သင်္ကြန်အတွက် သဘာဝအစိုဓာတ်ထိန်းခရင်မ်ပြုလုပ်နည်း

ရှေးလူကြီးသူမတွေက သင်္ကြန်ရေကြောင့် မဖျားနာနိုင်ဘူးလို့ ပြောခဲ့ဖူးပါတယ်။ ဟုတ်ပါတယ်။ ဒါပေမဲ့လည်း သင်္ကြန်ရေပက်ခံထွက်တဲ့အခါ ရေနဲ့ထိတွေ့လို့ ပွရောင်း ရောင်းဖြစ်နေတဲ့အသားအရေပေါ် ခရမ်းလွန်ရောင်ခြည်ကျရောက်တဲ့အခါ အသားအရေ ပျက်စီးတာ၊ နေလောင်ဒဏ်ရာအညိုအမည်း စွဲတာ၊ နီရဲယားယံတာ၊ အိမ်အပြန်ကိုယ့်အသားအရေကိုကြည့်မိရင် အသားအရေမှာ မှိုတက်နေသလိုမျိုး အဖြူကွက်တွေဖြစ်နေ တာမျိုးတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် သင်္ကြန်ထွက်မလည်ခင်မှာလိမ်းဖို့ သဘာဝအစို ဓာတ်ထိန်းခရင်မ်ပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါရစေ။

လိုအပ်တာတွေက
– Shea Butter ခွက်တစ်ဝက်စာ (လေးအောင်စ)
– Jojoba Oil ထမင်းစားဇွန်း နှစ်ဇွန်းစာ
– Lavender Essential Oil ၁၀ စက်ခန့်
– Rosemary Essential Oil ၅ စက်ခန့်
– Carrot Seed Essential Oil ၃ စက်ခန့်
– Tea Tree Essential Oil ၃ စက်ခန့်

ပြုလုပ်နည်း

– ရေထည့်ထားတဲ့ အပူခံပန်းကန်လုံးကို Oven ထဲမှာ Medium-low-heat နဲ့ အပူပေးပါ။
– အဲဒီပန်းကန်လုံးထဲကို Shea Butter ထည့်ထားတဲ့ ပန်းကန်လုံးထည့်ကာ အရည်ပျော်အောင် ပြုလုပ်ပါ။
– အဲဒီထဲကို Jojoba Oil ထမင်းစားဇွန်းနှစ်ဇွန်းစာ ပေါင်းထည့်ပါ။
– အရည်ပျော်နေတုန်းမှာ သေချာသမအောင် မွှေပြီးသွားရင် တခြားပန်းကန်လုံးတစ်လုံးထဲကို ပြောင်းထည့်ကာ ရေခဲ သေတ္တာအခဲခန်းထဲမှာ ၁၅-၂၀ မိနစ်ခန့် ထားပါ။
– အဲဒီနောက် ပန်းကန်လုံးကို ထုတ်ပြီး အဲဒီထဲကို Lavender Essential Oil ၁၀ စက်ခန့်၊ Rosemary Essential Oil ၅ စက်ခန့်၊ Carrot Seed Essential Oil ၃ စက်ခန့်၊ Tea Tree Essential Oilငူ ၃ စက်ခန့်ထည့်ကာ မွှေတံနဲ့ စက္ကန့်အနည်းငယ် ခန့် ဖြည်းဖြည်းချင်း သေချာမွှေပါ။ အရမ်းမမွှေပါနဲ့။
– အားလုံးပြီးစီးသွားပြီဆိုရင် ဖန်ပုလင်းတစ်ခုထဲထည့်ကာ အခန်းတွင်း အပူချိန်မှာ သိမ်းဆည်းပါ။

အသုံးပြုပုံ

– သင်္ကြန်ထွက်မလည်ခင် နာရီဝက်အလိုမှာ နေရောင်ထိ နိုင်တဲ့နေရာတွေပေါ် အဲဒီအစိုဓာတ်ထိန်းခရင်မ်ကို လိမ်းပါ။
– သင်္ကြန်လည်နေရင်း နောက်ထပ် နှစ်နာရီခြားတစ်ခါ ထပ် လိမ်းပါ။ မမေ့ပါနဲ့။
– အိမ်ပြန်ရောက်လို့ ရေချိုးပြီးချိန်မှာ တစ်ကိုယ်လုံးလိမ်းကာ အိပ်စက်ပါ။

ဆူးမြာ

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *