သန္ဓေသား၏ဉာဏ်ရည်ဉာဏ်သွေးအပေါ် သက်ရောက်နိုင်သည့်အချက်များ

ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးလိုချင်သူတွေက အင်မတန်ရှားပါတယ်။ မိခင်ဖခင်တွေ အသက်ငယ်ရွယ်စဉ်မှာ ကလေးယူတာက ကလေးအတွက် ကောင်းမွန်ပါသလားဆိုတာကို လူအတော်များများက သိချင်ကြမှာပါ။ နိုင်ငံပေါင်းစုံက သိပ္ပံပညာရှင်တွေကလည်း ဒီမေးခွန်းကို သိချင်တဲ့အတွက် ကလေးငယ်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးပေါ်မှာ မိဘအသက်အရွယ်နဲ့ တခြားအကြောင်းအရာတွေရဲ့ ဆက်စပ်မှုကို လေ့လာခဲ့ရာမှာ အောက်ပါအတိုင်း တွေ့ရှိခဲ့ပါတယ်။

ကလေးရဲ့ ဉာဏ်ရည်ဉာဏ်သွေးက မိဘရဲ့ အသက်အရွယ်နဲ့ သက်ဆိုင်ပါတယ်

မျိုးရိုးဗီဇတွေ ပြောင်းလဲပြီးမှ လူ သားတစ်ဦးဖြစ်လာပါတယ်။ ကလေးငယ် တွေမှာ သူတို့မိဘတွေမှာ မရှိတဲ့ ဗီဇ ပြောင်းလဲမှု ၇၀ လောက်ပါဝင်ပါတယ်။ ဒီဗီဇတွေက များသောအားဖြင့် မျိုးဥက သယ်ဆောင်လာတာ မဟုတ်ဘဲ သုက်ပိုး က သယ်ဆောင်လာတာပါ။ ဖခင် အ သက်ကြီးလေလေ၊ ကလေးငယ်တွေမှာ ဗီဇပြောင်းလဲမှုများလေလေပါ။
ဗီဇပြောင်းလဲမှုပမာဏက ဉာဏ် ရည်ဉာဏ်သွေးစွမ်းရည်နဲ့ ဆက်စပ်မှုရှိ ပါတယ်။ ပြောင်းလဲမှုပမာဏများလေ လေ၊ ကလေးငယ်ရဲ့ ဉာဏ်သွေးဉာဏ် သွေးက ပုံမှန်ထက်ပိုပြီး ကျဆင်းနိုင်လေ လေပါ။ သိပ္ပံပညာရှင်တွေက ဦးနှောက် လုပ်ငန်းဆောင်တာစစ်ဆေးမှု၊ IQ စစ် ဆေးမှုနဲ့ စာဖတ်စွမ်းရည်စစ်ဆေးမှုကို တိုင်းတာပြီး ခန့်မှန်းတွက်ချက်ထားတာ ပါ။ ဖခင် အသက်ကြီးတာက ကလေးငယ်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးနိမ့်ကျနိုင်ပါတယ်။

မိခင်ရဲ့ အသက်အရွယ်ကတော့ ဖခင်နဲ့ ပြောင်းပြန်ပါ။ မိခင်အသက်ကြီး လာလေလေ၊ သူတို့ကလေးရဲ့ ဉာဏ် ရည်ဉာဏ်သွေးမြင့်တက်လာလေလေပါ။ သုတေသီတွေကတော့ ဒီဆက်စပ်မှုဟာ မျိုးရိုးဗီဇ Gene တစ်ခုတည်းကြောင့် မ ဟုတ်ဘဲ လူမှုပေါင်းသင်းဆိုင်ရာအချက် အလက်နဲ့လည်း သက်ဆိုင်တာကြောင့်လို့ ဆိုပါတယ်။ အသက်ကြီးတဲ့ အမျိုးသမီး တွေက ပညာအရည်အချင်းပိုများတာ၊ အတွေ့အကြုံများတာ၊ အသိဉာဏ်ပိုမြင့် မားလာတာကြောင့်ပါ။ ငယ်ရွယ်တဲ့မိခင် ကနေ မွေးဖွားလာတဲ့ ကလေးတွေကတော့ ဖွံ့ဖြိုးတိုးတက်နှုန်း နှေးကွေးနိုင်ပါတယ်။

မျိုးရိုးဗီဇစစ်ဆေးပါ

သင့်မှာ ဘာရောဂါမှ မရှိရင်တောင် မှ မျိုးရိုးဗီဇ စစ်ဆေးသင့်ပါတယ်။ ဖခင် နဲ့ မိခင်မှာ ရောဂါမရှိပေမယ့် သူတို့တစ် တွေက ရောဂါရှိတဲ့ မျိုးရိုးဗီဇ Gene ကို သယ်ဆောင်ထားသူဖြစ်နေရင် ကလေး မှာ ရောဂါဖြစ်နိုင်ခြေက ၂၅ ရာခိုင်နှုန်း၊ ရောဂါသယ်ဆောင်နိုင်ခြေက ၅၀ ရာခိုင် နှုန်းနဲ့ ကျန်းမာသူက ၂၅ ရာခိုင်နှုန်း ဖြစ် ပါတယ်။

