သွားနှင့်ခံတွင်း သန့်ရှင်းရေးဆိုင်ရာ အယူအဆများ

သင့်အပြုံးတွေ လှပကျန်းမာနေစေ ဖို့နဲ့ သွားတွေ ဖြူစင်ရှင်းသန့်နေစေဖို့ရာ အတွက် သွားနဲ့ခံတွင်းကို ဘယ်လို ထိန်း သိမ်းသင့်တာဆိုတာနဲ့ ပတ်သက်တဲ့ အယူ အဆရေးရာတွေမှာ ဘယ်အရာတွေက မှန်ကန်လဲဆိုတာ သင်သိပါရဲ့လား . . .

၁။ နေ့စဉ် သွားကြားထိုးကြိုး အသုံး ပြုတာကောင်းတယ်
သွားကြားထိုးကြိုး သုံးတဲ့အခါ သွားကြားထဲနဲ့ သွားဖုံးလိုင်းတစ်လျှောက် စားကြွင်းစားကျန် ကင်းဝေးစေတဲ့အတွက် သွားဖုံးရောဂါနဲ့ တခြားပြင်းထန်ဆိုးရွား တဲ့ ကျန်းမာရေးပြဿနာမဖြစ်စေတော့ ပါဘူး။ သွားကြားထိုးကြိုးသုံးတာဟာ ခန္ဓာကိုယ်ထဲမှာ နာတာရှည်ရောင်ရမ်း ခြင်းဖြစ်ကာ နှလုံးရောဂါ၊ လေဖြတ်တာ၊ အဆုတ်ရောဂါနဲ့ လမစေ့ကလေးမွေးဖွား တာတွေနဲ့ ဆက်စပ်နေတဲ့ ဘက်တီးရီး ယား ပိုးမွှားတွေကို ကင်းဝေးစေပါတယ်။

၂။ သွားဖြူအောင်လုပ်တာက ယေဘု ယျအားဖြင့် အန္တရာယ်ကင်းတယ်
သွားဆေးခန်းနဲ့ အိမ်မှာ သွားဖြူ အောင်လုပ်တဲ့ ချွတ်ဆေးဟာ ကာဘမိုက် ပါအောက်ဆိုက် (Carbamide Peroxi-de) ဖြစ်လေ့ရှိပြီး ပါးစပ်ထဲမှာ ဟိုက်ဒရို ဂျင်ပါအောက်ဆိုက်အဖြစ် ပြိုကွဲပြောင်းလဲ သွားပါတယ်။ လေ့လာမှုတွေအရ ဒီဓာတု ပစ္စည်းဟာ ခံတွင်းကင်ဆာအန္တရာယ်ကို မမြင့်တက်စေပါဘူးလို့ သိရပါတယ်။ ဒါ ပေမဲ့ ပုလဲလိုသွားဖြူသွားတဲ့ လူ ၇၀ ရာ ခိုင်နှုန်းကျော်ကတော့ သွားတွေကျဉ်လာ တတ်ပါတယ်။ အကြောင်းကတော့ ဟိုက် ဒရိုဂျင်ပါအောက်ဆိုက်ဟာ သွားကြွေလွှာ ရဲ့ အပြင်ဘက်အကာကိုသာမက သွားနှစ် လွှာရဲ့ ပျော့ပျောင်းတဲ့ အလွှာထဲကိုလည်း ထိတွေ့မှုရှိတာကြောင့်ပါ။ သွားဖြူအောင် ပြုပြင်တဲ့လူတွေရဲ့ ၄၀ ရာခိုင်နှုန်းကျော်ဟာ ယာယီသွားဖုံး မသက်မသာဖြစ်ခြင်းကို ခံစားရပြီး ရက်အနည်းငယ်အကြာမှာ သက်သာသွားလေ့ရှိပါတယ်။
Tips
သွားဖြူအောင် ချွတ်တဲ့နည်းကို သတ်မှတ်ထားတဲ့ အကြိမ်ထက် ပိုမလုပ် သင့်ပါဘူး။

၃။ ခံတွင်းအနံ့ဆိုးကင်းဝေးအောင် လျှာကိုပါ တိုက်သင့်တယ်
သွားတိုက်ခြင်း၊ သွားကြားထိုးကြိုး သုံးခြင်း၊ ပလုတ်ကျင်းခြင်းအပြင် လျှာကို ပါ သွားတိုက်ပေးမှသာ ခံတွင်းအနံ့ဆိုး ကင်းဝေးစေမှာဖြစ်ပါတယ်။
ခံတွင်းထဲရှိ စားကြွင်းစားကျန်မှာ ဘက်တီးရီးယားပိုး ပေါက်ပွားပျံ့နှံ့ရာက ခံတွင်းအနံ့ဆိုးထွက်တတ်ပါတယ်။ လျှာ ကို သန့်စင်အောင် လုပ်ပေးရင် စားကြွင်း စားကျန် အသေးအမွှားတွေပါ ကင်းဝေး ကာ အနံ့ဆိုးမထွက်ရှိတော့ပါဘူး။ နယူး ယောက်လေ့လာမှုတစ်ခုအရ သွားတိုက် တိုင်း လျှာကို စက္ကန့် ၆၀ ကြာ တစ်နေ့ နှစ်ကြိမ် တိုက်လေ့ရှိသူတွေဟာ နှစ်ပတ် ကြာတဲ့အခါ အနံ့ဆိုးထွက်စေတဲ့ ဆာလ ဖာဒြပ်ပေါင်း ၅၃ ရာခိုင်နှုန်း လျော့နည်း သွားတာကို တွေ့ရှိခဲ့ရပါတယ်။
Chlorhexidine, Cetylpyridi-nium Chloride, Zinc lactate, chlo-rine dioxide စတဲ့ ပိုးမွှားကင်းစေတဲ့ ပါဝင်ပစ္စည်းပါ ပလုတ်ကျင်းဆေးရည် အ သုံးပြုတာကလည်း ထိရောက်မှုရှိပါတယ်။
ဒီနည်းတွေနဲ့ မပျောက်ဘဲ ခံတွင်းနံ့ နံမြဲနံနေရင် သွားဖုံးရောဂါ၊ အာခေါင် ခြောက်တာ၊ နှာခေါင်းတွင်း ပိုးဝင်တာ၊ အာသီးရောင်တာ၊ အစာအိမ်အူလမ်း ကြောင်းနဲ့ အသက်ရှူလမ်းကြောင်း ကူး စက်ပိုးဝင်တာ ရှိ၊ မရှိဆိုတာကို ဆရာဝန် နဲ့ တိုင်ပင်စစ်ဆေးသင့်ပါတယ်။

၎။ သွားတိုက်တိုင်း သွားဖုံးသွေးထွက် တတ်တယ်
သွားတိုက်တိုင်း သွားဖုံးသွေးထွက် တာက သွားကို ခပ်ကြမ်းကြမ်းတိုက်တာ ကြောင့် ဖြစ်နိုင်ပါတယ်။ မဟုတ်ရင်တော့ သင့်အနေနဲ့ Warfarin, အက်စပရင်၊ Coenzyme Q10 စတဲ့ သွေးကျဲစေတဲ့ ဆေးဝါးတွေကို မှီဝဲနေမိရင်လည်း သွား ဖုံးသွေးယိုနိုင်ပါတယ်။ သွားဖုံးသွေးယိုမှာ စိုးလို့ သွားဖုံးလိုင်းတစ်လျှောက်က သွားချေးဖတ်တွေကို ထိထိရောက်ရောက် မဖယ်ရှားနိုင်ဘူးဆိုရင် သွားတိုက်တာ အပြင် သွားကြားထိုးကြိုးသုံးတဲ့နည်းကို ပါ တွဲသုံးပေးဖို့လိုပါတယ်။

၅။ သွားနှင့်ခံတွင်းကို ဓာတ်မှန်ရိုက် သင့်တယ်
အမေရိကန် သွားနဲ့ခံတွင်းဘက်ဆိုင် ရာ အဖွဲ့အစည်းရဲ့ အကြံပြုချက်အရ သွားနဲ့ခံတွင်း ဓာတ်မှန်ရိုက်ဖို့ လိုအပ်သူ တွေကတော့ အောက်ပါအတိုင်း ဖြစ်ကြ ပါတယ်။
– သွားပိုးပေါက် ဒါမှမဟုတ် တခြား သွားပြဿနာရှိနေရင်
– သွားကို စနစ်တကျသန့်စင်ပေမယ့် သွားတွေမည်းညစ်နေရင်
– ဓာတ်မှန်အပြည့်အစုံရိုက်ဖို့လိုအပ် တဲ့ လူနာအသစ်ဖြစ်ခဲ့ရင်
မတော်တဆ ထိခိုက်မှုလို တချို့ အကြောင်းရင်းတွေကြောင့်လည်း သွားနဲ့ ခံတွင်းဘက်ဆိုင်ရာ ဓာတ်မှန်ရိုက်ဖို့ လိုအပ်နိုင်ပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *