သံဓာတ်ဖြည့်စွက်ဆေးသောက်ဖို့ ဘာကြောင့်လိုလဲ

အများအားဖြင့် သံဓာတ်ချို့တဲ့တာ ကြောင့် ဖြစ်တဲ့သွေးအားနည်းရောဂါဟာ နောက် ဆက်တွဲဆိုးကျိုးတွေ အဖြစ် နည်းပေမယ့် သွေးအားနည်းတာက အရမ်းဆိုးလာရင် ဖြစ်ဖြစ်၊ သံဓာတ်နည်း နေတာကို ဘာမှမကုသဘဲ ဒီတိုင်းနေ နေရင်ဖြစ်ဖြစ် ရေရှည်မှာ ဆိုးဆိုးရွားရွား တွေဖြစ်လာပါလိမ့်မယ်။ အထူးသဖြင့် နှလုံးရောဂါအခံရှိသူတွေ၊ ကလေးငယ် တွေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ မှာဆိုရင် စိတ်ပူရပါတယ်။

သံဓာတ်ဟာ သွေးနီဥလေးတွေရဲ့ အောက်ဆီဂျင်သယ်ဆောင်တဲ့ လုပ် ငန်းစဉ်ကို ဆောင်ရွက်ပေးတာကြောင့် သွေးအားနည်းတယ်ဆိုကတည်းက တစ်သျှူးတွေ၊ ဆဲလ်တွေဆီကို အောက် ဆီဂျင် အလုံအလောက် မရောက်တော့ ပါဘူး။ ဒါကြောင့် နှလုံးက ခါတိုင်းထက် ပိုပြီး အားသုံးညှစ်ရပါတယ်။ ဒါမှလိုနေ တဲ့ အောက်ဆီဂျင်တွေသယ်ဖို့ သွေး များများရောက်မှာပေါ့။ အဲဒီအခါမှာ နှလုံးခုန်မြန်ပြီး ရင်တုန်လာပါတယ်။ ကြာလာတဲ့အခါမှာ နှလုံးကြွက်သားတွေ ဒဏ်ဖြစ်လာပြီး နှလုံးကြီးလာပါတော့ တယ်။ အစကတည်းက နှလုံးရောဂါ ရှိသူတွေ၊ နှလုံးသွေးကြောကျဉ်းသူတွေ၊ နှလုံးအဆို့ရှင် ကျဉ်းတာ၊ ကျယ်တာ ဖြစ် နေတဲ့သူတွေဆိုရင် နှလုံးဟာ ဆက်ပြီး မညှစ်နိုင်၊ အလုပ်မလုပ်နိုင်တော့တဲ့အ တွက် လိုအပ်တဲ့သွေးတွေ နှလုံးကို မရောက်တော့ဘဲ ရင်ဘတ်အောင့်လာ မယ်။ ခြေထောက်တွေရောင်လာမယ်။ ဒါကို High Output Heart Faliure လို့ခေါ်ပါတယ်။

ကလေးငယ်လေးတွေမှာ သံဓာတ် ချို့တဲ့ပြီး သွေးအားနည်းနေတာရေရှည် ဖြစ်လာရင် ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးမှု နှောင့်နှေးတာ၊ ဥာဏ်ရည်ဥာဏ်သွေးဖွံ့ ဖြိုးမှုနည်းတာတွေနဲ့ တခြားရောဂါပိုး တွေ ကူးစက်ဝင်ရောက်လွယ်တာတွေ ဖြစ်လာပါတော့တယ်။
ကိုယ်ဝန်ဆောင်မိခင် တွေမှာသံဓာတ်လုံလုံလောက် လောက်မရဘဲ သွေးအားနည်း နေရင် မိခင်ရော၊ ကလေးမှာပါ ထိခိုက်နိုင်ပါတယ်။ ပေါင်မပြည့်၊ လမစေ့ဘဲ မွေးနိုင်တဲ့အပြင် မွေးလာတဲ့ ကလေးမှာပါ ခန္ဓာကိုယ်နဲ့ ဥာဏ်ရည် ဖွံ့ဖြိုးမှု နိမ့်ကျနေနိုင်ပါတယ်။

ဒါကြောင့် သွေးအားနည်းရောဂါ လက္ခဏာတွေဖြစ်တဲ့ –

မောပန်းလွယ် တာ

ဖြူဖျော့နေတာ၊

အားနည်းတာ၊

ခေါင်းမူး၊

ခေါင်းကိုက်တာ၊

ခြေဖျားလက် ဖျားတွေအေးစက်နေတာ၊

ခြေသည်း လက်သည်းတွေ ကြွပ်ဆတ်ကျိုးလွယ် တာနဲ့

ကလေးတွေမှာဆို အစား သာက် စားချင်စိတ်နည်းပါးနေတာေ တွဖြစ်ကတည်းက သတိထားစစ်ဆေး ကြည့်ပြီး သံဓာတ်ချို့တဲ့နေတယ်ဆိုရင် လည်း သံဓာတ်ပြည့်ဝစွာပါဝင်တဲ့အစား အစာတွေ၊ သံဓာတ်အားဆေးတွေကို ဂရု တစိုက်သောက်သုံးသင့်ပါတယ်။ အဲဒီ လိုမသောက်သုံးဘဲ ဒီအတိုင်းဆက်နေ နေရင်တော့ ဖော်ပြထားတဲ့ နောက် ဆက်တွဲတွေဖြစ်လာနိုင်ပါတယ်။

ကျွန်မတို့ခန္ဓာကိုယ်က နဂိုမူလ ကတည်းက သံဓာတ်ကိုစုပ်ယူမှုနှုန်း နည်းပါးပါတယ်။ ဒါကြောင့် သံဓာတ် အားဆေး တွေ သောက်တဲ့အခါမှာလည်း အချည်းနှီးမဖြစ်အောင် ဗီတာမင်စီနဲ့ပါ တွဲသောက်ပေးသင့်ပါတယ်။  ဒါမှမဟုတ်လည်း အချဉ်ဓာတ်ပါတဲ့ သစ်သီး ဖျော်ရည်တွေ သောက်လို့ရပါတယ်။ ဒါဆိုရင်သံဓာတ် အားဆေးကြောင့် ၀မ်း ချုပ်တာတွေလည်း မဖြစ်တော့ပါဘူး။ အခုနောက်ပိုင်းထွက်လာတဲ့ သံဓာတ် ဖြည့်စွက်ဆေးတွေဟာလည်း ခန္ဓာ ကိုယ်က စုပ်ယူမှုအားကောင်းတဲ့ပုံစံFerrous Fuma­rate, Ferrous Sulfate and Ferrous Gluconate အနေနဲ့ ထုတ်လုပ်လာတာတဲ့အပြင် တခြားဗီတာမင်တွေနဲ့ပါပေါင်းစပ်ထုတ်လာတာတွေကြောင့်လည်း ပိုမိုအဆင် ပြေလာတာကို တွေ့ရပါတယ်။

ဒေါက်တာစိမ့်

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *