သွားစိုက်တာ မလုပ်သင်တဲအခြေအနေမျိုးရှိလား

သွားစိုက်ဖို့အတွက် ဘယ်လိုနည်းလမ်းတွေ ရှိပါသလဲ ဆရာ။
သွားစိုက်တာက နည်းလမ်း သုံး သွယ်ရှိပါတယ်။
– ဘေးသွားတွေကို ဆေးနဲ့တွယ်ပြီးမှ အသေစိုက်တယ် ခေါ်ပါတယ်။
– ဘေးသွားတွေကို အားပြုတာနည်းပြီး သွားဖုံးရိုးပေါ်မှာတင်ပြီး အရှင်စိုက်တယ်၊ ဖြုတ်လို့ တပ်လို့ရတယ်။ အသေစွဲ မထား ဘူး။
– သွားဖုံးရိုးထဲမှာ တိုင်ထည့်ပြီးမှ Implant လို့ ခေါ်တဲ့ သွားမြစ်တုထည့်ပြီး စိုက်တာဖြစ်တယ်။
အဲဒီသုံးမျိုးထဲကမှ ကိုယ်နဲ့သင့်တော် တဲ့ နည်းလမ်းကို အသုံးပြုပြီး သွားစိုက်ရ ပါတယ်။ ကိုယ်ကတော့ ဒီတစ်မျိုးတော့ လုပ်ချင်တယ်၊ ဒါပေမဲ့ ကိုယ်ရဲ့ ကျန်းမာ ရေးအနေအထား၊ သွားတွေရဲ့ အနေအ ထားအရ မသင့်တော်ဘူးဆိုရင် ဆရာဝန် က အကောင်းဆုံးနဲ့ အသင့်တော်ဆုံးကို ရွေးချယ်လုပ်ပေးပါလိမ့်မယ်။ ဒီနည်းလမ်း သုံးမျိုးက ကောင်းတဲ့ အချက်၊ အားသာ ချက်တွေရှိသလို မကောင်းတဲ့အချက်၊ အားနည်းချက်တွေလည်း ရှိပါတယ်။ ဒါတွေကို သွားမစိုက်ခင်မှာ သိထားဖို့လို ပါတယ်။

ဒီသုံးနည်းမှာ ဘယ်နည်းနဲ့ သွားစိုက်တာများ ပါသလဲ ဆရာ။
အစိုက်များတာကတော့ ဘေးသွား နဲ့ တွဲပြီး အသေစိုက်တဲ့ သွားတုပါ။ သွား တစ်ချောင်းကျိုးတာ၊ နှစ်ချောင်း ဆက် တိုက်ကျိုးတယ်၊ ဘေးသွားလည်း ကောင်း တယ်ဆိုရင် သွားတုအသေစိုက်တဲ့ နည်း နဲ့ စိုက်လို့အဆင်ပြေပါတယ်။ ဘေးက ကောင်းနေတဲ့သွားကို အနည်းငယ် သေး သွားအောင် စားလိုက်ပြီးမှ သွားတုကို စွပ်၊ ဆေးနဲ့ ကပ်ပြီးစိုက်ရပါတယ်။ သွားတစ် ချောင်းစိုက်ဖို့၊ သွားနှစ်ချောင်းစိုက်ဖို့ကို ဘေးသွားတစ်ဖက်တစ်ချက်စီက တစ် ချောင်းစီကို နည်းနည်းစီ စားလိုက်ရပါ တယ်။ အဲဒီလို စားလိုက်တာကြောင့် သ ဘာဝ သွားအသားအတိုင်းတော့ ပြန်မရ တော့ပါဘူး။ သွားအတုတွေက သုံးနိုင်တဲ့ အချိန်အကန့်အသတ်တော့ ရှိပါတယ်။ ဆေးနဲ့ကပ်ထားတာဖြစ်တာကြောင့် နှစ် ကြာလာရင် အဲဒီဆေးက အရည်ပျော်လာ တာမျိုးဖြစ်တတ်တယ်။ အဲဒီအခါကျရင် သွားတုကို ဖြုတ်ပြီး အသစ်ပြန်လဲရတာ မျိုးရှိပါတယ်။ အဓိက အားနည်းချက်က တော့ သွားတွေကို စားလိုက်ရတာပါ။ သွားတစ်ချောင်းနဲ့ တစ်ချောင်းကြားထဲမှာ ကွက်လပ်တွေရှိပါတယ်။ အဲဒီကြားထဲကို သန့်ရှင်းရေး လုပ်ရပါတယ်။ ဒီနည်းနဲ့ သွားတုစိုက်လိုက်ရင် ဘေးသွားတွေကို ကပ်လိုက်တာကြောင့် သန့်ရှင်းရေးလုပ်ဖို့ ခက်သွားပါတယ်။ နောက်ဆက်တွဲအနေ နဲ့ သွားပိုးစားတာ၊ သွားဖုံးရောဂါတွေ ဖြစ် စေပါတယ်။

သွားအရှင်စိုက်နည်းနဲ့ပတ်သက်တဲ့ အားနည်း ချက်၊ အားသာချက်တွေကိုလည်း ရှင်းပြပေး ပါ ဆရာ။
သွားပေါ်မှာ အသေမစိုက်ဘဲ ချိတ် လေးနဲ့ တွဲထားတယ်။ သွားဖုံးရိုးကို အား ပြုထားတဲ့အရှင်စိုက်တာကို အရပ်ထဲမှာ တော့ အံကပ်လို့ ခေါ်ပါတယ်။ သွားအများ ကြီး ကျိုးရင်၊ သွား နှစ်ချောင်းထပ်ပိုပြီး ကျိုးရင် အသေတွဲပြီး သွားစိုက်လို့ မရ တော့ပါဘူး။ နေရာအများကြီးမှာ သွားအ များကြီး ကျိုးနေရင် အံပုံချတယ်လို့လည်း ပြောကြတယ်။ ဖြုတ်လိုက်၊ တပ်လိုက် လုပ်ရပါတယ်။ အစာစားပြီးရင် ချွတ်ပြီး ဆေး၊ စားပြီး အပြင်သွားမယ်ဆိုရင် ပြန် တပ်ရတယ်။ ကောင်းတဲ့အချက်က အ သေတပ်တာလို ဘေးသွားတွေကို စား စရာမလိုဘူး။ ဖြုတ်ဆေးလို့ရတဲ့အတွက် ပိုသန့်ရှင်းပါတယ်။ သန့်ရှင်းရေးလုပ်ဖို့ အထူးလိုအပ်ပါတယ်။ သန့်ရှင်းရေး မကောင်းရင် သူလည်းပဲ သွားစိုက်တာလို မျိုး သွားပိုးစားတာနဲ့ သွားဖုံးရောဂါတွေ ဖြစ်လွယ်ပါတယ်။ အဓိက အားနည်းချက် က သွားဖုံးရိုးပေါ်မှာတင်ပြီး လုပ်တာ ကြောင့် သဘာဝသွားလိုတော့ ဝါးအား သိပ်မကောင်းဘူး။ အစာစားပြီးတိုင်း သန့်ရှင်းရေး သေချာလုပ်ဖို့တော့ လိုပါ တယ်။ ခံတွင်းမှာ ရှိနေတဲ့ သွားကိုလည်း သွားတိုက်ပေးဖို့ လိုပါတယ်။ ညဘက်မှာ ချွတ်ထားဖို့ လိုပါတယ်။ အံကပ်တွေကို ညအိပ်တဲ့အချိန်မှာတပ်ပြီး အိပ်မယ်ဆို ရင် သွားဖုံးရိုးတွေ နိမ့်သွားတတ်ပါတယ်။ တစ်နေကုန် တပ်လိုက်၊ ချွတ်လိုက်နဲ့ စုစု ပေါင်း ၈ နာရီလောက်သာ တပ်ထားသင့် ပါတယ်။

နောက်ဆုံးနည်းဖြစ်တဲ့ သွားမြစ်တုစိုက်တာ ကိုလည်း သိချင်ပါတယ် ဆရာ။
သွားဖုံးရိုးထဲကို သွားမြစ်တု စိုက် တာက ဆရာတို့ဆီမှာ လုပ်နိုင်တာ မကြာ သေးပါဘူး။ ၂၀၀၉-၂၀၁၀ ပြည့်နှစ် လောက်မှာ စလုပ်နိုင်ပြီး အခုအချိန်မှာ တော့ အတော်လေး လုပ်နိုင်နေပါပြီ။ ဒီနည်းနဲ့ သွားစိုက်မယ်ဆိုရင် ကုန်ကျ စရိတ်ကြီးပါတယ်။ နိုင်ငံခြားမှာ ဒီနည်းနဲ့ သွားစိုက်မယ်ဆိုရင် ဒေါ်လာ ၃၀၀၀-၄၀၀၀ နိုင်ငံပေါ် မူတည်ပြီး ရှိပါတယ်။ ဆရာတို့နိုင်ငံမှာတော့ ဒေါ်လာ ၁၅၀၀-၂၀၀၀ ကြားလောက် ကုန်ကျပါတယ်။ တက္ကသိုလ်တွေမှာတော့ ဒေါ်လာ ၅၀၀ လောက်နဲ့ရအောင် တခြားပစ္စည်းတွေ ဖြည့်တင်းပြီး အတတ်နိုင်ဆုံးနဲ့ လုပ်ပေး ပါတယ်။ ဒီနည်းက ကုန်ကျစရိတ်အများ ဆုံးဖြစ်သလို သဘာဝနဲ့လည်း အတူဆုံး ဖြစ်တယ်။ အရိုးပေါ်တင်ထားတာ မ ဟုတ်ဘဲ အရိုးထဲမှာ စိုက်ထည့်ထားတဲ့ တိုင်ပေါ်မှာ အားပြုထားတာကြောင့် သဘာဝအတိုင်း ဝါးနိုင်ပါတယ်။ ဒီနည်း လည်း ရှေ့က နည်းနှစ်နည်းလိုပဲ သန့် ရှင်းရေး အရေးကြီးပါတယ်။ သန့်ရှင်း ရေးမကောင်းရင် တိုင်ပတ်ပတ်လည်က အရိုးမှာ ရောဂါဝင်ရင် နဲ့လာလို့ တိုင်ပြန် ထုတ်ရတာတွေ ရှိတယ်။ သွားပိုးစားတာ တော့ မဖြစ်ဘူး။ ဒါပေမဲ့ သွားဖုံးရောဂါ တော့ ဖြစ်နိုင်ခြေရှိသေးတယ်။ ဆရာ ဝန်ကို အမြဲတမ်းပြန်ပြဖို့ လိုပါတယ်။ ခွဲ စိတ်ပြီး ထည့်ရတာဖြစ်တာကြောင့် ခွဲ စိတ်ကုသဖို့အတွက် လုံလောက်တဲ့ကျန်း မာရေးအခြေအနေရှိဖို့လည်း လိုပါတယ်။ ဆေးလိပ်အရမ်းသောက်တာ၊ ကွမ်းအ ရမ်းစားတာ စတဲ့ ကျန်းမာရေးနဲ့ မညီ ညွတ်တဲ့ အမူအကျင့်တွေရှိတယ်၊ ကျန်း မာရေးထိခိုက်နိုင်တာတွေရှိမယ်ဆိုရင် ဒီနည်းကို မသုံးသင့်ပါဘူး။ ငွေရေးကြေး ရေးအရဖြစ်စေ၊ ကျန်းမာရေးအရဖြစ်စေ ဒီနည်းကို လူတိုင်း မသုံးနိုင်ကြပါဘူး။ ဒီနည်းနဲ့ သွားစိုက်ရင်တော့ စားတဲ့ ဝါးတဲ့ နေရာမှာရော၊ အလှအပအနေနဲ့ရော သဘာဝအတိုင်း တူပါတယ်။

သွားစိုက်တာ မလုပ်သင့်တဲ့အခြေအနေတွေ ကော ရှိပါသလားဆရာ။ ရှင်းပြပေးပါ။
သွားစိုက်တာ လုံးဝ လုပ်လို့မရဘူး ဆိုတဲ့ အခြေအနေကတော့ ရှားပါတယ်။ လူနာက အိပ်ရာပေါ်လဲနေတယ်။ အ သက်အန္တရာယ်ရှိနိုင်တယ်ဆိုတဲ့ အခြေ အနေမှာတော့ မလုပ်တာ ကောင်းပါ တယ်။ ခွဲစိတ်ဖို့အတွက်က သွေးတိုးကို လုံးဝ မထိန်းနိုင်ဘူး၊ ဆီးချိုတက်နေတာ ကို ထိန်းမရဘူး ဆိုရင်တော့ မလုပ်သင့်ပါ ဘူး။ ဒီလူနာတွေမှာ ဘေးသွားနဲ့တွဲစိုက် တာ၊ အံကပ်တပ်တာတွေတော့ လုပ်လို့ရ ပါတယ်။ အရိုးထဲ ထည့်စိုက်တာကတော့ အများကြီး သတိထားရပါတယ်။ ဘယ် သွားစိုက်နည်းပဲဖြစ်ဖြစ်၊ သန့်ရှင်းရေးက အရေးကြီးတယ်လို့ ပြောခဲ့ပါတယ်။ ကိုယ်တိုင်သန့်ရှင်းရေး လုပ်တာဖြစ်စေ၊ ကိုယ်မလုပ်နိုင်ရင် သူ့ကိုစောင့်ရှောက်သူ က သန့်ရှင်းရေး လုပ်ပေးဖို့ လိုပါတယ်။ သွားတုတွေ စိုက်ရပြီဆိုရင် ပိုးမွှားနဲ့ အစာဟောင်းတွေက ပိုကပ်ပါတယ်။ ဒါ ကြောင့် သန့်ရှင်းရေးက လုပ်ကိုလုပ်သင့် ပါတယ်။ တချို့က အသက်ကြီးလို့ လက် တွေ မသန်တော့တာ၊ ပါကင်ဆန်ရောဂါ လို လက်တွေတုန်ပြီး ထိန်းမရရင် သွား ပွတ်တံ ကိုင်ဖို့တောင် မလွယ်ဘူးပေါ့။ ဒီလိုဖြစ်နေရင် သူ့ကို ပြုစုစောင့်ရှောက် ပေးတဲ့သူက သန့်ရှင်းရေးလုပ်ပေးဖို့ လို ပါတယ်။ သွားတုစိုက်တာက နောက် ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်တာ ကြောင့် ရေရှည်မှာ သန့်ရှင်းရေးကို သေ ချာ မလုပ်နိုင်ရင် မစိုက်တာ ကောင်း ပါတယ်။

တွဲဖက်ပါမောက္ခ ဒေါက်တာမြတ်ဉာဏ်
သွားတုဆေးပညာဌာန
သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၊ မန္တလေး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *