သွားဖြူစေမယ့် သွားတိုက်ဆေးပြုလုပ်နည်း

နနွင်းဟာ သွားမှာ အရောင်စွန်းထင်းနေတာတွေကို ကျွတ်စေတဲ့အာနိသင်ရှိပြီး သွားကို ဖြူဖွေးလင်းလက်စေပါတယ်။ သူဟာ ရောင်ရမ်းမှုလျော့ကျစေတဲ့အာနိသင်၊ ပိုးသတ်အာနိသင်တွေ ပါဝင်တာကြောင့် သွားကျဉ်တာ၊ သွားကိုက်တာလိုမျိုး သွားပြဿနာအတော်များများနဲ့ sensitive ဖြစ်တဲ့ သွားတွေအတွက် အလွန်ကောင်းမွန်ပါတယ်။

မုန့်ဖုတ်ဆော်ဒါက သွားအခေါင်းပေါက်ဖြစ်တာနဲ့ သွားဖုံးရောင်တာလိုမျိုး ပြဿနာတွေအတွက် သင့်တော်ပါတယ်။

အုန်းဆီဟာ တခြားပါဝင်ပစ္စည်းတွေလိုပဲ ခံတွင်းကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ ကျွန်မတို့ဟာ ခံတွင်းအတွင်း ဘက်တီးရီးယားတွေ သေစေဖို့နဲ့ သွားကိုက်တာ သက်သာစေဖို့၊ ခံတွင်းအနံ့ဆိုးကင်းစေဖို့နဲ့ အထိခိုက်လွယ်တဲ့ သွားပြဿနာတွေအတွက် မကြာခဏ အုန်းဆီနဲ့ ပလုတ်ကျင်းပေးကြရပါတယ်။ ဒါ့အပြင် သူဟာ သွားတွေကို ဖြူစင် တောက်ပစေဖို့ ကူညီပေးနိုင်ပါတယ်။

ဒီတစ်ပတ်ဖော်ပြပေးချင်တာကတော့ သင့်သွားလေးတွေ ဖြူစင်လင်းလက်စေတဲ့အပြင် သွားခေါင်းပေါက်ဖြစ်တာနဲ့ သွားဖုံးရောင်တာလိုမျိုး ခံတွင်းပြဿနာအတော်များများကို ဖြေရှင်းပေးနိုင်တဲ့ နနွင်း၊ မုန့်ဖုတ်ဆော်ဒါနဲ့ အုန်းဆီ ပါဝင်တဲ့ သွားတိုက်ဆေးအနှစ် ပြုလုပ်နည်းလေးပါ။
..
လိုအပ်တာတွေက


♦ နနွင်းမှုန့်
♦ မုန့်ဖုတ်ဆော်ဒါ
♦ အုန်းဆီ

ပြုလုပ်နည်း


♦ ပန်းကန်လုံးတစ်ခုထဲမှာ နနွင်းမှုန့် စားပွဲဇွန်း လေးဇွန်း ထည့်ပါ။


♦ အဲဒီထဲကို မုန့်ဖုတ်ဆော်ဒါ စားပွဲဇွန်း နှစ်ဇွန်းစာ ထည့်ပါ။


♦ ပြီးရင် အုန်းဆီ စားပွဲဇွန်း နှစ်ဇွန်းခွဲ ဒါမှမဟုတ် သုံးဇွန်း ထည့်ပါ။


♦ အဲဒီနောက် အားလုံးကို သမအောင် သေချာ မွှေပါ။

♦ ရလာတဲ့အနှစ်ကို ဖန်ပုလင်းတစ်လုံးထဲမှာ ထည့်ပြီး သိမ်းဆည်းပါ။

 

♥  ဆူးမြာ  ♥

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *