သားအိမ်ကျန်းမာရေးအတွက် စားသင့်သောအစားအစာများ

အမျိုးသမီးတွေအတွက် သားအိမ်က အရေးကြီးတဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ သူက အမျိုးသမီးတွေရဲ့ မျိုးဆက်ပွားစနစ်အတွက် အလွန်အရေးပါ ပါတယ်။ ဒါကြောင့် သားအိမ်ကျန်းမာရေးကို အထူးအလေးပေးပြီး ဂရုစိုက်သင့်ပါ တယ်။ သားအိမ်သန်မာပြီး ကျန်းမာပါမှ သန္ဓေတည်နိုင်မှာမို့ သားအိမ်ကျန်းမာဖို့အ တွက် စားသင့်တဲ့အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

အမျှင်ပါဝင်မှုများသော အစားအစာများ
အမျှင်ပါဝင်မှုများတဲ့အစားအစာတွေကို စားသုံးတာက ခန္ဓာကိုယ်အတွင်းက အ ဆိပ်အတောက်နဲ့ အညစ်အကြေးတွေကို ဖယ်ရှားဖို့ ကူညီနိုင်ပါတယ်။ အမျှင်ဓာတ် တွေအများကြီးစားမိလို့ တစ်နေ့ကို ဝမ်းနှစ်ခါ၊ သုံးခါလောက်သွားတာကို စိုးရိမ်စိတ် မဖြစ်ပေါ်ပါနဲ့။ အမျှင်ဓာတ်ပါဝင်မှုများတဲ့အစားအစာတွေက ခန္ဓာကိုယ်အတွင်းမှာ ပို လျှံလို့စုဆောင်းနေတဲ့ အီစထရိုဂျင်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ အီစထရို ဂျင်တွေများလွန်းရင် သားအိမ်မှာ အလုံးဖြစ်ပေါ်တတ်ပါတယ်။ ပဲအမျိုးမျိုး၊ ဟင်းသီး ဟင်းရွက်၊ သစ်သီးဝလံနဲ့ ကောက်နှံတစ်ခုလုံးပါဝင်စာတွေမှာ အမျှင်ဓာတ်များစွာ ပါဝင်ပါတယ်။ ပိုးသတ်ဆေးနဲ့ ဓာတု ပစ္စည်းရန်ကနေ ကင်းဝေးအောင် အော်ဂဲနစ် အစားအစာတွေကို ရွေးချယ်ပါ။ ဒီဓာတုပစ္စည်းတွေက ကလေးရရှိဖို့ အနှောင့်အယှက် ပေးနိုင်တာကြောင့်ပါ။ အမျှင်ဓာတ်စားသုံးနေစဉ်အတွင်း ရေကို နေ့စဉ် ၈-၁၀ ဖန် ခွက်ရအောင်တော့ သောက်ပေးပါ။

ဟင်းသီးဟင်းရွက်
ဟင်းသီးဟင်းရွက်တွေမှာ ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဗီတာမင် တွေ မြောက်မြားစွာ ပါဝင်ပါတယ်။ ဂေါ်ဖီထုပ်၊ မုန်ညင်း၊ ပန်းဂေါ်ဖီနဲ့ ပဲသီးလိုမျိုး ဟင်းသီးဟင်းရွက်ကို များစွာ စားသုံးတာက သားအိမ်အလုံးရှိနေရင်တောင်မှ ကြီးထွား နှုန်းနှေးကွေးသွားနိုင်ပါတယ်။ ဒီဟင်းသီးဟင်းရွက်တွေမှာ အပင်အီစထရိုဂျင်ဓာတ် တွေ များစွာ ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ရဲ့အီစထရိုဂျင်ကို လျော့ကျနိုင်စွမ်းရှိပါတယ်။

သစ်သီးဝလံ
ဗီတာမင် စီ နဲ့ ဘိုင်အိုဖလေဗိုနွိုက်မြင့်မားစွာ ပါဝင်တဲ့ သစ်သီးဝလံတွေက သား အိမ်အလုံးရဲ့ကြီးထွားနှုန်းကို တားမြစ်ပေးပါတယ်။ သူတို့က ခန္ဓာကိုယ်ရဲ့အီစထရိုဂျင်ကို ပုံမှန်ဖြစ်အောင်လည်း ထိန်းချုပ်ပေးပါတယ်။ ဘိုင်အိုဖလေဗိုနွိုက်တွေက မမျိုးဥအိမ် ကင်ဆာမဖြစ်အောင်ကာကွယ်ပေးပြီး မျိုးပွားစနစ်ကျန်းမာဖို့အတွက် ကူညီပေးပါတယ်။ အဆာပြေအစာအဖြစ် အစာကြီးတစ်ခုနဲ့တစ်ခုကြားမှာ သစ်သီးဝလံတွေ စားပေးပါ။

နို့နှင့်နို့ထွက်ပစ္စည်းများ
ဒိန်ချဉ်၊ ဒိန်ခဲ၊ နွားနို့နဲ့ ထောပတ်လိုမျိုး နို့နဲ့နို့ထွက်ပစ္စည်းတွေဟာ သားအိမ် ကျန်းမာရေးအတွက် အထူးလိုအပ်ပါတယ်။ သူတို့မှာ ကယ်လ်စီယမ်နဲ့ ဗီတာမင် ဒီ တွေ များစွာ ပါဝင်တာကြောင့်ပါ။ ကယ်လ်စီယမ်က အရိုးကျန်းမာရေးအတွက် ကူညီ ပေးနိုင်ပြီး ဗီတာမင် ဒီ ကတော့ သားအိမ်အလုံးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင် ဒီ က ခန္ဓာကိုယ်က ကယ်လ်စီယမ်စုပ်ယူမှုကို ကူညီပေးပါတယ်။

လက်ဖက်ရည်ကြမ်း
Green tea မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ များစွာပါဝင်ပါတယ်။ သားအိမ်ကျန်း မာရေးအတွက် ကူညီပေးနိုင်ပြီး သားအိမ်အလုံးကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။ သားအိမ်အလုံးရှိတဲ့အမျိုးသမီးတွေအနေနဲ့ Green tea ကို နေ့စဉ် ရှစ်ပတ်ခန့်အထိ ပုံမှန် သောက်သုံးပေးရပါမယ်။ ဒီလိုသောက်တာကြောင့် သားအိမ်အလုံးကျုံ့သွားနိုင်ပါတယ်။

ကြက်ဆူဆီ
အဝင်ဆိုးလှပေမယ့် သားအိမ်ကျန်းမာရေးအတွက် အလွန်ကောင်းမွန်တဲ့ကြက် ဆူဆီက မမျိုးဥအိမ် အရည်အိတ်နဲ့ သားအိမ်အလုံးကို ကုသပေးနိုင်ပါတယ်။ ကြက်ဆူ ဆီမှာ ပါဝင်တဲ့ ရီကိုနိုလစ်အက်စစ်က ခုခံအားစနစ်ကို သန်မာစေနိုင်တာကြောင့် သားအိမ်အတွင်း ရောဂါပိုးဝင်ရောက်မှုကို တားဆီးပေးပါတယ်။

ရှောက်သီး/သံပရာသီး
ရှောက်သီးနဲ့ သံပရာသီးမှာ ဗီတာမင် စီ တွေ ကြွယ်ဝစွာ ပါဝင်တဲ့အတွက် ခုခံ အားစနစ်ကို မြှင့်တင်နိုင်ပါတယ်။ ဒီဗီတာမင်တွေက သားအိမ်ရဲ့ ခုခံအားစနစ်ကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ ဒါကြောင့် သားအိမ်အတွင်း ရောဂါပိုးတွေ အလွယ်တကူ မဝင်ရောက်နိုင်တော့ပါဘူး။ သားအိမ်ကျန်းမာရေးကောင်းမွန်အောင် မနက်တိုင်း ရှောက်ရည်တစ်ခွက်သောက်ပေးပါ။

ပင်လယ်ငါး
ဆယ်လ်မွန်၊ ငါးကွမ်းရှပ်လိုမျိုး ပင်လယ်ငါးတွေမှာ အိုမီဂါသရီးအဆီ အလွန်ပေါ ကြွယ်ဝစွာ ပါဝင်ပါတယ်။ အိုမီဂါသရီးအဆီက အမျိုးသမီးရဲ့ ခန္ဓာကိုယ်တွင်း ပလိုစ တာဂရမ်ဒင် ထုတ်လုပ်မှုကို လျော့ကျစေပါတယ်။ ဒီဟော်မုန်းက သားအိမ်ကို ကျုံ့နိုင် ဆံ့နိုင်အားကို ဆိုးဆိုးရွားရွားဖြစ်စေတတ်ပါတယ်။ ဒီလို ဆိုးဆိုးရွားရွား သားအိမ်ကျုံ့ ဆံ့တာကြောင့် သားအိမ်က နေရာမှန်မှာ မရှိဘဲ နေရာလွဲမှားနိုင်ပါတယ်။ ပင်လယ်ငါး စားသုံးတာက သားအိမ်နေရာမလွဲမှားအောင် ကူညီနိုင်ပါတယ်။

အစိမ်းရောင်အစားအစာများ
ကန်စွန်းရွက်၊ ဟင်းနုနယ်၊ ကိုက်လန်လိုမျိုး အစိမ်းရောင်အစားအစာတွေက သားအိမ်အတွင်း အယ်လ်ကာလီ ညီညွတ်မျှတမှုရှိအောင် ထိန်းချုပ်ပေးပါတယ်။ ဒါ့ အပြင် သူတို့က အာရုံကြောစနစ်ရဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးဖြစ် အောင် ကူညီပေးပါတယ်။ ဒီဟင်းသီးဟင်းရွက်တွေကနေ ဖောလစ်အက်စစ်လည်း ရရှိတာမို့ သင့်သားအိမ်က ကျန်းမာတဲ့ကလေးကို ဖန်တီးဖို့ အကောင်းဆုံးအနေအထား ကို ရရှိနိုင်ပါတယ်။

အစေ့အဆန်နှင့် အခွံမာသီးများ
ခန္ဓာကိုယ်ရဲ့ ဟော်မုန်းထုတ်လုပ်ဖို့အကောင်းဆုံးအနေအ ထားရောက်ရှိအောင် သူတို့တွေကို လိုအပ်ပါတယ်။ ဗာဒံစေ့၊ သီဟိုဠ်စေ့နဲ့ ဂုန်လျှော်စေ့လိုမျိုး အခွံမာသီး တွေမှာ အိုမီဂါသရီးဖက်တီးအက်စစ်နဲ့ ကျန်းမာရေးကောင်းစေတဲ့ကိုလက်စထရောတွေ များစွာ ပါဝင်ပါတယ်။ အိုမီဂါသရီးဖက်တီးအက်စစ်က သားအိမ်အလုံးကိုဖယ်ရှား ပေးဖို့ ကူညီနိုင်ပြီး သားအိမ်ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ကျန်းမာ ရေးကောင်းစေတဲ့ ကိုလက်စထရောတွေကတော့ သွေးတွင်းကိုလက်စထရောအဆင့် တွေကို ပုံမှန်ဖြစ်အောင် ထိန်းချုပ်ပေးပြီး လမစေ့ကလေးမွေးတာ ဒါမှမဟုတ် ပေါင် မပြည့်ကလေးမွေးတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *