“သံလိုက်လုံး ၂၆ လုံးကို လိင်တံထဲ ထိုးထည့်ခဲ့သည့်ကလေး”

သံလိုက်လုံး ၂၆ လုံးကို လိင်တံထဲ ထိုးထည့်ခဲ့သည့်ကလေး  သံလိုက်လုံး ၂၆ လုံးကို လိင်တံထဲထိုးထည့်ထားတဲ့ကလေး ကို ဆရာဝန်တွေက နှစ်နာရီခွဲစိတ်ပြီး သံလိုက်လုံးတွေ ထုတ် ပေးလိုက်ရပါတယ်။ တရုတ်နိုင်ငံအရှေ့ပိုင်းက အသက် ၁၁ နှစ် အရွယ်ကလေးဟာ စပ်စုလိုစိတ်ကြောင့် သံလိုက်လုံး အတွဲလိုက် ကို အဲဒီလိုထိုးထည့်ခဲ့တာပါ။ ကလေးဟာ ဇီကျီယန်းပြည်နယ်က ကလေးဆေးရုံမှာ ကုသမှုခံယူခဲ့ရတာဖြစ်ပါတယ်။

သံလိုက် လုံးတွေက ကျောဘက်ပိုင်းဆီးလမ်းကြောင်းထဲမှာ နှစ်တန်း တန်းပြီးဝင်နေတာလို့ ဆရာဝန်က ဆိုပါတယ်။ အဲဒီလိုပိတ်နေ တာကြောင့် ကလေးဟာဆီးသွားရင် သွေးပါလာပါတော့တယ်။ အလုံးလေးတွေကသေးတာကြောင့် ဆရာဝန်တွေ အတော် ခက်ခက်ခဲခဲ ခွဲထုတ်လိုက်ရပါတယ်။ သံလိုက်အလုံးအသေး လေးတွေဟာ ကလေးလေးတွေအတွက် အရမ်းအန္တရာယ်များ ပါတယ်။ ]အလုံးကသေးတော့ ကလေးတွေ အဲဒါကို အလွယ် တကူပဲ မျိုချလို့ရသလို ခန္ဓာကိုယ်ထဲလည်း ထိုးထည့်ရလွယ် နေတယ်။

ခန္ဓာကိုယ်ထဲသံလိုက်လုံးလေးတွေ ဝင်သွားတဲ့ ကိစ္စ တွေအတော်များများကို တွေ့နေရတယ်} လို့ ဒေါက်တာဝမ်က ပြောပါတယ်။

(ြီ ယ ၁၄.၉.၁၇) ချယ်ရီ

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *