သင်္ကြန်မှာ ဘေးမဖြစ်စေဖို့

သင်္ကြန်ပွဲတော်မှာ အတော်များများကတော့ ပျော်ဖို့၊ မြူး ဖို့ကို အဓိကအာရုံရောက်နေမှာပါ။ ပျော်တာလည်းပျော်ပေါ့၊ ကိုယ့်အန္တရာယ်ဖြစ်စေနိုင်တာကိုလည်း ပေါ့လို့မဖြစ်ပါဘူး။ သတိလက်လွတ်မိတဲ့အချိန်ဆိုတာ အခွင့်အရေးချောင်းနေတဲ့ သူတွေအတွက်ဖြစ်သွားနိုင်ပါတယ်။ အဓိကကတော့ သင်္ကြန်မှာ အပြင်ထွက်လည်မယ့် လူငယ်တွေကို မှာချင်ပါတယ်။

မြန်မာမှုထိန်းသိမ်းပါ
မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ဆိုတာဟာ ခုခေတ်လူ ငယ်တွေနဲ့ အလှမ်းဝေးနေတာကြာပါပြီ။ ရိုးရာအစဉ်အလာ မပျက်အောင် သင်္ကြန်ဆိုတာဘာလဲ၊ ဘာတွေလုပ်တာလဲ၊ သင်္ကြန်မုန့်တွေ၊ သင်္ကြန်အကတွေကို ရိုးရာနဲ့အညီကျင်းပတဲ့ ပွဲတော်တွေရှိနေသေးလို့ ရိုးရာသင်္ကြန်ရဲ့ အငွေ့အသက်တွေ ခံစားနိုင်တာပါ။ မြန်မာမှုနဲ့ ရိုးရာအတာသင်္ကြန်ကို ထိန်းသိမ်း စေချင်ပါတယ်။

အရက်သေစာရှောင်ပါ
ပွဲတော်အကြောင်းပြုပြီး သောက်စားမူးယစ်နေသူတွေက လည်း လူငယ်၊ လူလတ်၊ လူကြီးတွေမှာပါတွေ့ရပါတယ်။ သင်္ကြန် ပွဲတော်ဆိုတာ သာမန်နေ့တွေမှာထက် လူပိုစည်ကားပြီး လူ ပေါင်းစုံကိုတွေ့ရမြင်ရမှာပါ။ အရက်မူးနေသူတွေ ရှိသလို၊ သူ ခိုး၊ ခါးပိုက်နှိုက်တွေကလည်း နေရာတိုင်းမှာ ရှိနေနိုင်ပါတယ်။ ကိုယ့်မှာ သတိရှိနေမှ ကြိုမမြင်နိုင်တဲ့ အန္တရာယ်တွေကို ကာ ကွယ်နိုင်မှာဖြစ်ပါတယ်။

သတိနဲ့စားပါ . . .
သင်္ကြန်တွင်းမှာ သတိထားရမယ့် စားစရာတွေကတော့ လမ်းဘေးစာတွေပါ။ ရာသီဥတုက ပူနွေးပြီးစိုစွတ်တာမို့လို့ ပိုးမွှားတွေ အလွယ်တကူ ပေါက်ဖွားနိုင်ပါတယ်။

အဖိုးတန်တွေ အိမ်မှာထားခဲ့ပါ
သင်္ကြန်မှာအပြင်ထွက်ပြီး ရေကစားမယ်ဆိုရင် တန်ဖိုးကြီး တဲ့ ပစ္စည်းတွေ၊ လက်ဝတ်လက်စားတွေ ယူသွားတာ၊ ဝတ် ဆင်သွားတာရှောင်ပါ။ သင့်အတွက် အန္တရာယ်များနိုင်သလို သတိလက်လွတ်ပြီး ကျပျောက်သွားနိုင်ပါတယ်။ အေးအေး ဆေးဆေးလွတ်လွတ်လပ်လပ် ပျော်နိုင်အောင် အဖိုးတန်ပစ္စည်း တွေ အိမ်မှာပဲထားခဲ့ပါ။

အပူမရှပ်အောင် ဂရုစိုက်ပါ
သင်္ကြန်မှာ ကလေးငယ်တွေကလည်း လမ်းမှာတွေ့တဲ့ သူတွေ ရေထွက်ပက်ပြီး ကစားကြတာကို ပျော်ကြပါတယ်။ ကလေးတွေကတော့ ပျော်တာပဲ သိမှာဖြစ်ပြီး နောက်ဆက်တွဲ အပူရှပ်ပြီး ဖျားတာ၊ နာတာမဖြစ်အောင် လူကြီးတွေက ဂရု စိုက်ပေးပါ။ နေအေးတဲ့အချိန် မနက်စောစောနဲ့ ညနေပိုင်း တွေမှာပဲ ရေကစားခွင့်ပေးပါ။ နေပြင်းတဲ့အချိန်တွေဆို အိမ်ထဲ မှာ အနားယူခိုင်းပါ။ ဓာတ်ဆားရည်တိုက်ပါ။

ရေဓာတ်ပြည့်ဝအောင်နေပါ
သင်္ကြန်အပြင်ထွက်လည်မယ့်သူတွေအနေနဲ့လည်း အပျော် လွန်နေပြီး ရေသောက်ဖို့ မေ့နိုင်ပါတယ်။ နွေကပူတာရယ်၊ ချွေး ထွက်များတာကြောင့် ရေဓာတ်ဆုံးရှုံးနိုင်ပါတယ်။ ဒီအတွက် ရေခဏခဏသောက်ပေးဖို့၊ လိုအပ်ရင် ဓာတ်ဆားရည်၊ အား ကစားအချိုရည်သောက်ဖို့ မမေ့ပါနဲ့။

Darliko

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *