သင်္ကြန်ဖက်ရှင်

ဖက်ရှင်လောကမှာတော့ သင်ဝတ်ထားတာကို လူတွေသတိထားမိစေချင်တဲ့ အချက်က ဒီဖက်ရှင် တစ်ခုအတွက် သင်ဘယ်လောက်အချိန်ယူပြီး ပြင်ဆင်ခဲ့ရလဲဆိုတာကို ချပြချင်တဲ့ အဓိပ္ပာယ်ပါ။ ပြီးပြီး ရော ထသွား၊ လာသွား တွေ့ရာဆွဲဝတ်တာနဲ့ သေချာကြိုတင်ပြင်ဆင်ပြီး ဝတ်ဆင်တာနဲ့က ကွာကို ကွာ ပါတယ်။ လူအများကြားထဲမှာ ထင်ပေါ်ချင်ရုံသက်သက်မဟုတ်ပါဘူး၊ ဖက်ရှင်ကျကျဝတ်ဆင်ရတာကို နှစ်သက်သူတွေကတော့ ဘယ်သွားသွားဖြစ်ကတတ်ဆန်းဝတ်လေ့မရှိဘဲ ကြိုတင်ပြင်ဆင်လေ့ရှိပါတယ်။

ဒီတစ်ပတ်မှာတော့ သင်္ကြန်လည်း နီးလာ ပြီဖြစ်တဲ့အတွက် ဘယ်လိုဖက်ရှင် ဝတ်ရင် ကောင်းမလဲစဉ်းစားနေတဲ့လူငယ်တွေအတွက် Idea လေးရအောင် ရေးပေးလိုက်ပါတယ်။

Fashion Tips

_ သင်ဝတ်ဆင်မယ့် ဖက်ရှင်တစ်ခု ပေါ်လွင် နေဖို့ဆိုရင် အရောင်စပ်တာက အဓိကပါ။ ဒီ အတွက် နယူတန်တီထွင်ခဲ့တဲ့ ကာလာစက် ဝိုင်း (Color Wheel)ကို အသုံးပြုပါ။

_ ဘယ်လို အင်္ကျီပုံစံမျိုးဝတ်ဖို့ကို အရင်စဉ်း စားပါ။ သင့်အသားအရောင်ကို ဆောင်တဲ့ အ ရောင်တောက်တောက်လေးတွေကို ဦးစားပေး ရွေးချယ်ပါ။

_ အရောင်တစ်ရောင်တည်းကို အပေါ် အောက်ဝတ်ဆင်တာက သင့်တစ်ကိုယ်လုံးကို အာရုံရောက်စေပါတယ်။ အရောင်တစ်ရောင် တည်းကို အနုအရင့်ဝတ်မယ်ဆိုရင် အရောင်နု ကို အရင်ဆုံးသတိထားမိမှာ ဖြစ်တာကြောင့် ပိုပြီး သတိထားမိစေချင်တဲ့ နေရာကို အရောင် နုဝတ်ဆင်ပါ။

_ Color Wheel ကို အသုံးပြုပြီး စက်ဝိုင်း ပေါ်က အရောင်တစ်ရောင်စီရဲ့ဆန့်ကျင်ဘက် မှာရှိတဲ့ အရောင်နဲ့ တွဲဖက်ဝတ်ဆင်ပါ။ သင် အဓိက ပေါ်လွင်ချင်တဲ့ အရောင်ကို ၇၅ ရာခိုင် နှုန်းလောက် ဝတ်ပြီး နောက်တစ်ရောင်ကို
၂၅ ရာခိုင်နှုန်းပဲ ဝတ်ဆင်ပါ။ ဒီဆန့်ကျင်
ဘက် အရောင်နှစ်ခုကို ရာခိုင်နှုန်း အတူတူ ဝတ်ဆင်မယ်ဆိုရင် အားကစားဝတ်စုံတွေနဲ့ သွားတူနေပါလိမ့်မယ်။

_ အပွင့်၊ အခက်တွေပါတဲ့ Tropical and Flowery Prints အဆင်တွေက သင်္ကြန်ဖက် ရှင် Trend တစ်မျိုးဖြစ်ပါတယ်။ နွေရာသီဖက် ရှင်အတွက် မရှိမဖြစ် ဇာတ်ကောင်တစ်မျိုးလို ပါပဲ။ ဒါကြောင့် ဒီအပွင့်၊ အခက်အဆင်တွေကို လည်း သင်္ကြန်မှာ ဝတ်ဆင်ရင် ဖက်ရှင်ကျနေ မှာပါ။

_ သင်္ကြန်မှာ အပြင်ထွက်လျှောက်လည်ဖို့ ဆိုရင် စကတ်အတိုက လွတ်လွတ်လပ်လပ် မရှိပါဘူး၊ အတိုဝတ်ချင်ရင် ဘောင်းဘီအတို ဝတ်ပါ။ နေလောင်မှာကိုတော့ ဂရုစိုက်ပါ။

_ ဂျင်းဘောင်းဘီအရှည်တွေဝတ်ရင် Ski­nny Jeans လို ပါးတဲ့အသားကို ရွေးဝတ်ပါ။ အရမ်းထူတဲ့ ဂျင်းဘောင်းဘီက ရေစိုရင် အရမ်းလေးလာပါလိမ့်မယ်။

_ သင်္ကြန်တွင်းမှာ အဝတ်တွေကရေစိုလိုက်၊ ခြောက်လိုက်ဖြစ်မှာမို့ အအေးမပတ်အောင် အနွေးထည်၊ ဂျာကင်တစ်ခုခုကိုလည်း ယူ သွားပါ။ ရေစိုပြီးရင် အခြောက်မြန် မယ့် အင်္ကျီအသားမျိုးဖြစ်ရင် ပိုကောင်းပါတယ်။

_ တစ်နေကုန် သက်သောင့်သက်သာရှိတဲ့ အဝတ်အစားတွေဖြစ်ဖို့လည်း အကြံပေးချင် တာကတော့ အားကစား ဖက်ရှင်ပါ။ သူက ချွေးတွေအင်္ကျီထဲမှာ ပိတ်မနေစေဘဲ အပူ သက်သာစေပါတယ်။

_ နေရောင်အောက်မှာ အကြာကြီး အချိန် ဖြုန်းနိုင်တဲ့အတွက် ဦးထုပ်ဆောင်းပါ။
နေကာမျက်မှန်လည်း ဆောင်သွားပါ။

_ ရေစိုခံအိတ်ကိုလည်း ကြိုဝယ်ထားပါ၊ အိတ်ရဲ့ကြိုးက အလွယ်တကူမပြတ်သွားစေ ဖို့ လိုပါတယ်။

_ ဖိနပ်ရွေးချယ်တဲ့အခါ ရေစိုခံဖို့ကို ပထမ ဦးစားပေးရွေးပါ။ ရေနူးလာတဲ့အခါ ခြေ ထောက်အရေပြားက အရမ်းနုနေမှာဖြစ်ပါ တယ်။ ဒါကြောင့် ခြေထောက်မှာ ဒဏ်ရာမရ စေဘဲ သက်သောင့်သက်သာဖြစ်မယ့် ဖိနပ်မျိုး ဖြစ်ဖို့လိုပါတယ်။ နောက်ပြီး ကြာကြာစီးနိုင်မယ့် ဖိနပ်ပုံစံမျိုး ရွေးချယ်ပါ။

Darliko

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *