သိုင်းရွိုက်ဂလင်းကြောင့်ခံစားရနိုင်သော ကျန်းမာရေးရာပြဿနာများ

အမေရိကန်နိုင်ငံမှာ သန်း ၃၀ လောက်က သိုင်းရွိုက်ဂလင်းကြောင့် ကျန်းမာရေးရာပြဿနာတွေကို ခံစား နေရပြီး တစ်ဝက်လောက်က ဝေဒနာကို မသိရှိဘဲ တိတ်တဆိတ် ခံစားနေကြရပါ တယ်။ အမျိုးသမီးတွေက အမျိုးသားတွေ ထက် သိုင်းရွိုက်ဂလင်းပြဿနာကို ၁၀ ဆပိုမို ခံစားရနိုင်တယ်လို့ အမေရိကန် အတွင်းဂလင်းဆိုင်ရာ အဖွဲ့အစည်းက ခန့်မှန်းပြောဆိုထားပါတယ်။ သိုင်းရွိုက်ဂ လင်းက လည်ပင်းရဲ့အရှေ့ဘက်အောက် ခြေနားမှာ လိပ်ပြာပုံသဏ္ဌာန်အဖြစ်တည် ရှိပါတယ်။ အသက် ၃၅ နှစ်ကျော်တဲ့ အ မျိုးသမီးတွေရဲ့ ၃၀ ရာခိုင်နှုန်းကျော်က သိုင်းရွိုက်ဂလင်းကြောင့် ကျန်းမာရေးရာ ပြဿနာတချို့ကို ရင်ဆိုင်နေရပါတယ်။

အရေပြားခြောက်သွေ့ခြင်း
အရေပြားခြောက်သွေ့ပြီး ယားယံ တာကို သိုင်းရွိုက်ဟော်မုန်းလျော့နည်း နေသူတွေမှာ ခံစားရတတ်ပါတယ်။ သိုင်း ရွိုက်ဟော်မုန်းထုတ်လုပ်မှု နည်းလို့ ချွေး ထွက်နည်းပြီး ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ် ပျက်မှုတွေ နှေးကွေးသွားလို့ အသားအ ရောင်လည်း မွဲခြောက်ခြောက် ဖြစ်တတ် ပါတယ်။ အရေပြားကို အစိုဓာတ်ထိန်း ခရင်မ်လုံလုံလောက်လောက် မလိမ်းပါ က အသားအရေခြောက်သွေ့ပြီး အဖတ် လေးတွေ ကွာကျတတ်ပါတယ်။ လက် သည်းတွေ ကြွပ်ဆတ်ပြီး အစင်းလိုင်း တွေ ပေါ်လာတတ်ပါတယ်။

အစာစားချင်စိတ်နှင့် လျှာအရသာခံဖုများ ပြောင်းလဲခြင်း
သိုင်းရွိုက်ဂလင်း လုပ်ဆောင်မှုများ သူတွေမှာ သိုင်းရွိုက်ဟော်မုန်းများလာ ပြီး အစာစားချင်စိတ် ပိုများတာ၊ အမြဲ တမ်းဆာလောင်နေတာမျိုးတွေ ဖြစ် တတ်ပါတယ်။ သိုင်းရွိုက်ဂလင်းလုပ် ဆောင်မှုများတဲ့သူတွေမှာ အစာတွေ တစွတ်စွတ် စားနေပေမယ့် ကိုယ်အလေး ချိန် တိုးမလာတတ်ပါဘူး။

ဇဝေဇဝါဖြစ်ခြင်း
ခန္ဓာကိုယ်မှာ သိုင်းရွိုက်ဟော်မုန်း များရင် စိတ်အာရုံစုစည်းဖို့ ခက်ခဲနိုင်ပြီး သိုင်းရွိုက်ဟော်မုန်းများပါက မေ့လျော တာ၊ စိတ်ရှုပ်ထွေးတာတွေ ခံစားရနိုင်ပါ တယ်။ သိုင်းရွိုက်ဟော်မုန်း လျော့နည်း နေသူတွေဟာ ဆေးကုသမှုခံယူလိုက်တဲ့ အခါ မေ့လျော့မှုတွေ မရှိတော့ဘဲ စိတ် ရှုပ်ထွေးမှုတွေ ကွယ်ပျောက်သွားတာကို သိသိသာသာခံစားရတတ်ပါတယ်။ အမျိုး သမီးအများစုက သိုင်းရွိုက်ဂလင်းရဲ့လုပ် ဆောင်မှုမူမမှန်တာကြောင့် ခံစားရတဲ့ ဝေ ဒနာတွေကို မီးယပ်သွေးဆုံးခါနီးလို့ဖြစ် တယ်လို့ ထင်မြင်ယူဆတတ်ကြပါတယ်။

Sex ကိစ္စ စိတ်ဝင်စားမှု မရှိခြင်း
သိုင်းရွိုက်ဂလင်း မူမမှန်သူတွေဟာ Sex ကိစ္စပိုင်းမှာလည်း စိတ်ပါဝင်စားမှု အားနည်းတတ်ပါတယ်။ သိုင်းရွိုက်ဟော် မုန်းလျော့နည်းပါက စိတ်ခံစားမှု လျော့ နည်းနေတတ်ပြီး တခြားလက္ခဏာတွေ ဖြစ်တဲ့ ကိုယ်အလေးချိန်များတာ၊ စွမ်း အင် လျော့နည်းတာ၊ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲတာ စတာတွေကိုလည်း ခံစားရတတ်ပါတယ်။

တလှပ်လှပ် ခံစားရခြင်း
နှလုံးခုန်မြန်နေတာ၊ နှလုံးက ခက် ခက်ခဲခဲ ခုန်နေရတာတွေကြောင့် ရင်ထဲ မှာ တလှပ်လှပ် ခံစားနေရတတ်ပါတယ်။ အဲဒီခံစားချက်ကို ရင်ဘတ်နဲ့ လည်ပင်း၊ လည်မျိုနားလောက်မှာ ခံစားသိရှိနေ တတ်ပါတယ်။ ဒီလိုဝေဒနာက ခန္ဓာကိုယ် မှာသိုင်းရွိုက်ဟော်မုန်း များနေသူတွေမှာ ခံစားရတတ်ပါတယ်။

အစာအိမ်နှင့် အူလမ်းကြောင်းဝေဒနာ များ ခံစားရခြင်း
သိုင်းရွိုက်ဟော်မုန်းလျော့နည်းသူ တွေဟာ ဝမ်းချုပ်တာကို ခံစားရတတ်ပါ တယ်။ သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှု နည်းတာကြောင့် အစာအိမ်နဲ့ အူလမ်း ကြောင်းလှုပ်ရှားမှုတွေ လျော့နည်းလို့ ဖြစ်ရတာပါ။ ဒီလက္ခဏာက သိုင်းရွိုက် ဟော်မုန်းလျော့နည်းသူတွေမှာ အဖြစ် များတဲ့ လက္ခဏာသုံးခုထဲက တစ်ခုပါ။ သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှု များသူ တွေမှာတော့ အူလမ်းကြောင်း လှုပ်ရှားမှု များတာကြောင့် ဝမ်းသွားတတ်ပါတယ်။

ရာသီမမှန်ခြင်း
ရာသီလာတာ ပုံမှန်ထက် ရက်ရှည် တာ၊ သွေးဆင်းများတာ၊ ဆီးစပ်ကိုက်တာ အလွန် အမင်းခံစားရတာ စတဲ့လက္ခဏာ တွေကို သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှု နည်းနေသူတွေ ခံစားရတတ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်မှု များနေ သူတွေမှာတော့ ရာသီမမှန်တာ၊ သွေး ဆင်းနည်းတာတွေ ဖြစ်တတ်ပါတယ်။

ကြွက်သားများ နာကျင်ကိုက်ခဲခြင်း
သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်မှု လျော့နည်းသူတွေဟာ လက်မောင်း၊ ခြေ ထောက်၊ လက်ချောင်း၊ ခြေချောင်း စတာ တွေ နာကျင်တာ၊ တဆစ်ဆစ်ကိုက်ခဲတာ စတဲ့ ဝေဒနာတွေကို ခံစားရတတ်ပါ တယ်။ သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှု နည်းတာ ကြာရှည်လာခဲ့ရင် ဦးနှောက်နဲ့ ကျောရိုးအာရုံကြောတွေကနေ ခန္ဓာကိုယ် တစ်ကိုယ်လုံးဆီ သတင်းပေးပို့မှုတွေ ဆောင်ရွက်တဲ့ အာရုံကြောတွေ ပျက်စီး သွားစေပါတယ်။

သွေးဖိအားများခြင်း
သွေးဖိအားများတာက သိုင်းရွိုက်ဂ လင်းရဲ့လုပ်ဆောင်မှုတွေ မူမမှန်တာရဲ့ လက္ခဏာတစ်ရပ်ပါ။ သိုင်းရွိုက်ဟော်မုန်း နည်းသူတွေရော များသူတွေပါ သွေးဖိ အားများတတ်ပြီး သိုင်းရွိုက်ဟော်မုန်း နည်းသူတွေက များသူတွေထက် သွေးဖိ အားများနိုင်ခြေ ၂-၃ ဆလောက် ပိုများ နိုင်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းနည်း ရင် နှလုံးခုန်နှုန်းနှေးစေလို့ သွေးကြော တွေရဲ့ သန်စွမ်းအားနဲ့ သွေကြောနံရံတွေ ရဲ့ ကျုံ့နိုင်ဆန့်နိုင်အားကို ထိခိုက်စေပါ တယ်။

အပူ၊ အအေးဒဏ် မခံနိုင်ခြင်း
သိုင်းရွိုက်ဟော်မုန်း လျော့နည်းနေ သူတွေဟာ ချမ်းတာ၊ အေးတာ စတာ တွေကို တခြားသူတွေထက် ခံစားရတတ် ပါတယ်။ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်ပျက်မှုတွေ နှေးကွေးပြီး စွမ်းအင်ထုတ်လုပ်မှုနည်း လျော့နည်းတာကြောင့် အအေးဒဏ်ကို မခံနိုင်ဖြစ်တတ်ပါတယ်။ သိုင်းရွိုက်ဟော် မုန်းများနေသူတွေက ဆဲလ်တွေက စွမ်း အင်ထုတ်လုပ်မှုများတာကြောင့် ချွေး ထွက်တာ၊ ပူအိုက်တာတွေကို တခြားသူ တွေထက် ပိုမိုခံစားရတတ်ပါတယ်။

လည်ပင်းတွင် သိုင်းရွိုက်ဂလင်းကို သိသာစွာ မြင်ရခြင်း
သိုင်းရွိုက်ဂလင်းရောင်နေတာကို လည်ပင်းကြည့်လိုက်တာနဲ့ ထင်ထင်ရှား ရှား မြင်နိုင်ပါတယ်။ ရေသောက်တဲ့အခါ လည်ပင်းကို ကြည့်မယ်ဆိုရင်လည်း သိ သိသာသာမြင်နိုင်ပါတယ်။ အသံပြောင်း သွားတာ၊ လည်ချောင်းသံ အောအောကြီး ဖြစ်လာတာစတာတွေကလည်း သိုင်း ရွိုက်ဂလင်းမှာ ပြဿနာတစ်ခုခုရှိတာ ကြောင့် ဖြစ်လာတာပါ။

စိတ်ဓာတ်ကျဆင်းခြင်း
စိတ်ဓာတ်ကျတာ၊ ဝမ်းနည်းတာ တွေက သိုင်းရွိုက်ဂလင်းလုပ်ဆောင်မှု နည်းသူတွေမှာတွေ့ရတတ်တဲ့ လက္ခဏာ ရပ်ပါ။ သိုင်းရွိုက်ဂလင်းက သိုင်းရွိုက် ဟော်မုန်းထုတ်လုပ်မှုနည်းရင် ဦးနှောက် ကနေ စိတ်ခံစားမှုကောင်းစေတဲ့ ဟော် မုန်းဆီရိုတိုနင်ထုတ်လုပ်မှုအပေါ် သက် ရောက်မှုရှိစေပါတယ်။ သိုင်းရွိုက်ဂလင်း လုပ်ဆောင်မှုတွေ လျော့နည်းသွားရင် ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေရဲ့ လုပ်ဆောင်မှုတွေလည်း နှေးကွေးသွား စေတာကြောင့် စိတ်ပိုင်းဆိုင်ရာ ခံစားမှု တွေလည်း လေးလံထိုင်းမှိုင်း သွားစေပါ တယ်။

အိပ်စက်မှုဆိုင်ရာ ပြဿနာရှိခြင်း
သိုင်းရွိုက်ဟော်မုန်း လျော့နည်းနေ သူတွေဟာ အချိန်တိုင်းအိပ်ချင်နေတာ မျိုး ဖြစ်တတ်ပါတယ်။ ဇီဝရုပ်ဖြစ်ပျက်မှု တွေ နှေးကွေးတာကြောင့် လေးလံထိုင်း မှိုင်းပြီး အိပ်ချင်ငိုက်မျည်း နေတတ်ပါ တယ်။ သိုင်းရွိုက်ဟော်မုန်းများနေသူတွေ ကတော့ စိုးရိမ်စိတ်များတာ၊ နှလုံးခုန်နှုန်း မြန်တာတွေကြောင့် အိပ်စက်ဖို့ ခဲယဉ်း တာ၊ တစ်ရေးနိုးပြီး ပြန်အိပ်မရတာတွေ ဖြစ်တတ်ပါတယ်။

စိုးရိမ်စိတ်များခြင်း
စိုးရိမ်စိတ်များတာ၊ စိတ်လှုပ်ရှား လွယ်တာ၊ ဂနာမငြိမ်တာ စတဲ့လက္ခဏာ တွေကို သိုင်းရွိုက်ဂလင်းလုပ်ဆောင်မှု များတဲ့သူတွေမှာ တွေ့ရပါတယ်။ သိုင်း ရွိုက်လုပ်ဆောင်မှုများတဲ့အခါ ခန္ဓာ ကိုယ်ရဲ့ ဇီဝဖြစ်ပျက်မှုတွေလည်း မြန် ဆန်နေတတ်ပါတယ်။

ကိုယ်အလေးချိန် တိုးလာခြင်း
အမျိုးသမီးတွေ ကိုယ်အလေးချိန် တိုးလာခဲ့ရင် သိုင်းရွိုက်ဟော်မုန်းကို စစ် ကြည့်သင့်တယ်လို့ သုတေသီတွေက အကြံပြုထားပါတယ်။ သိုင်းရွိုက်ဂလင်း လုပ်ဆောင်မှုနည်းသူတွေဟာ လေ့ကျင့် ခန်းလုပ်ပေမယ့် ကိုယ်အလေးချိန်က တိုးမြဲတိုးနေတတ်ပါတယ်။ ကိုယ်အလေး ချိန် ရုတ်တရက်လျော့နည်း သွားတယ်ဆို ရင်တော့ သိုင်းရွိုက်ဂလင်းလုပ်ဆောင်မှု များလို့ ဖြစ်ရတာပါ။

ဆံပင်ပါးလာခြင်း၊ ကျွတ်ခြင်း
ဆံသားခြောက်သွေ့တာ၊ ဆံပင်တွေ ကြွပ်ဆတ်တာ၊ အဖျားနှစ်ခွဖြစ်တာတွေ ကို သိုင်းရွိုက်ဟော်မုန်းနည်းသူတွေမှာ ခံစားရတတ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်း လျော့နည်းတာက ဆံပင်ဖြစ်ပေါ်မှု ဖြစ် စဉ်ကို အနှောင့်အယှက်ဖြစ်တာကြောင့် ဆံပင်ကျွတ်စေတာပါ။ ဆံပင်တင်မကဘဲ မျက်ခုံးမွေးတွေပါ ကျဲပါးတတ်ပါတယ်။ သိုင်းရွိုက်ဂလင်းလုပ်ဆောင်မှုများသူတွေ မှာလည်း ဆံပင်ကျဲပါးတတ်ပြီး တခြား နေရာက အမွေးအမှင်တွေအပေါ်တော့ ထူးခြားမှုမရှိတတ်ပါဘူး။

သားသမီးရရှိရန် ခက်ခဲခြင်း
သိုင်းရွိုက်ဟော်မုန်းများတဲ့အမျိုး သမီးတွေရော နည်းတဲ့အမျိုးသမီးတွေ ရော သားဥကြွေတဲ့ဖြစ်စဉ်ကို အနှောင့်အ ယှက်ပေးတာကြောင့် သားသမီးရရှိဖို့ ခဲယဉ်းတတ်ပါတယ်။

ကိုလက်စထရောအဆီများခြင်း
ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအ သောက်တွေ စားသောက်တာ၊ ကိုယ်အ လေးချိန်လုပ်တာနဲ့ တရားထိုင်တာတွေ လုပ်ဆောင်ပေမယ့် သိုင်းရွိုက်ဟော်မုန်း လျော့နည်းသူတွေမှာ သွေးတွင်းမ ကောင်းတဲ့ ကိုလက်စထရောအဆီ လျော့ နည်းအောင် လုပ်ဆောင်ဖို့ ခက်ခဲပါ တယ်။ သိုင်းရွိုက်ဟော်မုန်း လျော့နည်း တာကို မထိန်းနိုင်ပါက နှလုံးကြီးတာနဲ့ နှလုံးလုပ်ဆောင်မှု လျော့နည်းတာ စတဲ့ နှလုံးနဲ့ပတ်သက်တဲ့ဝေဒနာတွေကို ခံစား ရတတ်ပါတယ်။

Tips
အထက်မှာရေးခဲ့တဲ့ အချက်တွေကို တစ်မျိုးထက် ပိုပြီး ခံစားရတယ်ဆိုရင် ဆရာဝန်နဲ့ပြသကာ စစ်ဆေးမှုခံယူသင့်ပါ တယ်။ ဆရာဝန်က သိုင်းရွိုက်နဲ့ပတ်သက် ပြီး စစ်ဆေးမှုတွေ ပြုလုပ်ပေးပါလိမ့်မယ်။ ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးဝါး တွေကိုလိုက်နာသောက်သုံးပါ။
ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *