သွားဖြူအောင် ကိုယ်တိုင်ပြုလုပ်နိုင်သောနည်းလမ်း ၁၀

မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သွား တိုက်နေတယ်ဆိုပေမယ့် အစားအ သောက်တွေကြောင့် သင့်သွားတွေမှာ အရောင်တွေ စွန်းထင်းမှုကြောင့် မဖြူ တော့ဘဲ ဝါကျင့်ကျင့်ဖြစ်နေတတ်ပါတယ်။ သွားဖြူစေဖို့ ပိုက်ဆံမကုန်ဘဲ ကိုယ်တိုင်ပြု လုပ်နိုင်တဲ့ နည်းလမ်း ၁၀ နည်းကို ဖော်ပြ လိုက်ပါတယ်။

(၁) မုန့်ဖုတ်ဆော်ဒါ
သင့်သွားတွေ ဝါနေတာကို မုန့်ဖုတ် ဆော်ဒါအသုံးပြုနိုင်ပါတယ်။ မုန့်ဖုတ် ဆော်ဒါ ထမင်းစားဇွန်း နှစ်ဇွန်းကို ရေ အေးနဲ့ ရောပြီး ပလုတ်ကျင်းပါ။ တစ်နေ့ ကို ၂-၃ ကြိမ် ပြုလုပ်ပေးပါ။

(၂) စတော်ဘယ်ရီ
စတော်ဘယ်ရီသီးမှာ ဗီတာမင်စီ များစွာပါဝင်ပြီး သွားတွေကို ဖြူဖွေးစေပါ တယ်။ စတော်ဘယ်ရီသီး အနည်းငယ်ကို ကြိတ်ခြေပြီး သွားတွေကို ပွတ်တိုက်ပေး ပါ။ တစ်နေ့နှစ်ကြိမ်နဲ့ ရက်အနည်းငယ် ကြာအောင် ပြုလုပ်ပေးပါ။

(၃) ရှောက်သီး
ရှောက်သီးမှာ အစွန်းထင်းတွေကို ပျောက်စေတဲ့ အာနိသင်ရှိပါတယ်။ ရှောက်ရည်ကို ပလုတ်ကျင်းပြီး ရှောက်ခွံ နဲ့ သွားတွေကို ပွတ်တိုက်ပေးတာက သွား ဖြူစေတဲ့ အကြောင်းတစ်ရပ်ပါ။ ရှောက် ရည်ထဲကို ဆားအနည်းငယ်ထည့်ပြီး အ သုံးပြုနိုင်ပါတယ်။ ခဏအကြာမှာတော့ ရေသန့်နဲ့ ပလုတ်ကျင်းပေးပါ။ တစ်နေ့ နှစ်ကြိမ်နဲ့ နှစ်ပတ်လောက်ပြုလုပ်နိုင်ပါ တယ်။

(၄) ပန်းသီး
ပန်းသီးတစ်လုံးကို ဓားနဲ့မလှီး၊ မ စိတ်ဘဲ ကိုက်စားတာက သွားတိုက်သလို ပဲ အစွမ်းထက်စေပါတယ်။ ဝါနေတဲ့သွား တွေကို ဖြူစေဖို့ တစ်နေ့ကို ပန်းသီး ၁-၂ လုံးစားပါ။ ပန်းသီးမှာ အက်စစ်နဲ့ အ မျှင်ဓာတ်ပါဝင်ပြီး သွားမှာရှိတဲ့ အစွန်း ထင်းတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ မုန် လာဥနီ၊ သခွားသီးတွေကလည်း ပန်းသီး လိုပဲ အစိမ်းလိုက်ကိုက်စားပါက သွားမှာ ရှိတဲ့ အစွန်းအထင်းတွေကို ဖယ်ရှားနိုင်ပါ တယ်။

(၅) ပင်စိမ်း
ပင်စိမ်းရွက်မှာ သွားဖြူစေတဲ့ အာနိ သင်ရှိပါတယ်။ ပင်စိမ်းရွက်က သွားနဲ့ သွားဖုံးရောဂါတွေ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။ ပင်စိမ်းရွက်ကို နေ ခြောက်လှန်းပြီး အမှုန့်ဖြစ်အောင်လုပ်ပါ။ သွားတိုက်တဲ့အခါ အဲဒီအမှုန့်ကို ထည့်ပြီး တိုက်ပါ။ မုန်ညင်းဆီနဲ့ ရောပြီး သွားသန့် ရှင်းရေးပြုလုပ်ရာမှာလည်း အသုံးပြုနိုင် ပါတယ်။

(၆) တမာ
သွားတွေ ခိုင်မာပြီး ဖြူဖွေးစေဖို့ တ မာကို အသုံးပြုနိုင်ပါတယ်။ တမာရိုးကို သွားတိုက်ရာမှာ အသုံးပြုနိုင်ပါတယ်။ တမာရိုးကို ဝါးပေးပါက သွားတွေကို ဖြူ ဖွေးစေပါတယ်။ တမာမှာ ပိုးသတ်အာနိ သင်လည်း ရှိတာကြောင့် တမာနဲ့ပြုလုပ် ထားတဲ့ သွားတိုက်ဆေးတွေ အသုံးပြုပါ က ခံတွင်းနံ့ကင်းပြီး သွားနဲ့သွားဖုံးရောဂါ တွေကနေ ကင်းဝေးစေပါတယ်။

(၇) ဆား
ဆားက သွားနဲ့ခံတွင်းကို သန့်စင် စေတဲ့ အခြေခံကျတဲ့အရာတစ်ခုပါ။ အ ရင်တစ်ချိန်က သွားတိုက်ဆေးအစား ဆားကို အသုံးပြုခဲ့ကြပါတယ်။ ဆားကို အသုံးပြုပြီး သွားတိုက်တဲ့အခါ သွားကြွေ လွှာတွေကို ပျက်စီးနိုင်တာကြောင့် ညင် သာစွာပွတ်တိုက်ဖို့တော့ လိုပါတယ်။

(၈) မီးသွေး
သွားဝါနေတာတွေ ဖြူဖွေးဖို့အ တွက် မီးသွေးကိုလည်း အသုံးပြုနိုင်ပါ တယ်။ မီးသွေးကို အသုံးပြုပြီး သွားတိုက် တဲ့အခါ ဆားကို အသုံးပြုသလိုမျိုးပဲ ညင်သာစွာ ပွတ်တိုက်ဖို့တော့ လိုပါတယ်။ သွားဝါတာ ဆိုးရွားရင်တော့ တစ်နေ့ နှစ်ကြိမ် တိုက်ပေးသင့်ပါတယ်။

(၉) လိမ္မော်ခွံ
လတ်ဆတ်တဲ့လိမ္မော်သီးကနေ ရယူ ထားတဲ့ လိမ္မော်ခွံက သွားတွေဝါတာကို လျော့နည်းစေပါတယ်။ ညအိပ်ရာမဝင် ခင်မှာ လိမ္မော်ခွံကို အသုံးပြုပြီး သွား တိုက်ပေးပါ။ လိမ္မော်ခွံမှာ ဗီတာမင်စီနဲ့ ကယ်လ်စီယမ်တွေပါဝင်ပြီး သွားနဲ့ခံတွင်း မှာရှိတဲ့ ပိုးမွှားတွေကို ဖယ်ရှားရှင်းလင်း နိုင်ပါတယ်။ လိမ္မော်ခွံ လတ်လတ်ဆတ် ဆတ်ကို မရရှိနိုင်ရင် လိမ္မော်ခွံခြောက်ကို လည်း အသုံးပြုနိုင်ပါတယ်။

(၁၀) ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်
ကြေးချွတ်အာနိသင်ရှိတဲ့ ဟိုက်ဒရို ဂျင်ပါအောက်ဆိုဒ်က သွားတွေဝါတာ ကိုလည်း လျော့စေတဲ့ အာနိသင်ရှိပါ တယ်။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ကို ပလုတ်ကျင်းရည်အဖြစ် အသုံးပြုနိုင်ပါ တယ်။ ဆိုဒါမှုန့်နှင့်ရောပြီး သွားတိုက် ဆေးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ကို သွားဖြူစေ ဖို့ အသုံးပြုမယ်ဆိုရင် သွားဖုံးနဲ့ သွားတွေ ကိုထိခိုက်မှုဖြစ်စေတာကြောင့် အထူးသ တိထားပြီး အသုံးပြုသင့်ပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal