလောက် သွားကြည့် လိုက်ပါ။

ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *