သားအိမ်ခွဲစိတ်ထားသော အမျိုးသမီးတို့အတွက် အကောင်းဆုံးအစာ

သားအိမ်မှာ ရောဂါတစ်ခုခုရှိတာကြောင့် သားအိမ်တစ် ခုလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ ထုတ်ထားတဲ့ အမျိုးသမီး တွေအနေနဲ့ တခြားသူတွေထက် အစားအသောက်ကို အဓိက ထားပြီး စားသင့်တာတွေ ရှိပါတယ်။
ကောက်နှံတစ်ခုလုံးပါဝင်စာ
ကောက်နှံတစ်ခုလုံးပါဝင်စာကနေ စွမ်းအင်ရရှိစေတာ ကြောင့် ခွဲစိတ်ဒဏ်ရာကို အကျက်မြန်စေပါတယ်။ အမျှင် ဓာတ်တွေ ပါဝင်တာကြောင့် အူလမ်းကြောင်း လှုပ်ရှားမှုကို ကောင်းမွန်စေတယ်။ ခွဲစိတ်ထားပြီးတဲ့အခါလှုပ်ရှားမှုနည်းတာ ကြောင့် ဝမ်းချုပ်တာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

ဗာဒံစေ့

အစေ့အဆန်တွေမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီတွေနဲ့ ဗီတာမင် အီးတွေ ပါဝင်တာကြောင့် အနာကျက်မြန်စေပါတယ်။ အရေပြား ကျန်းမာရေးကို ကောင်းမွန်စေလို့ ခွဲစိတ်ရာအတွက်လည်း အကျက်မြန်စေ ပါတယ်။ တိုဟူး၊ ဟင်းနုနယ်၊ ထောပတ်သီး၊ ပန်းဂေါ်ဖီစိမ်း စတာတွေကနေလည်း ဗီတာ မင်အီး ရနိုင်ပါတယ်။

ပဲအမျိုးမျိုး

သံဓာတ်ရရှိနိုင်တဲ့ အကောင်းဆုံး ရင်းမြစ် တစ်ခုပါ။ သံဓာတ်က သွေးနီဥဆဲလ်တွေ ထုတ် လုပ်ဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ခွဲစိတ် မှုလုပ်ပြီးတဲ့လူနာတွေမှာ သွေးဆုံးရှုံးမှုရှိတာ ကြောင့် သံဓာတ်ကြွယ်ဝတဲ့အစာတွေကို စားသုံး ဖို့လိုပါတယ်။ ပဲပိစပ်၊ ကုလားပဲ၊ ပဲကြီးစေ့ စတဲ့ ပဲအမျိုးမျိုးကို စားသင့်သုံးပါတယ်။

အဆီဖယ်ထားတဲ့ အသား

အဆီဖယ်ထားတဲ့ဝက်သား၊ အမဲသားနဲ့ ကြက်သားတွေကို ခွဲစိတ်ပြီးတဲ့ လူနာတွေအနေနဲ့ စားသုံးသင့်ပါတယ်။ အရေပြားနဲ့ ကြွက်သားတွေ လျင်လျင်မြန်မြန် ပြန်ကောင်းပြီး အနာကျက်မြန် စေဖို့ ပရိုတင်းများများ စားသုံးသင့်ပါတယ်။ အဆီ ဖယ်ထားတဲ့ အသားတွေကနေ ပရိုတင်းဓာတ်လုံ လောက်စွာရနိုင်ပါတယ်။ အသားတွေအပြင် ပဲ အမျိုးမျိုး၊ နေကြာစေ့၊ တိုဟူးနဲ့ အဆီဖယ်ထားတဲ့ နွားနို့တွေကနေလည်း ပရိုတင်းဓာတ် ရရှိနိုင် ပါတယ်။

အချဉ်ဓာတ်ရှိတဲ့သစ်သီး

လိမ္မော်သီး၊ သံပရာသီး၊ မန်ကျည်း သီး၊ ရှောက်သီး၊ စပျစ်သီး စတာတွေမှာ ဗီတာမင် စီ များစွာပါဝင်ပါတယ်။ ဗီတာ မင်စီက ခန္ဓာကိုယ်ခုခံစွမ်းအား မြင့်မား စေပြီး အရေပြားပြန်လည်ကောင်းမွန် ဖို့အတွက်လည်း မြန်ဆန်စေပါတယ်။

ကန်စွန်းဥ

ဗီတာမင် စီပါဝင်တဲ့ အချဉ်ဓာတ်ရှိတဲ့ သစ်သီးတွေ စားသုံးသင့်သလို ဗီတာမင် အေပါဝင်တဲ့ ကန်စွန်းဥကလည်း အရေ ပြားပြန်လည်ကောင်းမွန်ဖို့ လိုအပ်ပါ တယ်။ ဗီတာမင်အေကလည်း ခန္ဓာ ကိုယ် ခုခံအားစနစ်အတွက် လိုအပ် ပါတယ်။ မုန်လာဥနီနဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေကနေလည်း ဗီတာမင်အေကို ရရှိနိုင်ပါတယ်။

င်လယ်စာ

ပင်လယ်စာတွေကို ခွဲစိတ်ပြီး နောက်မှာ စားသုံးနိုင်ပါတယ်။ ပရို တင်းဓာတ် ကြွယ်ဝတဲ့အပြင် ဇင့် ဓာတ်လည်း ရရှိစေလို့ အနာကျက် မြန်ပါတယ်။ ပင်လယ်စာတွေနဲ့ ဓာတ်မတည့်တာမျိုး မရှိသူတွေသာ စားသုံးသင့်ပါတယ်။

ဒိန်ချဉ်

ခွဲစိတ်ပြီးနောက် သောက်သုံးရတဲ့ အကိုက်အခဲပျောက်ဆေးတွေနဲ့ ပိုး သတ်ဆေးတွေကြောင့် အူလမ်းကြောင်း မှာရှိတဲ့ ကောင်းတဲ့ပိုးမွှားတွေကိုလည်း မညီမမျှ ဖြစ်စေပါတယ်။ ဒါကြောင့် ခွဲစိတ်ပြီးလူနာတွေအနေနဲ့ အူလမ်း ကြောင်းကျန်းမာစေဖို့ ဒိန်ချဉ်သောက် ပေးဖို့ လိုပါတယ်။

သစ်သီး

သစ်သီးတွေထဲမှာပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ဇီဝရုပ်ဖြစ်ပျက်မှုကို ကောင်းမွန်စေပါတယ်။ ခွဲစိတ်ပြီး လှုပ်ရှားမှုနည်းနေတဲ့အချိန်မှာ ဇီဝရုပ်ဖြစ်ပျက်မှု ကောင်းမွန်စေဖို့ သစ်သီးစားတာ၊ တစ်နေ့ကို ရေ ၈ ဖန်ခွက် သောက်တာတွေ ပြုလုပ်သင့်ပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal