သိမှုဆိုင်ရာ ဉာဏ်ရည်ဖွံ့ ဖြိုးမှု နောက်ကျနေလား

လူတွေမှာ သိမှုဆိုင်ရာ ဉာဏ်ရည် ဖွံ့ဖြိုးမှုကို အသက်အရွယ်အလိုက် အဆင့်လေးဆင့် သတ်မှတ်ထားပါတယ်။ ပီရာဂျေးရဲ့ သီအိုရီအရ ဘယ်အရွယ်မှာ ဘယ်အဆင့်ဖွံ့ဖြိုးမှုရှိရမယ်လို့ ပုံသေ တစ်ထစ်ချ မဆိုလိုထားပါဘူး။ ဒါပေမဲ့ ဖွံ့ဖြိုးမှုက သူ့အဆင့်နဲ့သူ တစ်ဆင့်ပြီး တစ်ဆင့် ဖြစ်လာတာဖြစ်ပါတယ်။ ဖွံ့ဖြိုး မှုအဆင့်တွေ ကြားဖြတ်ကျော်သွားတယ် ဆိုတာမရှိပေမယ့် ကလေးတစ်ဦးနဲ့တစ် ဦးမှာ ဖွံ့ဖြိုးမှု အဆင့်တစ်ဆင့်ရဲ့ အချိန် ကာလ အနှေးနဲ့အမြန် ကွာခြားတာရှိသ လို၊ တချို့ကလေးတွေမှာ နောက်ပိုင်းဖွံ့ ဖြိုးမှုအဆင့်တွေ ဆက်ပြီး မဖွံ့ဖြိုးတော့ တာလည်း ရှိနိုင်ပါတယ်လို့ ဆိုပါတယ်။

သိမှုဆိုင်ရာဉာဏ်ရည်ဖွံ့ဖြိုးမှု အဆင့်လေး ဆင့်မှာ –
၁။ Sensorimotor stage (မွေးစမှ ၂ နှစ်)
၂။ Preoperational stage (အသက် ၂ နှစ်မှ ၇ နှစ်)
၃။ Concrete operational stageန (အသက် ၇ နှစ်မှ ၁၁ နှစ်)
၎။ Formal operational stage (အ သက် ၁၁ နှစ်မှ အထက်)

၁။ Sensorimotor stage (မွေးစမှ ၂ နှစ်)
ဒီအရွယ်မှာ သိမှုဆိုင်ရာ ဉာဏ်ရည် အတွက် အဓိက ဖွံ့ဖြိုးရမယ့် နယ်ပယ်က ဥဘနြခအ ဏနမာညေနညခန ဖြစ်ပါတယ်။ မွေးကင်းစကလေးငယ်လေးတွေဟာ သူတို့မျက်စိရှေ့မှာ တွေ့မြင်ရတဲ့အရာကို မှ ရှိတယ်လို့ သတ်မှတ်ပြီး သူတို့မျက်စိ ရှေ့ကပျောက်ကွယ်သွားရင် သူတို့ ကမ္ဘာ ကြီးထဲက လုံးဝ ပျောက်ကွယ်သွားပြီလို့ သတ်မှတ်တာဖြစ်ပါတယ်။ မျက်စိရှေ့မှာ မြင်မနေရပေမယ့် သက်ရှိ၊ သက်မဲ့ စ သဖြင့် တစ်ခုခုဟာ ရှိနေသေးတယ်ဆိုတဲ့ အသိကို Object Permanence လို့ ခေါ်ပါတယ်။ အသက် လေးလကနေ ခုနစ်လအတွင်းမှာ Object Permanence ဖွံ့ဖြိုးနိုင်တယ်လို့ ဆိုပါတယ်။ Object Permanence ဖွံ့ဖြိုးစေဖို့ ကလေးနဲ့အတူ ]]တူတူရေ . . . ဝါး}} ကစားပေးတာ လုပ်နိုင်ပါတယ်။

၂။ Preoperational stage (အသက် ၂ နှစ်မှ ၇ နှစ်)
ဒီအရွယ်မှာကလေးတွေက အတု ယူကစားခြင်း (Symbolic Play) ကို လုပ်တတ်လာပါပြီ။ ဥပမာ – တံမြက် စည်းကို မြင်းလို့သတ်မှတ်ပြီးဆော့တာ၊ အရာဝတ္ထု တစ်ခုခုကို ဖုန်းလို့ သတ်မှတ် ပြီး ဆော့တာတွေ လုပ်လာပါပြီ။ ဒီအရွယ် မှာ သိသာတဲ့ဖွံ့ဖြိုးမှုတစ်ခုအနေနဲ့ ဘာ သာစကားကို ပြောနိုင်လာပါပြီ။ ကလေး ရဲ့ အတွေးအခေါ်အနေနဲ့ကတော့ တစ် ကိုယ်ကောင်းစိတ် (Egocentric) ပဲရှိပါ သေးတယ်၊ သူများရဲ့ ခံစားချက်ကို နားမ လည်နိုင်ကြသေးပါဘူး။

၃။ Concrete operational stage (အသက် ၇ နှစ်မှ ၁၁ နှစ်)
ဒီအရွယ်မှာ အရေးကြီးတာက ကြောင်းကျိုးဆက်စပ်တွေးခေါ်တတ်တဲ့ Logical Thinking ဖွံ့ဖြိုးလာပြီ ဖြစ် ပါတယ်။ စိတ်ကူးယဉ်ပြီး တွေးခေါ်နိုင်လာ ပါပြီ။ နောက်ပြီး Conservation သ ဘောတရားကို နားလည်နိုင်လာပါမယ်။ Conservation ဆိုတာက အရာဝတ္ထု တွေက ပုံသဏ္ဌာန်ပြောင်းလဲသွားလည်း အရေအတွက်က တူတူပဲဆိုတဲ့သဘော ဖြစ်ပါတယ်။ အသက် ၆ နှစ်မှာ ကိန်း ကဏန်းအရေအတွက်ရဲ့ Conservation သဘောတရား၊ အသက် ၇ နှစ် မှာ ထုထည်ရဲ့ Conservation သဘော တရား၊ အသက် ၈ နှစ်မှာ အလေးချိန်ရဲ့ Conservation သဘောတရား စသဖြင့် နားလည်လာပါမယ်။

၎။ Formal operational stage (အသက် ၁၁ နှစ်မှ အထက်)
ဒီအရွယ်မှာတော့ ကြောင်းကျိုး ဆက်စပ်တွေးခေါ်တာ၊ ပြဿနာဖြေရှင်း နိုင်တာ၊ စနစ်တကျလုပ်ဆောင်တတ်လာ တာ၊ ဆင်ခြင်တွေးခေါ်နိုင်တာစတာတွေ လုပ်နိုင်လာပြီ ဖြစ်ပါတယ်။

ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal