သားဥအိမ်ကင်ဆာ ဖြစ်ပွားနေသူတို့ ဘာတွေ လိုက်နာဖို့လိုလဲ

အမျိုးသမီးတွေမှာ ဖြစ်ပွားတတ်တဲ့ မျိုးပွားအင်္ဂါဆိုင်ရာ ကင်ဆာတွေထဲမှာ သားဥအိမ်ကင်ဆာလည်း တစ်ခုအပါအဝင်ဖြစ်ပြီး သေဆုံးနိုင်ခြေ မြင့်မားတဲ့ ကင်ဆာရောဂါတစ်ခုပါ။ သားဥအိမ်ကင် ဆာကကင်ဆာအားလုံးဖြစ်ပွားမှုရဲ့ လေးရာခိုင်နှုန်း ရှိပါတယ်။ သားဥအိမ်ကင်ဆာက စောစောစီးစီးအဆင့်မှာ သိရှိနိုင်ပြီး အချိန်မီကုသမှုနိုင်ပါက ပျောက်ကင်းသက်သာစေနိုင်ပါတယ်။


မှို
မှိုက ကင်ဆာ ရောဂါကြောင့် ခံ စားရတဲ့ ဝေဒနာတွေ ကို သက်သာစေပါ တယ်။ လေ့လာမှုတွေအရ မှိုက ကင်ဆာဆဲလ် ပွားများမှုကို တားဆီးပေးနိုင်ပါတယ်။ မှိုထဲမှာပါဝင်တဲ့ ဒြပ်ပေါင်း တစ်မျိုးက သားဥအိမ်ကင်ဆာ ကုသရာမှာ အစွမ်းထက်ပြီး ဆဲလ်တွေ ပျက်စီးမှုမဖြစ်အောင်လည်း ကာကွယ်ပေးပါ တယ်။ ကင်ဆာရောဂါကို ဓာတ်ရောင်ခြည် ကုသမှုခံယူ သူတွေနဲ့ ကီမိုဆေးသွင်း ကုသနေသူတွေ မှာ ခံစားရတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း သက်သာစေပါတယ်။

ပဲပိစပ်
ပဲပိစပ်ကို အခြေခံပြုလုပ်ထားတဲ့ အစားအစာတွေကို သားဥအိမ်ကင်ဆာ ကုသနေသူတွေအနေနဲ့ စားသုံးဖို့ သင့် တော်ပါတယ်။ လေ့လာမှုအရ တရုတ်နိုင်ငံမှ အမျိုးသမီးတွေ ဟာ ပဲပိစပ်အခြေခံတဲ့ အစာကိုစားသုံးပါက ကင်ဆာကြောင့် ခံစားရတဲ့ ဝေဒနာတချို့ကို သက်သာစေတာကို တွေ့ရပါတယ်။ ပဲနို့၊ တိုဟူ စတဲ့အစာတွေက ပဲပိစပ်နဲ့ပြုလုပ်ထားတာဖြစ်ပြီး အဲဒီထဲမှာ အိုင်ဆိုဖလေဗုန်း ပါဝင်လို့ သားဥအိမ်ကင်ဆာကို ဓာတ်ရောင်ခြည်နဲ့ ကီမိုဆေး သွင်း ကုသနေသူတွေမှာ ဖြစ် ပေါ်တတ်တဲ့ ဖိစီးမှုတွေကို သက်သာစေပါတယ်။

ရေ
သားဥအိမ်ကင်ဆာရှိသူတွေ အများစုရင်ဆိုင်ရတဲ့ အဓိကပြဿနာတွေက ဝမ်းသွားတာနဲ့ ဝမ်းချုပ်တာတွေပါ။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် အကောင်းဆုံးနည်းလမ်းက ခန္ဓာကိုယ်အတွက် သင့်တော်တဲ့ရေပမာဏရရှိအောင် သောက်သုံးဖို့လိုပါတယ်။ ဝမ်းသွားတဲ့ ဝေဒနာခံစားရသူတွေဟာ ရေကိုနည်းနည်းနဲ့ မကြာခဏသောက်ဖို့လိုအပ်ပြီး ဝမ်းချုပ်သူတွေအနေနဲ့ ရေများများသောက်သုံးဖို့ လိုအပ်ပါတယ်။

နေရောင်ခြည်
နေရောင်ခြည်ကနေ ခန္ဓာကိုယ်အတွက် နေ့စဉ် လိုအပ်တဲ့ ဗီတာမင် D ပမာဏကို ရရှိနိုင်ပါတယ်။ လေ့လာမှုတွေအရ သားဥအိမ်ကင်ဆာရှိသူတွေမှာ ဗီ တာမင် D ပမာဏ ချို့တဲ့နေတာကို တွေ့ရပါတယ်။ ဒါကြောင့် ကမ္ဘာ့မြောက်ခြမ်းမှာ နေထိုင်သူတွေက တခြားဒေသမှာ နေထိုင်သူတွေထက် သားဥအိမ်ကင်ဆာ ဖြစ်နိုင်ခြေမြင့်မားကြတာကို တွေ့ရပါတယ်။ နေရောင်ခြည်ကနေ ရရှိတဲ့ ဗီတာမင် D က ကင်ဆာရောဂါတွေကို ကာကွယ်နိုင် တာ၊ အရိုးတွေသန်မာစေတဲ့ ကယ်လ်စီယမ် စုပ်ယူမှုအတွက် မရှိမဖြစ်လိုအပ်တာ စတာတွေ ကြောင့် မနက်ခင်းနေခြည်နုနုထွက်စမှာ လမ်းလျှောက်တာမျိုး ပြုလုပ်သင့်ပါတယ်။ သားဥအိမ် ကင်ဆာရှိသူတွေအနေနဲ့လည်း ဝေဒနာခံစားရတာ သက်သာစေဖို့ ခန္ဓာကိုယ်အတွက် နေ့စဉ် လိုအပ်တဲ့ ဗီတာမင် D လုံလောက်စွာ ရရှိဖို့လိုပါတယ်။

ချင်း(ဂျင်း)
ချင်း(ဂျင်း)က ကင်ဆာဆဲလ်တွေကို သေစေပါတယ်။ လေ့လာမှုတွေအရ ချင်း (ဂျင်း)က သားဥအိမ်ကင်ဆာ ဖြစ်နေတဲ့ ပုံမမှန်ဆဲလ်တွေကို ဖယ်ရှားပေးနိုင်တာကြောင့် ကင်ဆာကုသရာမှာ ဆေးမတိုးတဲ့အခြေအနေမျိုးမဖြစ် အောင် ကာကွယ်နိုင်တာကိုတွေ့ရပါတယ်။ ချင်း (ဂျင်း)က ရောင်ရမ်းတာကို လျော့နည်းစေလို့ ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမဆို ကင်ဆာမဖြစ်အောင်တားဆီးပေးပါတယ်။ ချင်း(ဂျင်း)ကို တစ်နေ့သုံးကြိမ်ပါဝင်အောင် ထည့်စား ပေးပါ။ ချင်း(ဂျင်း) လက်ဖက်ရည်သောက်တာ၊ ဟင်းထဲ ထည့်ချက်တာတွေ ပြုလုပ်နိုင်ပါတယ်။ နောက်တစ်နည်း အနေနဲ့ ချင်း(ဂျင်း)ကို ကြိတ်ခြေပြီး သံလွင်ဆီ ဒါမှမ ဟုတ် အုန်းဆီနဲ့ ရောပြီး ဝမ်းဗိုက်ကို လိမ်းပေးနိုင်ပါတယ်။

လေ့ကျင့်ခန်း
သားဥအိမ်ကင်ဆာရှိသူတွေမှာ ကင်ဆာရောဂါရှိတာသိလို့ စိတ်ပိုင်းဆိုင်ရာအရ စိတ်ဖိစီးမှုတွေ များစွာခံစားနေရတတ်သလို ရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ ဝေဒနာတွေကို ခံစားရတဲ့အခါမှာလည်း စိတ်ပျက်အားငယ်တာမျိုးတွေ ခံစားရတတ်ပါတယ်။ ဒါ့အပြင် လူနာ တွေအနေနဲ့ ဝေဒနာကြောင့် အိပ်ပျက်တာကိုလည်း မကြာခဏ ခံစားရလေ့ရှိပါတယ်။ သားဥအိမ်ကင်ဆာရှိသူတွေအနေနဲ့ သင့်တင့်တဲ့ လေ့ကျင့်ခန်းကို နေ့စဉ်ပုံမှန်ပြုလုပ်ပေးပါက ခံစားရတဲ့ ဝေဒနာတချို့ သက်သာစေပြီး စိတ်ဖိစီးမှု လျော့နည်းကာ ညဘက်မှာ အိပ်ပျော်စေ ပါတယ်။ နားနားနေနေ နေထိုင်ပြီး အာဟာရညီညွတ်မျှတစွာ စားသောက်ဖို့လည်း လိုအပ်ပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *