ပုလဲလုံးလေးတွေလို ဖြူဖွေးနေတဲ့ သွားတွေကို လူအများ နှစ်သက်ကြပါတယ်။ ငယ်သွားတွေလဲပြီးလို့ ကြီးသွားသုံးဆယ့် နှစ်ချောင်းရပြီဆိုတာနဲ့ တစ်သက်လုံး ဒီသွားသုံးဆယ့်နှစ်ချောင်း ကိုပဲ အားကိုးရတော့မှာပါ။ ဖြူဖွေးနေတဲ့ သွားတွေကို အရောင် ပြောင်းသွားစေတဲ့ အကြောင်းရင်းအမျိုးမျိုးရှိပါတယ်။ ဒီထဲက ကိုယ်တိုင် ဆင်ခြင်နိုင်တဲ့အချက်တွေကတော့ –
(၁) သောက်စရာ
ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာ၊ ဝိုင်တွေက သွားတွေကို အရောင်ပြောင်းစေပါတယ်။ ဒါကြောင့် သွားတွေဖြူစင်အောင် လေဆာ Treatment ခံယူပြီးရင် ဒီအရည်တွေ သောက်တာ ရှောင်ရပါမယ်။ ကော်ဖီ၊ လက်ဖက်ရည်သောက်ပြီးတိုင်း ပလုတ် ကျင်းပါ။
(၂) ဆေးလိပ်၊ ကွမ်း
ဆေးလိပ်သောက်တာဖြစ်ဖြစ်၊ ကွမ်းစားတာဖြစ်ဖြစ် သွားရဲ့ အရောင်ကို ပြောင်းလဲစေပြီး သွားကျန်းမာရေးကို ထိခိုက်စေပါ တယ်။ ဆေးလိပ်နဲ့ ကွမ်းစားသူတို့ရဲ့ သွားအရောင်ဟာ အဆိုး ရွားဆုံး ပျက်စီးနေတာကို သင်ကိုယ်တိုင်လည်း တွေ့ဖူးမှာပါ။
(၃) မသန့်ရှင်းမှု
တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထဖြစ်တဲ့ မနက်အိပ် ရာထနဲ့ ညအိပ်ရာဝင်ခါနီး သွားတိုက်ရပါမယ်။ မဟုတ်ရင် သွား ရဲ့ဖြူဖွေးတဲ့ အရောင်လွင့်ပြယ်သွားစေမှာပါ။
တခြားအကြောင်းအရာများ
တချို့ဆေးဝါးတွေ၊ သွားနဲ့ သွားဖုံးရောဂါတွေ၊ မတော်တဆ ထိခိုက်မှု၊ အသက်အရွယ်၊ မျိုးရိုးဗီဇတွေကလည်း သွားအရောင် ပြောင်းလဲမှုအပေါ် သက်ရောက်မှု ပေးနိုင်ပါတယ်။ ဒါတွေက ကိုယ်တိုင်မှာ ရှောင်ကြဉ်လို့ မရနိုင်တဲ့အတွက် ကုသမှုခံယူပြီး သွားကြွေလွှာ ပြုပြင်တာ၊ သွားအတုစိုက်တာ၊ လေဆာ Treatment ခံယူတာ စသဖြင့် နည်းပညာအမျိုးမျိုးအသုံးပြုပြီး ဖြူဖွေး လှပအောင်ပြန်လည်ပြုပြင်နိုင်ပါတယ်။
Darliko