ကလေးငယ်ရဲ့ ကြီးထွားမှုဟာ မိခင်ဝမ်းကြာ တိုက်အတွင်းမှာရှိစဉ် မိခင်ရဲ့ စိတ်ဖိစီးမှုများတဲ့ ပမာဏနဲ့ ဆက်နွှယ်နေပါတယ်

ဂျွန်ဟော့ကင်းတက္ကသိုလ်မှ တက္က သိုလ်ဘွဲ့ရထားပြီး ကိုယ်ရောစိတ်ပါ ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး တချို့ကို လေ့လာမှုပြုလုပ်ခဲ့ပါတယ်။ ကိုယ်ဝန်ဆောင်ထားစဉ်ကာလနဲ့ ကလေး နှစ်နှစ်အရွယ်ရောက်စဉ်ကာလအထိ လေ့လာခဲ့ရာ မိခင်ရဲ့ စိတ်ဖိစီးမှု အနည်း အများပမာဏက ကလေးငယ်တွေရဲ့ သင်ကြားနိုင်စွမ်းပေါ်မှာ သက်ရောက်မှုရှိ တယ်လို့ တွေ့ရပါတယ်။

စိတ်ဖိစီးမှုအသင့်အတင့်သာရှိတဲ့ မိခင်ကနေ မွေးဖွားလာတဲ့ ကလေးငယ် တွေက ဉာဏ်ရည်ဉာဏ်သွေးမြင့်မားပြီး ကျန်းမာရေးကောင်းမွန်ကာ စိတ်ဖိစီးမှု များလွန်းသူမိခင်ကနေ မွေးဖွားလာတဲ့ ကလေးငယ်တွေကတော့ တခြားကလေး တွေထက် ကြီးထွားဖွံ့ဖြိုးနှုန်း အားနည်း တယ်လို့ သိရပါတယ်။

ဒါကြောင့် ကိုယ်ဝန်ဆောင်ကာလမှာ မိခင်တွေအနေနဲ့ စိတ်ဖိစီးမှုနည်းမှသာ ကလေးငယ်ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု ကောင်း မွန်နိုင်မယ်လို့ သိပ္ပံပညာရှင်တွေက မှတ် ချက်ချကြပါတယ်။

မိခင်ရဲ့ စိတ်ဖိစီးမှုပမာဏက ကလေးငယ်ရဲ့ ဒေါသကြီးမှုပေါ်မှာလည်း သက်ရောက်မှုရှိပါတယ်

အရင်တုန်းကတော့ စိတ်ကြီးတဲ့ ကလေးငယ်တွေကို မွေးရာပါဗီဇပါလာသူ လို့ ထင်ခဲ့ကြပါတယ်။ အခုအခါမှာတော့ ဒီယူဆချက်ကို မှားယွင်းတယ်လို့ သတ် မှတ်ထားပါတယ်။ မိခင်ဝမ်းကြာတိုက်ထဲ က သန္ဓေသားတွေက မိခင်ရဲ့ စိတ်ဖိစီးမှု ဒဏ်ကို ခံစားရနိုင်ပြီး သူတို့မှာပါ စိတ်ဖိ စီးမှုရနိုင်တယ်လို့ သိရပါတယ်။ ကိုယ်ဝန် ဆောင်အမျိုးသမီးပေါင်း အယောက် ၅၀ ကို သိပ္ပံပညာရှင်တွေက လေ့လာမှုပြု လုပ်ခဲ့ရာမှာ စိတ်ဖိစီးမှုများတဲ့ ဒါမှမဟုတ် စိတ်ကျဝေဒနာခံစားနေရတဲ့ မိခင်တွေရဲ့ နှလုံးခုန်နှုန်းက မြန်ဆန်နေသလို သူတို့ သန္ဓေသားရဲ့ နှလုံးခုန်နှုန်းပါ မြန်ဆန်နေ တာကိုတွေ့ခဲ့ရပါတယ်။

ဒီအချက်အလက်တွေအပြင် က လေးငယ်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးအပေါ် လွှမ်းမိုးနိုင်တဲ့အချက်တွေ များစွာရှိပါ သေးတယ်။ ဥပမာအားဖြင့် ကိုယ်ဝန် ဆောင်အမျိုးသမီးတွေအနေနဲ့ ရေပိုက် အဟောင်းတွေ၊ ဒါမှမဟုတ် ဆေးသုတ် ထားတာ နှစ် ၂၀ လောက်ကြာပြီဖြစ်နေတဲ့ တိုက်အိုတိုက်ဟောင်းတွေမှာ နေထိုင် သူဖြစ်ရင် ခဲဆိပ်သင့်နိုင်ပြီး ကလေးငယ် ရဲ့ ဉာဏ်ရည်ဉာဏ်သွေး နိမ့်ပါးနိုင်ပါ တယ်။

ဒါ့အပြင် ကိုယ်ဝန်မဆောင်ခင်မှာ လည်း သိုင်းရွိုက်အတွက် စစ်ဆေးမှု တွေ ပြုလုပ်သင့်ပါတယ်။ သိုင်းရွိုက်လုပ် ငန်းဆောင်တာ ပုံမှန်မဟုတ်ခဲ့ရင် မွေး လာမယ့်ကလေးရဲ့ ဉာဏ်ရည်ဉာဏ်သွေး က ပုံမှန်ထက် နိမ့်ကျနိုင်ပါတယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal