သားမြတ်ကျန်းမာရေးအတွက် ရှောင်ကြဉ်သင့်သည်များ

သင့်အနေနဲ့ သားမြတ်လှပဖို့ထက် ပိုပြီး သူ့ကျန်းမာရေးကောင်းအောင် ဂရုစိုက်သင့်ပါတယ်။ ၂၀၁၅ ခုနှစ်က လေ့လာမှုအရ အမေရိကန်နိုင်ငံမှာ အမျိုးသမီးပေါင်း သုံးသန်းကျော်က သားမြတ်ကင်ဆာဖြစ်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် အမျိုးသမီး တွေအနေနဲ့ သားမြတ်နဲ့ ပတ်သက်တဲ့ရောဂါတွေမဖြစ်အောင် သားမြတ်ကို သေချာဂရုစိုက်သင့်ပါတယ်။ ဒီလိုဂရုစိုက်တာကြောင့် သားမြတ်လှပပြီး ဆွဲဆောင်မှုလည်း ရှိလာနိုင်ပါတယ်။

အတွင်းခံအင်္ကျီအရွယ်အစားမှန်ကန် အောင် မရွေးချယ်ခြင်း
အတွင်းခံအင်္ကျီဝတ်ဆင်ရတဲ့ ရည် ရွယ်ချက်က သားမြတ်ကို ထောက်ပံ့ဖို့ပဲ ဖြစ်ပါတယ်။ မိမိရဲ့ သားမြတ်အရွယ်အ စားထက် သေးငယ်တဲ့အတွင်းအင်္ကျီကို ဝတ်ဆင်တာက သားမြတ်ပိုပြီးပေါ်လွင် နိုင်တယ်လို့ တချို့အမျိုးသမီးတွေက မှားယွင်းစွာ ယူဆပြီး ဝတ်ဆင်တတ်ကြ ပါတယ်။ သေးငယ်တဲ့အတွင်းခံအင်္ကျီ ဝတ်ဆင်တာကြောင့် ခါးနာဝေဒနာ ခံစား ရနိုင်တဲ့အပြင် အရေပြားမှာ ပွန်းပဲ့ဒဏ်ရာ တွေပါ ရရှိနိုင်ပါတယ်။

နို့သီးခေါင်းမှ အမွေးအမှင်များကို ရိတ်ပစ်ခြင်း
များသောအားဖြင့် နို့သီးခေါင်းပတ် လည်က အမွေးအမှင်တွေက ပါးလွှာပြီး နူးညံ့တဲ့အတွက် တော်ရုံမမြင်ရပါဘူး။ ဒါပေမဲ့တချို့တလေမှာ ခန္ဓာကိုယ်က ဟော်မုန်းအပြောင်းအလဲကြောင့် အမွေး အမှင် ပိုများလာနိုင်ပါတယ်။ သင် ဖယ် ရှားပေမယ့်လည်း ပြန်လည်ပေါက်လာ နိုင်တာကြောင့် နာကျင်တာပဲ အဖတ်တင် ပါလိမ့်မယ်။ ဒါ့အပြင် နို့သီးခေါင်းပတ် လည်က အရေပြားတွေပါ ပျက်စီးနိုင်ပါ တယ်။

လိင်ဆက်ဆံစဉ် ကြမ်းတမ်းစွာ ကိုင် တွယ်ခြင်း
သားမြတ်တစ်သျှူးတွေက အလွန် နူးညံ့တဲ့အတွက် အညိုအမည်းစွဲလွယ်ပါ တယ်။ ဒါကြောင့် လိင်ဆက်ဆံစဉ်မှာကြမ်း ကြမ်းတမ်းတမ်း မကိုင်တွယ်ရပါဘူး။

နို့သီးခေါင်းတွင်အပေါက်ဖောက်ခြင်း
နို့သီးခေါင်းနေရာက သွေးထွက် လွယ်ပြီး ရောဂါပိုးဝင်ရောက်ဖို့လည်း လွယ်ကူနိုင်ပါတယ်။ အာရုံကြောလည်း အလွယ်တကူပျက်စီးနိုင်ပြီး ပျက်စီးတဲ့အ ခါ အလွန်အမင်းနာကျင်နိုင်ပါတယ်။ အာ ရုံကြောပျက်စီးတာကြောင့် သားမြတ်က ထိတွေ့ခံစားမှုတွေ မရှိနိုင်တော့ပါဘူး။ ဒါ့အပြင် အမာရွတ်လည်း ထင်နိုင်ပါ တယ်။ အသည်းရောင်ရောဂါနဲ့ HIဠ တွေလည်း ကူးစက်နိုင်ပါတယ်။

ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်တာကြောင့် ရော ဂါမျိုးစုံဖြစ်နိုင်တဲ့အပြင် သူ့မှာ ပါဝင်တဲ့ ဓာတ်တိုးပစ္စည်းတွေကြောင့် အရေပြား အတွင်းက ကော်လာဂျင်တွေလည်း ပျက်စီးနိုင်ပါတယ်။ သားမြတ်တစ်သျှူး ဟာ တစ်သျှူးတွေထဲမှာ အပျော့ပျောင်း ဆုံးဖြစ်ပြီး အလွယ်တကူ ပျက်စီးနိုင်တာ ကြောင့် ဆေးလိပ်သောက်ပါက အလွယ် တကူ တွဲကျနိုင်ပါတယ်။

လေ့ကျင့်ခန်းလုပ်နေစဉ် အတွင်းခံ တင်းတင်းရင်းရင်း ဝတ်မထားခြင်း
လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ ပုံမှန် ဝတ်နေကျ အတွင်းခံကို ဝတ်ဆင်လို့ မရ ပါဘူး။ အားကစားအတွင်းခံအင်္ကျီမျိုးကို ဝတ်ဆင်ပါ။ လေ့ကျင့်ခန်းလုပ်နေစဉ်အ တွင်း ခန္ဓာကိုယ်ရဲ့ များစွာသောလှုပ်ရှားမှု တွေကြောင့် သားမြတ်တစ်သျှူးပေါ်မှာ ဖိအားသက်ရောက်ပြီး တစ်သျှူးတွေ လုံးဝပျက်စီးသွားနိုင်ပါတယ်။

အိပ်စက်မှုပုံစံမှားယွင်းခြင်း
ရင်သားကြီးလွန်းတဲ့အမျိုးသမီး တွေက မှောက်လျက်အိပ်တာကြောင့် သားမြတ်သေးသွားမယ်လို့ ထင်နေကြ ပါတယ်။ အမှန်မှာတော့ အဲဒီလိုအိပ်တာ ကြောင့် သားမြတ်ပုံပျက်သွားနိုင်ပါ တယ်။ ပက်လက်အိပ်တာကသာ အ ကောင်းဆုံးပါ။

အစိုဓာတ်ထိန်းခရင်မ်မလိမ်းခြင်း
အစိုဓာတ်ထိန်းခရင်မ်တွေက မျက် နှာ၊ လက်နဲ့ခြေထောက်တွေအတွက်သာ မဟုတ်ပါဘူး။ ခန္ဓာကိုယ်ပေါ်က အရေ ပြားတွေအားလုံးအတွက် အသုံးဝင်ပါ တယ်။ အေးတဲ့ရာသီဥတုမှာ ခန္ဓာကိုယ် က ခြောက်သွေ့တတ်တာကြောင့် သင့် သားမြတ်က အစိုဓာတ်ထိန်းခရင်မ်ကို လိုအပ်ပါတယ်။ ဒါ့အပြင် ပူလွန်းရင် လည်း နေရောင်ကာလိမ်းဆေးကို အသုံး ပြုဖို့မမေ့ပါနဲ့။ အဲဒီလိုမသုံးခဲ့ရင် သင့်သား မြတ်ပေါ်က အရေပြားတွေက ခြောက် သွေ့ပြီး အဖတ်တွေ ကွာကျနိုင်ပါတယ်။

သားမြတ်နှစ်ဖက် အရွယ်မညီမှုကို အာရုံစိုက်လွန်းခြင်း
ပုံမှန်အားဖြင့် အမျိုးသမီးအများစုရဲ့ သားမြတ်တွေက တစ်ဖက်နဲ့တစ်ဖက် အရွယ်မညီကြပါဘူး။ အဓိကကတော့ သင့်သားမြတ် ကျန်းမာလှပပြီး ဆွဲဆောင် မှုရှိဖို့ပဲ လိုပါတယ်။
သားမြတ်ကို သေချာဂရုစိုက်ရင် သင့်သားမြတ်က ကျန်းမာပြီး ဆွဲဆောင် မှုရှိနေမှာ အမှန်ပါ။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *